ကမ္ဘာပေါ်တွင် ရှေးအကျဆုံးသော လူမျိုးစုများ

yyl-23-012.jpg

ကမ္ဘာပေါ်တွင် ရှေးအကျဆုံးသော လူသားမျိုးနွယ်များ လွန်ခဲ့သော နှစ်ပေါင်း နှစ်သန်းလောက်ထဲကပင် နေထိုင်ကြသည်ဟု မှတ်တမ်းများတွင် တွေ့ရှိရသည်။ အစောပိုင်းခေတ် လူသားမျိုးနွယ်စု များသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀,၀၀ ခန့်ကပင် အာဖရိကတိုက်တွင် စတင် အခြေချနေထိုင်ခဲ့ကြကြောင်းကို အထောက်အထားများတွင်တွေ့ရသည်။ အစောပိုင်းခေတ် လူသားမျိုးနွယ်စု များပေါ်ပေါက် လာခဲ့ပြီး နှစ်ပေါင်း ထောင်ကျော်လာသောအခါ လူသားမျိုးနွယ်စုများဟာ အခြေခံလူ့အဖွဲ့အစည်း တစ်ခုအတွက်အရေးပါသော လယ်ယာစိုက်ပျိုးရေး၊ လက်နက်အတတ်ပညာ၊ အနုပညာ၊ လူ့အသိုင်းအဝိုင်း စနစ်များ၊ နိုင်ငံရေး အယူဝါဒများကို ကောင်းမွန်စွာ အခြေခံ အုတ်မြစ်တည်ဆောက်နိုင်ခဲ့ပြီး ဖြစ်သည်။
အောက်ဖော်ပြပါ အစောပိုင်းခေတ် လူသားမျိုးနွယ်စု များသည် ရှေးအကျဆုံးသော လူသားမျိုးနွယ်များ အဖြစ် ရှုပ်ထွေးသော အခြေခံလူ့အဖွဲ့အစည်း နေထိုင်မှုပုံစံများ နှင့် ယဉ်ကျေးမှုများစွာဖြင့် ရှင်သန်နေထိုင်ခဲ့ကြကြောင်းကို သမိုင်းအထောက်အထားများမှ ရှာဖွေတူးဖော်သိရှိခဲ့ရသည်။

အစောပိုင်း အီဂျစ်လူမျိုးများ (c. 3,150 BCE – 332 BCE)

အီဂျစ်လူမျိုးများသည် လူသိအများဆုံးသော ကမ္ဘာပေါ်ရှိ ရှေးခေတ်လူမျိုးများ ဖြစ်သည်။ ယင်းလူမျိုးများသည် ၃,၁၅၀ BCE လောက်တွင် စတင်ရှင်သန်နေထိုင်ခဲ့ ကြသည်ဟု သမိုင်းတွင်သည်။ သူတို့၏ လူ့အသိုင်းအဝိုင်း စနစ်များ၊ ယဉ်ကျေးမှု၊ နိုင်ငံရေး အယူဝါဒများ၊ နည်းပညာ နှင့် ဆောက်လုပ်ရေး ခေတ်မှီခဲ့ခြင်းများကို ကြီးကျယ်ခန်းနားသော ပိရမစ်ကြီးများမှ သက်သေထူနေသည်။ ထို့ကြောင့်ပင် အစောပိုင်း အီဂျစ်လူမျိုးများ၏ ယဉ်ကျေးမှု သမိုင်းအစဉ်အလာများကို ယနေ့ထိတိုင် လေ့လာခွင့် ရရှိနေသည် ဖြစ်သည်။ ယခုအခါ အီဂျစ် နိုင်ငံတွင် တည်ရှိသည်။

Norte Chico (c. 4,000 BCE – c. 1,800 BCE)

Norte Chico မျိုးနွယ်စုကို caral (သို့) caral-supe မျိုးနွယ်စုဟုလဲခေါ်သည်။ ထိုမျိုးနွယ်စုကို အမေရိကတိုက်ရှိ ရှေးအကျဆုံးသော လူသားမျိုးနွယ်များ အဖြစ်သတ်မှတ်သည်။ ထိုမျိုးနွယ်စု၏ ပထမဦးဆုံး အခြေခံလူ့အဖွဲ့အစည်း သည် ၃၅၀၀ BCE တွင်အခိုင်အမာ စတင်နိုင်ခဲ့ပြီး ၁၈၀၀ BCE တွင် ပျက်သုံးခဲ့ရသည်။ ယခုအခါ ပီရူး နိုင်ငံတွင် တည်ရှိသည်။

