အင်စတာဂရမ်ဓာတ်ပုံတွေကို ဖုန်းကာဗာအဖြစ် ပြောင်းလဲပြီး တစ်နှစ်ဝင်ငွေ သန်း ၃၀၀ ကျော်ရှိတဲ့ ကုမ္ပဏီကို တည်ထောင်ခဲ့သူ

19.3.2023-yyl-iamge-1.jpg

အင်စတာဂရမ်ပေါ်က ဓာတ်ပုံတွေကို ဖုန်းကာဗာဒီဇိုင်း ဖန်တီးတဲ့ အိုင်ဒီယာကြောင့် ဟောင်ကောင် လုပ်ငန်းရှင် ဝက်စလေအင်းဟာ တစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်ရှိတဲ့ ကုမ္ပဏီကို ဖန်တီးနိုင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ အင်စတာဂရမ် လူမှုကွန်ရက်ကို ကြည့်ရင်း ဝက်စလေက အခုလို အကြံရခဲ့တာပါ။

အစပိုင်းမှာတော့ ဝက်စလေဟာ ဖော်လိုဝါများတဲ့ အင်စတာဂရမ် အသုံးပြုသူတွေကို မက်ဆေ့ပို့ပြီး သူတို့ဓာတ်ပုံတွေကို ဖုန်းကာဗာအဖြစ် ဖန်တီးချင်သလားဆိုတာ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ အဲဒီဗျူဟာက အလုပ်ဖြစ်ခဲ့ပြီး Casetify ကုမ္ပဏီဟာလည်း အချိန်တိုအတွင်းမှာ လူသိများလာခဲ့ပါတယ်။


ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ခိုင်လီဂျန်နာရဲ့ ပို့စ်တွေမှာတောင် Casetify အကြောင်း ပါဝင်ခဲ့ပါတယ်။ ကနေဒါ ရက်ပ်အဆိုတော် ဒရိတ်၊ အမေရိကန်အဆိုတော် ရိုဒရီဂိုတို့ရဲ့ ပုံတွေနဲ့လည်း ဖုန်းကာဗာတွေ ထုတ်လုပ်ခဲ့ပါတယ်။ ဒါ့အပြင် Disney၊ NASA နဲ့ Saint Laurent တို့နဲ့လည်း ပူးပေါင်းလုပ်ဆောင်လျက် ရှိပါတယ်။ လက်ရှိအချိန်အထိတော့ Casetify ကုမ္ပဏီဟာ ဖုန်းကာဗာ ၁၅ သန်းကျော် ရောင်းချခဲ့ရပြီး ကမ္ဘာတစ်ဝန်းမှာ စတိုးဆိုင်ပေါင်း ၂၅ ဆိုင် ဖွင့်လှစ်ထားပါတယ်။

Ref: 42-year-old started by turning Instagram photos into phone cases—now, his company brings in $300 million a year

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply