မကြာခဏ ခြေချိတ်ထိုင်တာများရင် ဘာတွေဖြစ်လာနိုင်လဲ

18-2-2021-yyl-46.jpg

ကျွန်တော်တို့အားလုံးဟာ ထိုင်တဲ့အခါ ကိုယ်စတိုင်နဲ့ကိုယ်ထိုင်ကြပြီး သက်တောင့်သက်သာဖြစ်တဲ့ပုံစံမျိုးနဲ့ ထိုင်ဖြစ်ကြပါတယ်။ သင် ထိုင်တဲ့ပုံစံက သက်တောင့်သက်သာဖြစ်တယ်လို့ ခံစားရရင်တောင် တကယ်ကောင်းတယ်လို့ ဆိုလိုလို့မရပါဘူး။ လူတော်တော်များများ ထိုင်ဖြစ်တဲ့ ပုံစံက ခြေချိတ်ထိုင်တာပါပဲ။ ခြေချိတ်ထိုင်တာက သက်တောင့်သက်သာရှိပေမဲ့ တကယ်တော့ ဘေးထွက်ဆိုးကျိုးရှိပါတယ်။ မကြာခဏ ခြေချိတ်ထိုင်တာများရင် သင့်ခန္ဓာကိုယ်မှာ ဖြစ်လာနိုင်တာကတော့

အကြောဆိုင်းတာကို လှုံ့ဆော်ပေးတယ်

သင်က အချိန်အကြာကြီး ခြေချိတ်ထိုင်တဲ့အခါ အကြောဆိုင်းတဲ့အခြေအနေမျိုးကို ကြုံတွေ့လာရနိုင်ပါတယ်။ အဲဒီအချိန်အတွင်းမှာ သင့်ခြေထောက်ကို မ, လို့မရဖြစ်လာမယ်။ ကြွက်သားတွေ ထုံကျင်လာတာနိုင်တယ်။ ပြီးတော့ အကြောတွေမှာ ဒဏ်ဖြစ်လာနိုင်ပါတယ်။

သွေးဖိအားများလာနိုင်တယ်

ခြေချိတ်ထိုင်တာက သွေးဖိအားကိုမြှင့်တင်ပေးနိုင်တယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။ ဒါပေမဲ့ သွေးဖိအားအတတ်အကျဖြစ်တာက ယာယီပါပဲ။ သင်က သွေးဖိအားများတတ်တဲ့သူဆိုရင် ခြေချိတ်ထိုင်တာမျိုးကို ရှောင်ကျဉ်သင့်ပါတယ်။

ခန္ဓာကိုယ်အနေအထားမမှန်တာဖြစ်လာနိုင်တယ်

တစ်နေ့ကို (၃) နာရီကျော်ထက်ပိုပြီး ခြေချိတ်ထိုင်တာက ပခုံးနဲ့ တင်ပါးဆုံရိုးစောင်းတာတွေဖြစ်လာနိုင်ပါတယ်။ ခန္ဓာကိုယ်အနေအထားမမှန်တာက ကြွယ်သားနာကျင်တာတွေဖြစ်လာနိုင်ပါတယ်။

အရိုးအဆစ်တွေ နာကျင်လာနိုင်တယ်

ခြေချိတ်ထိုင်တာက သက်တောင့်သက်သာရှိပေမဲ့ မကြာခဏထိုင်တာများလာရင် သင့်အရိုးအဆစ်တွေမှာ နာကျင်လာနိုင်ပါတယ်။ သင့်လည်ပင်း၊ တင်ပါး၊ ခါးအောက်ပိုင်းနဲ့ ဒူးခေါင်းတွေမှာ နာကျင်လာနိုင်ပါတယ်။ သင်က ဒူးနာတတ်တဲ့သူဆိုရင် ခြေချိတ်မထိုင်ဖို့ လိုပါတယ်။

ကိုယ်ဝန်ဆောင်စဉ်အတွင်း ခြေချင်းဝတ်ရောင်ရမ်းလာနိုင်တယ်

ကိုယ်ဝန်ဆောင်စဉ်အတွင်း ခြေချိတ်ထိုင်တာကို ရှောင်ကျဉ်ပါ။ ခြေချိတ်ထိုင်မယ်ဆိုရင် ခြေချင်းဝတ်နဲ့ ခြေထောက်ရောင်ရမ်းတာတွေဖြစ်လာနိုင်ပါတယ်။

Ref: What Can Happen to Your Body If You Sit With Crossed Legs Often
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top