အစာစားပြီးနောက် ဘာလို့ နေထိုင်မကောင်းသလို ခံစားနေရပါလိမ့်

yyl-23-020.jpg

အစားစာတွေက တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်ဖို့အတွက် စွမ်းအင်တွေကို ထောက်ပံ့ပေးနေတာပါ။ ကျွန်တော်တို့ခန္ဓာကိုယ်က ကယ်လိုရီဖြည့်စွက်စာနဲ့ အာဟာရဓာတ်တွေ လိုအပ်ကြပါတယ်။ ဒါကြောင့် ကျွန်တော်ခန္ဓာကိုယ်ကို ကျန်းမာရေးနဲ့ ညီညွှတ်အောင်ထားဖို့အတွက် သန်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝတဲ့အစားအစာတွေကို စားဖို့အရေးကြီးပါတယ်။ ဒါပေမဲ့ အာဟာဓာတ်ပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာကို စားတာတောင် နေလို့မကောင်းဖြစ်ရတဲ့နေ့တွေရှိပါတယ်။ အဲဒီလိုဖြစ်ရတာက သင့်ခန္ဓာကိုယ်မှာ တစ်ခုခုဖြစ်နေတဲ့အတွက် ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် အစာစားပြီးတဲ့နောက်မှာ နေလို့မကောင်းဖြစ်ရတဲ့ အံ့သြစရာအကြောင်းအရင်းတွေကို မျှဝေပေးလိုက်ရပါတယ်။

စိတ်ဖိစီးမှု

ဒီအချက်ကို ကျွန်တော်တို့ သိမြင်မိကြမှာမဟုတ်ပါဘူး။ ဒါပေမဲ့ စိတ်ဖိစီးမှုက အစာစားပြီးနောက်မှာ သင့်ကို ခံစားရစေနိုင်ပါတယ်။ စိတ်ဖိစီးမှုက သင့်ရဲ့အစာခြေစနစ်လုပ်ဆောင်ချက်တွေကို ကောင်းကောင်းသက်ရောက်မှုရှိပါတယ်။ သင်စိတ်ဖိစီးနေတဲ့အခါ သင့်ခန္ဓာကိုယ်က လုပ်ဆောင်နိုင်စွမ်းမရှိတော့ပါဘူး။ ဒါက သင့်နှလုံးခုန်နှုန်းကို တိုးလာစေပြီး ကြွက်သားတွေက မာဆတ်ဆတ်ဖြစ်လာစေပါတယ်။ အူရောင်ခြင်း၊ အချဉ်ပေါက်တာတွေလည်းဖြစ်လာနိုင်ပါတယ်။

ဝမ်းဖောဝမ်းယောင်ခြင်း

ဝမ်းဖောဝမ်းယောင်ခြင်းက အစာစားပြီးနောက် နေလို့မကောင်းဖြစ်ရခြင်းရဲ့အခြားအကြောင်းအရင်းတစ်ခုပါ။ ဝမ်းဖောဝမ်းယောင်ခြင်းက မအီမသာဖြစ်တာ၊ အော့အန်တာ၊ မူးဝေတာတွေကဲ့သို့ လက္ခဏာရပ်တွေပြပါတယ်။ ဒါက ကူးစက်တတ်တဲ့ရောဂါဖြစ်ပါတယ်။ ဒီပြဿနာကို ခံစားနေတဲ့သူနဲ့ နီးနီးကပ်ကပ်နေရင်၊ အစားအစာနဲ့ ရေအတူတူသောက်ရင် သင်လည်းကူးစက်နိုင်ပါတယ်။

အစာကို သေချာဝါးမစားတဲ့အခါ

အစာကို သေချာဝါးမစားဘဲ အလျင်စလိုမျိုချမယ်ဆိုရင် အစာခြေစနစ်နဲ့ဆိုင်တဲ့ပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်။ ကျွန်တော်တို့ အစာတစ်လုတ်မစားခင်မှာတောင် တံတွေးဂလန်းက အင်ဇိုင်းဓာတ်ကို ထုတ်ပေးပါတယ်။ ကျွန်တော်တို့ အစာကိုဝါးစားတဲ့အခါ တံတွေးက အဲဒါကို နူးညံ့သွားစေပါတယ်။ ဒါကြောင့် အစာအိမ်ကို ရောက်သွားတဲ့အခါ လွယ်လွယ်ကူကူချေဖျက်သွားပါတယ်။ သင်က အစာကို သေချာဝါးမစားရင် အစာခြေစနစ်က အစောချေဖျက်ဖို့အတွက် တော်တော်လေးလုပ်ဆောင်ရမှာဖြစ်တာကြောင့် ဗိုက်ပြည့်အင်တာတွေဖြစ်လာနိုင်ပါတယ်။

အစားအစာနဲ့ ဓာတ်မတည့်ခြင်း

အစာစားပြီးနောက် နေထိုင်မကောင်းသလို၊ အစာအိမ်နာသလိုခံစားရရင် အစာနဲ့ဓာတ်မတည့်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။ အစာနဲ့ဓာတ်မတည့်ခြင်းက သင့်ကို ဗိုက်ပြည့်အင်နေသလို၊ လေချင်တတ်ချင်သလိုဖြစ်စေနိုင်ပါတယ်။ အဲဒီဖြစ်တဲ့အခါတိုင်း သင်စားခဲ့တဲ့အစားအစာကို မှတ်ထားပါ။ အစာနဲ့ဓာတ်မတည့်တာဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ကြည့်သင့်ပါတယ်။

Ref: 4 surprising reasons you don’t feel good after eating your food
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top