နယူးဂျာဇီပြည်နယ်ကျောင်းက ချမှတ်ထားတဲ့ စည်းမျဉ်းကြောင့် ကျောင်းသားမိဘတွေရဲ့ အပြစ်တင်ဝေဖန်မှုကို ရရှိနေ

yyl-23-023.jpg

နယူးဂျာဇီပြည်နယ်က ကျောင်းတစ်ကျောင်းက နေ့လည်စာကြေးမပေးတဲ့ ကျောင်းသား/သူတွေကို စည်းမျဉ်းတစ်ခု ချမှတ်ထားတယ်လို့သိရပါတယ်။ အဲဒါကတော့ နေလည်စာကြေးမပေးတဲ့ကျောင်းသူ၊ကျောင်းသားတွေကို ကျောင်းပြင်ပလှုပ်ရှားမှုတွေမှာ မပါဝင်ရဆိုပြီး တားမြစ်ခဲ့တာပါ။Cherry Hill ကျောင်းက နေ့လည်စာကြေး ဒေါ်လာ (၇၅) အကြေးတင်နေတဲ့ အထက်တန်းကျောင်းသား၊ သူတွေကို ကျောင်းကပွဲလက်မှတ်ဝယ်ယူတာ၊ ကျောင်းခရီးစဉ်လိုက်တာတွေအပါအဝင် ကျောင်းပြပလှုပ်ရှားမှုတွေမှာ ပါဝင်ခြင်းကနေ တားမြစ်ထားတဲ့ ကျောင်းစည်းမျဉ်းကို ချမှတ်ဖို့ ခွင့်ပြုချက်ရရှိပြီးသားဖြစ်ပါတယ်။

နေ့လည်ကြေး ဒေါ်လာ (၇၅) အကြွေးတင်နေတဲ့ အလယ်တန်းကျောင်းသူ၊ သားတွေကလည်း အထက်တန်းကျောင်းသားတွေလိုပဲ တူညီတဲ့အပြစ်ဒဏ်ကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ကျောင်းဘုတ်အဖွဲ့အစည်းအဝေးမှာ အတည်ပြုခဲ့တဲ့ ဒီစည်းမျဉ်းဟာ မိဘတွေနဲ့ ကျောင်းသား၊သူတွေဆီကနေ မြန်မြန်ဆန်ဆန်ပဲ အပြစ်တင်ဝေဖန်မှုတွေရရှိခဲ့ပါတယ်။ အဲဒါကြောင့် ကျောင်းဝက်ဆိုက်မှာ ဒီစည်းမျဉ်းကို ပြစ်တင်ဝေဖန်နေတဲ့ ကျောင်းသား၊ ကျောင်းသူ၊ မိဘတွေကို ပြဖို့အတွက် ဘုတ်အဖွဲ့အစည်းအဝေးဗီဒီယိုကို တင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့စာသင်နှစ်က နယူးဂျာဇီပြည်နယ်ကျောင်းက ကျောင်းသား (၃၀၀) ကျော်ဆီကနေ နေ့လည်စာကြေး ဒေါ်လာ ၁၄၃၄၃ မရရှိခဲ့ဘူးလို့သိရပါတယ်။ ဘုတ်အဖွဲ့မှာ ပါဝင်တဲ့ကျောင်းကြီးကြပ်ရေးမှူး ဒေါက်တာ ဂျိုဆက် မယ်လိုချီ ( Dr Joseph Meloche) က ကျောင်းစည်းမျဉ်းကို ပြစ်တင်ဝေဖန်နေတဲ့သူတွေကို ဒီစည်းမျဉ်းမှာ နေ့လည်စာကြေးအကြွေးတင်နေတဲ့ ကျောင်းသား/သူတွေကို နေ့လည်စာမကျွေးတဲ့ဥပဒေတော့ မပါဝင်ပါဘူးလို့ ထောက်ပြထားပါတယ်။

Ref: New Jersey school district bans students with lunch debt from participating in extracurricular activities

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top