လာမယ့်သြစတြေးလျအိုးပင်းမှာ ပါဝင်ဖို့ မသေချာဘူးလို့ ရှာရာပိုဗာ ပြော

yyl-047-3.jpg

သြစတြေးလျအိုးပင်း ပထမအဆင့်မှာ နိုင်ခြေအဆင့်(၁၉)သတ်မှတ်ခံရတဲ့ ခရိုအေးရှား တင်းနစ်မယ် ဒွန်နာဗီကစ်ကို ရှုံးနိမ့်ခဲ့တဲ့ ရုရှားတင်းနစ်မယ် ရှာရာပိုဗာက လာမယ့်နှစ်တွေမှာ သြစတြေးလျအိုးပင်းပြိုင်ပွဲ ဆင်နွှဲဖို့ မသေချာဘူးလို့ ဆိုပါတယ်။ ရှာရာပိုဗာဟာ ပခုံးဒဏ်ရာကြောင့် ပြီးခဲ့တဲ့နှစ်က ပြိုင်ပွဲနည်းနည်းပဲ ကစားနိုင်ခဲ့ပြီး ကမ္ဘာ့အဆင့်(၃၆၆)အထိ ကျဆင်းသွားခဲ့ပါတယ်။

၂၀၀၈ ခုနှစ် သြစတြေးလျအိုးပင်းပြိုင်ပွဲ ဗိုလ်စွဲခဲ့ဖူးတဲ့ ရှာရာပိုဗာဟာ ဒွန်နာဗီကစ်နဲ့ပွဲမှာ (၆-၃)၊ (၆-၄)နဲ့ (၂)ပွဲပြတ် ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီပွဲအပြီး သတင်းထောက်တစ်ယောက်က လာမယ့်နှစ် သြစတြေးလျအိုးပင်းပြိုင်ပွဲ ဝင်ပြိုင်ဖို့ ရှိသလားလို့ မေးရာမှာ ရှာရာပိုဗာက “ကျွန်မ မသိပါဘူး’’လို့ ဖြေဆိုခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top