၃ နှစ်အတွင်း ပထမဆုံးဆုဖလားရရှိခဲ့တဲ့ ဆရီနာဝီလျံက ဆုကြေးငွေကို သြစတြေးလျမီးဘေးအတွက် လှူဒါန်း

yyl-007-6.jpg

အသက်(၃၈)နှစ်ရှိတဲ့ အမေရိကန်တင်းနစ်မယ် ဆရီနာဝီလျံကတော့ (၃)နှစ်ဆက်တိုက် ဖလားလက်မဲ့ဖြစ်မှုကို ASB Classic ပြိုင်ပွဲမှာ အဆုံးသတ်နိုင်ခဲ့ပါတယ်။ နယူးဇီလန်နိုင်ငံ အုတ်ကလန်မြို့မှာ ကျင်းပခဲ့တဲ့ ASB Classic ပြိုင်ပွဲမှာ ဆရီနာဝီလျံက အမေရိကန်တင်းနစ်မယ် ပီဂူလာကို ၆-၃၊ ၆-၄ နဲ့ (၂)ပွဲပြတ် အနိုင်ယူပြီး ဆုဖလားဆွတ်ခူးခဲ့တာပါ။ ဆရီနာဝီလျံရဲ့ ဗိုလ်လုပွဲကို ၂ နှစ်အရွယ်သမီးဖြစ်သူ အိုလံပီယာလည်း လာရောက်ကြည့်ရှုခဲ့ပါတယ်။

ဆရီနာဝီလျံဟာ ကလေးမွေးပြီးနောက်ပိုင်း ပထမဆုံး ဆုဖလား ဆွတ်ခူးနိုင်တာဖြစ်ပါတယ်။ ASB Classic ဆုဖလားဟာ ဆရီနာဝီလျံရဲ့ ကစားသမားဘဝတစ်လျှောက်မှာ ၇၃ လုံးမြောက် ဆုဖလားဖြစ်လာခဲ့ပါတယ်။ ဒီပြိုင်ပွဲကနေ ရရှိလာတဲ့ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၄၃၀၀၀ ကို တောမီးလောင်ကျွမ်းမှု အကြီးအကျယ်ရင်ဆိုင်နေရတဲ့ သြစတြေးလျနိုင်ငံအတွက် လှူဒါန်းသွားမယ်လို့ ဆရီနာဝီလျံက ကြေညာခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top