၄ နှစ်သမီးလေးတွေရဲ့ဆုတောင်းစာပါတဲ့ ပူဖောင်းက မိုင် ၆၅၀ အကွာအဝေး ရောက်သွားတဲ့အခါ

11-1-2021-yyl-02.jpg

ဆုတောင်းစာထည့်ပြီး သင် လွှင့်တင်လိုက်တဲ့ ပူဖောင်းဟာ ဘယ်နေရာကို ရောက်သွားမလဲ၊ ဘယ်သူများကောက်ရသွားမလဲလို့ သိချင်မိမယ်ထင်ပါတယ်။ ကန်းဆပ်ပြည်နယ်က (၄) နှစ်အရွယ်အမြွှာညီအစ်မတို့က သူတို့ရဲ့ပူဖောင်းကို မိုင်ရာချီအဝေးက သူစိမ်းတစ်ဦးဟာ တွေ့ရှိသွားခဲ့တာပါ။ လူနာ ဂွန်ဇာလက်ဇ် နဲ့ သူ့ရဲ့အမြွှာညီမ ဂီယာနယ်လာတို့ဟာ ဆုတောင်း (၅) ခု ပါတဲ့ ပူဖောင်းကို ဒီဇင်ဘာ ၁ရက်နေ့က လွှင့်တင်ခဲ့ပါတယ်။ ရက်တစ်ပတ်အနည်းငယ်အကြာမှာ လူနာတို့ရဲ့ပူဖောင်းပုံကို တစ်စုံတစ်ယောက်က ဖေ့စ်ဘွတ်ခ်ပေါ်မှာ မျှဝေခဲ့တယ်ဆိုတာကို မိခင် လီတီဆီယာ ဂွန်ဇာလက်ဇ်က တွေ့ရှိသွားခဲ့ပါတယ်။

ဒီဖြစ်ရပ်က ကလေးတွေအတွက် ထူးခြားပါတယ်။ ၂၀၂၀ ခုနှစ်ပြီးနောက်မှာ အမှတ်တရအဖြစ် ရှိနေမယ့်အရာဖြစ်လို့ပါပဲ။ ကလေးတွေရဲ့ပူဖောင်းဟာ အဲဒီလောက်အဝေးကြီးရောက်သွားမယ်လို့ လီတီဆီယားက မထင်ခဲ့ဘူးလို့ ဆိုပါတယ်။ လူဝီစီယားနားပြည်နယ်က အယ်လ်ဗင် ဘမ်ဘာချ် (Alvin Bamburg) ဆိုတဲ့ အမျိုးသားက “ဆန်တာကလော့ကို ချိုချဉ်၊ ပင့်ကူလူသားဘောလုံး၊ Frozen အရုပ်၊ A puppy and My Little Ponyတို့ကို တောင်းထားတဲ့စာ (၅) ခု”ပါတဲ့ ပူဖောင်းကို ရရှိခဲ့တာပါ။ အယ်လ်ဗင်က အမဲလိုက်ထွက်နေရင်း အမြွှာညီအစ်မတို့နေထိုင်တဲ့နေရာနဲ့ မိုင် ၆၅၀ ဝေးတဲ့ နေရာမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် အယ်လ်ဗင်က အမြွှာညီအစ်မရဲ့ဆုတောင်းတွေကို ဖြည့်ဆည်းပေးဖို့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ အကူအညီတောင်းနေပါတယ်။ “လူတွေက မတော်တဆတွေ့ဆုံလို့မရဘူးလို့ ကျွန်တော်ထင်တယ်။ ဘဝတစ်သတ်တာမှာ မိတ်ဆွေသူငယ်ချင်းအသစ်တွေရလိုက်သလိုခံစားရတယ်” လို့ အယ်လ်ဗင်က ဆိုပါတယ်။

လီတီဆီယာ ဂွန်ဇာလက်ဇ်ကလည်း သူ့ခင်ပွန်းရဲ့မွေးရပ်မြေမက္ကစီကိုသွားပြီး လိုအပ်နေတဲ့ ကလေးတွေကို ပစ္စည်းများလှူဒါန်းပေးပါတယ်။ အမြွှာသမီးလေးနှစ်ယောက်ရဲ့အကူအညီနဲ့ သူတို့တွေက အဝတ်အစားတွေ၊ အစားအသောက်နဲ့အရုပ်တွေကို လှူဒါန်းကြတယ်လို့ ဆိုပါတယ်။ အယ်လ်ဗင်က လက်ဆောင်အနေနဲ့ ပို့လာမယ့် အမြွှာညီအစ်မရဲ့ဆုတောင်း (၅) ခုမှာပါတဲ့ ပစ္စည်းတွေကို တစ်နေ့နေ့ လှူဒါန်းသွားမှာဖြစ်တယ်လို့ လီတီဆီယာ ဂွန်ဇာလက်ဇ်က ပြောပါတယ်။

Ref: ABCNews “4-year-old’s balloon containing 5 wishes is found by stranger 650 miles away”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top