Mesopotamians (c. 6,500 BCE – 539 BCE)

၁၀,၀၀၀ BCE လောက်က ခေတ်မှီသော Neolithic ယဉ်ကျေးမှုထွန်းကားခဲ့သည်။ ၈,၀၀၀ BCE လောက်တွင် မြောက်ပိုင်း Mesopotamia လူမျိုးများသည် မုရောစပါး နှင့် ဂျုံပင်များကို စတင်စိုက်ပျိုးခဲ့ကြပြီး ဘီယာ၊ ယာဂု၊ ဆွတ်ပြုတ်၊ ပေါင်မုန့် အစရှိသည် တို့ကို စတင် ပြုလုပ်စားသောက် တတ်လာကြပြီ ဖြစ်သည်။ Ubaid ကာလဟုခေါ်သော (c. 6,500 – 3,800 BCE) ကာလအကြားတွင် စိုက်ပျိုးရေး၊ သားရဲတရိစ္ဆာန်မျး အမဲလိုက် စာသုံးခြင်း၊ အစောဆုံးသော လူနေမှုစနစ်ပုံစံများ စတင်ခဲ့ခြင်းဖြစ်သည်။ ထိုခေတ် ထိုအခါများတွင် ရက်ကန်းရက်ခြင်း၊ သားရေထည်များ ဝတ်ဆင်တတ်လာခြင်း၊ သံထည်ပစ္စည်းများ ပြုလုပ်အသုံးပြုတတ်လာခြင်း၊ အဂ်ေတေများ အသုံးပြုလာတတ်ခြင်း၊ အိုးလုပ်ငန်းများ စတင်လာခဲ့ခြင်း များကြောင့် ထို ကာလကို ပထမဆုံး မြို့ပြအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ရှေး Mesopotamia ခေတ်၏ အကြီးမားဆုံးတီထွင်မှုမှာ ၃,၅၀၀ BCE လောက်တွင် ဘီးတပ် ပစ္စည်းများ စတင် တီထွင်နိုင်ခဲ့ခြင်းပဲ ဖြစ်သည်။ ယခုအခါ အာရစ် နိုင်ငံတွင် တည်ရှိသည်။

Jiahu (c. 7,000 BCE – 5,700 BCE)

Jaihu လူမျိုးစုများသည် ရှေးအကျဆုံးသော တရုတ်လူမျိုးများ ဖြစ်ကြသည်။ တချို့ ပညာရှင်များက Jaihu လူမျိုးစုသည် Peligang လူမျိုးစု နှင့် အတူတူဟု ပြောဆိုကြသကဲ့သို့ အချို့က သူတို့သည် မတူညီသော လူမျိူးကွဲ နှစ်စုဖြစ်ကြောင်း ယုံကြည်ကြသည်။ သက်သေအထောက်အထားများ အရ Jaihu လူမျိုးစု နှင့် Peligang လူမျိုးစု သည် တစ်ခေတ်ထဲပေါ်ပေါက်ခဲ့သော မျိုးနွယ်စု နှစ်သည်ဟု သုံးသပ်သည်။ Jaihu လူမျိုးများသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံးသော ဝိုင်ထုတ်လုပ်ခဲ့သူများ၊ တီးခတ်နိုင်သော ဂီတကို စတင်ခဲ့သူများ၊ တရုတ် စာလုံး အက္ခရာများကို စတင်သတ်မှတ်ခဲ့ကြသူများဟု သမိုင်းတွင် ဖော်ပြထားသည်။ ယခုအခါ တရုတ် နိုင်ငံတွင် တည်ရှိသည်။

‘Ain Ghazal (c. 7,200 BCE – 5,000 BCE)

