အပူလိုင်းဖြတ်လို့ မြစ်ထဲမှာ ငါးအကောင်ရေသန်းချီ ပေါလောပေါ်လာ

18.3.2023-yyl-iamge-1.jpg

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုရဲ့ ဆိုးကျိုးတွေက တစ်နေ့ထက်တစ်နေ့ ပိုသိသာထင်ရှားလာပါပြီ။ သြစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးလ်ပြည်နယ် မီနင်ဒီမြို့မှာ အပူလှိုင်းဖြတ်လို့ ဒါလင်ဘာကာမြစ်ထဲမှာ ငါးအသေကောင် သန်းချီ ပေါလောပေါ်လာတာကို ပြီးခဲ့တဲ့သောကြာနေ့ နံနက်က မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

မီနင်ဒီမြို့သမိုင်းမှာ ငါးအများဆုံး အစုလိုက်အပြုံလိုက် သေဆုံးမှုလို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က ဒီလိုအဖြစ်မျိုး ကြုံခဲ့ဖူးပေမဲ့ သေဆုံးတဲ့ ငါးအရေအတွက်က ဒီလောက်တော့ မများခဲ့ပါဘူး။

Ref: Menindee: Millions of dead fish wash up near Australian town

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top