အသက် ၈၅ နှစ်ရှိနေပေမဲ့ ရေလွှာလျှောစကိတ်ကို ကျွမ်းကျင်စွာ စီးပြနိုင်တဲ့အဘွားအို

85yrold.jpg

အသက် ၈၅ နှစ်အရွယ်ရှိနေပေမဲ့ ရေလွှာလျှောစကိတ်ကို စိုးရိမ်မှုမရှိဘဲ ရေထဲမှာ ကျွမ်းကျွမ်းကျင်ကျင် စီးပြနိုင်ဆဲဖြစ်တဲ့

အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်မှာနေသူ အဘွားအို နမ်စီမာရက်စ်က “ကျွန်မက ရေထဲမှာ ရေလွှာ စကိတ်စီးရတာကို ပျော်ပြီး ရေပေါ်မှာနေရတဲ့ အရသာကို သဘောကျတယ်“ လို့ပြောပြခဲ့ပါတယ်။

အဘွားအိုဟာ ၁၉၅၀ ခုနှစ်တည်းက ရေလွှာလျှောစကိတ် စတင်စီးခဲ့ပြီး ရေလွှာလျှော စကိတ်ဘုတ်ပြားတစ်ခုတည်းနဲ့သာ အများဆုံးစီးနင်းခဲ့ကြောင်း၊ ရေပေါ်မှာ ရှိနေရတာက ပျော်ရွင်ကျေနပ်တဲ့ ခံစားမှုမျိုးဖြစ်စေကြောင်း ပြောပါတယ်။ လှေနောက်မှာကြိုးချပြီး အဲဒီကြိုးကို အဘွားအို ခန္ဓာကိုယ်မှာ ချည်ကာ အဘွားအိုက စကိတ်ပြားပေါ်ကနေ စီးခဲ့တာဖြစ်ပါတယ်။

အဘွားအိုက “ကျွန်မကို အသက်ကြီးပြီလို့ လူတွေက ထင်နေကြပေမယ့် ကျွန်မခန္ဓာကိုယ်က စိတ်သွားတိုင်းကိုယ်ပါဆဲဆိုတာကို ပြသနိုင်ခဲ့တယ်။ စိုးရိမ်ကြောက်ရွံမှုမရှိဘဲ သူတို့ကို အံအားသင့်အောင်လုပ်ပြနိုင်ခဲ့တယ် “ လို့ပြောခဲ့ပါတယ်။

အဘွားအိုဟာ နွေရာသီရောက်တိုင်း ရေလွှာလျှောစကိတ်စီးတာကို လုပ်လေ့ရှိပါတယ်။ အဘွားအို နန်စီမာရက်စ့်မှာ သားသမီး ၆ ဦး နဲ့ မြေး ၁၂ ဦးရှိပြီး အဘွားအိုက သူရဲ့လုပ်ရပ်တွေအတွက် ဂုဏ်ယူနေကာ လူအများကို အံအားသင့်သွားအောင် သူလုပ်ပြနိုင်ခဲ့တယ်လို့ ပြောပါတယ်။

Ref: 85-year-old-great-grandmother-still-shredding-on-the-open-water

Kaung Htet Ngwe ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top