Ain Ghazal လူမျိုးများသည် စိုက်ပျိုးရေးကို တွင်ကျယ်စွာ စတင်လာခဲ့ကြသူများဖြစ်သည်။ ထိုလူမျိုးများသည် လူသားပုံစံရုပ်ထုများကို ပထမဆုံး ထုလုပ်ကြသောသူများလည်း ဖြစ်သည်။ သူတို့သည် သမင်၊ ဆိတ်၊ ဝက်၊ မြေခွေး နှင့် တောယုန် အစရှိသည့် တောရိုင်းတရိစ္ထာန်များကို ဖမ်းဆီးစားသောက်ကြသည်။ ယခုအခါ ဂျော်ဒန် နိုင်ငံတွင် တည်ရှိသည်။

Çatalhöyük (c. 7,500 BCE – 5,700 BCE)

Çatalhöyük လူမျိုးများသည် အလွန်ရှေးကျသည့် ကျေးရွာဖွဲ့စည်းနေထိုင်မှုပုံစံကို ကောင်းစွာတည်ဆောက်နေထိုင်ခဲ့သူများဖြစ်သည်။ လေ့လာတွေ့ရှိချက်များအရ လူမှုအဖွဲ့အစည်းများ၊ ယဉ်ကျေးမှု အယူအဆ အဖွဲ့အစည်းများကို စတင်ကျင့်သုံးခဲ့ကြသည်ကိုလဲတွေ့ရသည်။ Çatalhöyük လူမျိုးများသည် ဦးဆုံးသော လုပ်ငန်းခွင် ဘဝပုံစံကို လက်ခံနေထိုင်ခဲ့ကြသူများဖြစ်သည်။ Çatalhöyük လူမျိုးစု လူဦးရေစုစုပေါင်း ၅၀၀၀ မှ ၇၀၀၀ ကြားရှိခဲ့သည်ဟု ခန့်မှန်းကြသည်။ Çatalhöyük လူမျိုးများသည် သူတို့နေထိုင်ရာ နေရာများကို ကောင်းမွန်သန့်ရှင်းစွာ နေထိုင်တတ်ကြကြောင်း၊ စွန့်ပစ်ပစ္စည်း နှင့် စားကြွင်းစားကျန်များကို ကျေးရွာအပြင်ဘက်တွင် စွန့်ပစ်တတ်ကြသည်။ လူသေများကို မီးရှို့သည့် အလေ့အထများ၊ နံရံဆေးရေးပန်းချီများ ရေးဆွဲခြင်း၊ ပန်းပုရုပ်ထုများ ထုလုပ်ခြင်း များကို ပြုလုပ်ခဲ့သည် အထိတိုးတက်ခဲ့ကြသည်။ ယခုအခါ တူရကီနိုင်ငံတွင် တည်ရှိသည်။

Aboriginal Australians (c. 50,000 years ago – Present)

Aborigines လူမျိုးများ၏ မျိုးရိုးကို ကြည့်မည်ဆိုလျှင် လွန်ခဲ့သော နှစ်ပေါင်း ၇၅,၀၀၀ လောက်ကပင် တည်ရှိခဲ့သော လူမျိုးစုဖြစ်သည်။ သို့သော် နှစ်ပေါင်း ၅၀,၀၀၀ လောက်တွင် မျိုးရိုးများ ကွဲပြားသွားခဲ့သည်။ သူတို့သည် ယခု သြစတြေးလျနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၄၀,၀၀၀ နှင့် ၃၁,၀၀၀ လောက်ကပင် အခြေချနေထိုင်ခဲ့ကြပြီး ယခု သြစတြေးလျလူမျိုးများ၏ မျိုးရိုးများဟု DNA လေ့လာချက်များအရ သိရှိရသည်။ ထို့ကြောင့် လေ့လာမှုထုတ်ပြန်ချက် အသစ်အရ Aboriginal မျိုးရိုးသည် ကမ္ဘာ့ရှေးအကျဆုံး မျိုးနွယ်စု ဟုတွေ့ရှိရသည်။ Aborigines လူမျိုးများ၏ ယခုအချိန်ထိ Australians လူမျိူးများ အဖြစ်တည်ရှိနေဆဲ ဖြစ်သည်။

မေ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top