မက်ဂရီဂေါ်နဲ့ပွဲမှာ အထိနာခဲ့တဲ့ ဆီရိုနီကို UFC က ရက်(၁၈၀) ဆိုင်းငံ့

hotsports032220.jpg

မက်ဂရီဂေါ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့တဲ့ ဒေါ်နယ်ဆီရိုနီ(ကောင်းဘွိုင်)ဟာ UFC ပြိုင်ပွဲကနေ ရက်(၁၈၀)ကြာ ဆိုင်းငံ့ခံရဖွယ် ရှိနေတယ်လို့ ဒေးလီးမေးလ်သတင်းစာက ဖော်ပြပါတယ်။ အဲဒီပွဲမှာ မက်ဂရီဂေါ်က (၃၇)စက္ကန့်နဲ့ ဒိုင်ပွဲရပ်အနိုင်ရခဲ့ပြီး ဆီရိုနီကတော့ ထိချက်ပြင်းခဲ့ပါတယ်။

ဆီရိုနီအနေနဲ့ ရက်ပေါင်း(၁၈၀) ဒါမှမဟုတ် နှာခေါင်းရိုးကျိုးတာ၊ မျက်ခုံးရိုးကျိုးတာတွေ ပျောက်ကင်းပြီလို့ ဆရာဝန်က အတည်ပြုချက်မပေးမချင်း ပွဲထိုးခွင့် ဆိုင်းငံ့ခံရမှာပါ။ ဒါ့အပြင် ဆီရိုနီအနေနဲ့ အဆက်အသွယ်လုပ်ခွင့် ၂၁ ရက်ကြာ ဆိုင်းငံ့ခံခဲ့ရပါတယ်။ မက်ဂရီဂေါ်ကတော့ မေဝယ်သာ၊ ခါဘီနာမာဂိုမီဒေါ့ဗ်တို့နဲ့ စိတ်မကျေပွဲ ပြန်ထိုးဖို့ သတင်းထွက်နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top