စနိုးဝှိုက်ပုံပြင်ထဲက အိမ်​ကလေး ဝါရှင်တန်မှာတည်ဆောက်

sw1.jpg

နောက်ဆုံးတော့ ဒစ်စနေ ကာတွန်းချစ်သူတွေ အကြိုက်တွေ့စေမယ့် အိမ်မက်ကလေးတွေကို လက်တွေ့ဘဝထဲ ခေါ်လာပါပြီ။ စနိုးဝှိုက်ပုံပြင်ထဲက စနိုးဝှိုက်နဲ့ လူပုကလေးများ အတူနေခဲ့တဲ့ အိမ်ကလေးဟာ အပြင်မှာ လက်တွေ့ တည်ဆောက်ပြီးစီးလို့ နေဖို့အသင့်ဖြစ်နေခဲ့ပါပြီ။

ရစ်ချေ (Richey) နဲ့ ကာရင်မော်ဂန် (Karen Morgan) တို့ဟာ သူတို့ရဲ့ အိမ်ကလေးကို တည်ဆောက်ဖို့ ၁၉၇၀နောက်ပိုင်းနှစ်တွေကတည်းက စိတ်ကူးရခဲ့ပါတယ်။ အဲ့ဒီနောက်မှာ စတင်ပြီး ဂရုတစိုက် ပုံဖော်ခဲ့ကြပါတယ်။ အပိုင်းတွေ ခွဲလုပ်ရတာများတဲ့အပြင် သေချာလဲ ပြင်ဆင်ကြရတာမို့ သူတို့ဟာ အိမ်ကလေးကို အဆုံးမသတ်နိုင်ခဲ့ပါဘူး။ ၂၀၀၅ခုနှစ်မှာတော့ အီဗွန်ဘတ်စ် (Evonne Bess)က အိမ်ကလေးကို ဝယ်ယူပြီး ဆက်လက် တည်ဆောက်ခဲ့ပါတယ်။ ဒီနောက်တော့ အိမ်ကလေးဟာ အောင်အောင်မြင်မြင် ရုပ်လုံးပေါ်လာခဲ့ပါတယ်။

ဘတ်စ်က Kitsap Sun သတင်းစာကိုပြောတာက “ကျွန်တော်ရဲ့ အသည်းနှလုံးတွေ ပေါက်ကွဲထွက်တော့မလိုပါပဲ။ ကျွန်တော်ဟာ ဒီလို လက်ရာမြောက်တာမျိုး နောက်တစ်ခု ထပ်မတွေ့နိုင်တော့သလိုပါပဲ။“ လို့ ပြောပါတယ်။ အိမ်ကလေးဟာ ၂၈၀ဝ စတုရန်းပေ ကျယ်ဝန်းပြီး အိပ်ခန်း လေးခန်းနဲ့ ရေချိုးခန်း လေးခန်းခွဲ ရှိပါတယ်။ ဆီးယက်တယ် (Seattle)မြို့နေ မိနစ် ၉၀လောက် ကားမောင်းရင် ရောက်မယ့် ဝါရှင်တန် (Washington)၊ အော်လာလာမြို့ (Olalla) ကလေးက ငါးဧက ကျယ်ဝန်းတဲ့ မြေပေါ်မှာ ဆောက်လုပ်ထားပါတယ်။

၁၉၈၂ခုနှစ်မှာ စတင်ဆောက်လုပ်ပြီး ဒစ်စနေပုံပြင်ထဲက လူပုလေးတွေရဲ့ အိမ်ကလေးပုံစံ အတုယူ ဆောက်လုပ်ထားတဲ့ ဒီအိမ်ကလေးဟာ အခုအချိန်မှာ အမေရိကန်ဒေါ်လာ ၇၇၅,၀၀၀ တန်ကြေးရှိပါတယ်။

အိမ်ကလေးကို လက်ဖြတ်သစ်သားများ၊ လှပတဲ့ ဖန်ပြတင်းလေးများနဲ့ ဂူပုံစံ ထွင်းထုထားတဲ့ နံရံများနဲ့ အလှဆင်ထားပါတယ်။ အိမ်ထဲမှာ ကျောက်တုံးမီးလင်းဖို အကြီးကြီး တစ်ခုရှိပြီး မီးဆိုင်းတွေလည်း အများကြီးရှိသလို သစ်ပင် ပင်စည်ပုံစံ အလင်းချောင်းတွေကလည်း နေရာအနှံ့ပါပဲ။ မီးဖိုချောင်ဆိုရင်လည်း သံမဏိပစ္စည်းတွေ သစ်သားမီးဖိုတွေ အပြင် ပီဇာပါ လုပ်လို့ရတဲ့ မီးဖိုတစ်ခု ပါဝင်ပြီးသားဖြစ်ပါတယ်။ ဘေစင်ပေါ်မှာလည်း အလင်းရောင် ကောင်းကောင်းရစေပြီး ခြံဝင်းတစ်ခုလုံးကို လှမ်းမြင်ရတဲ့ ပြတင်းပေါက် အကြီးကြီးတွေ ပါပါတယ်။ အခန်းထောင့်လေးတွေတိုင်းဟာ အဝိုင်းပုံစံလေးတွေ ဖြစ်ပါတယ်။ ခြံဝင်းထဲမှာလည်း ရောင်စုံ ပလက်ဖောင်းလေးများ၊ မှိုပုံစံ သစ်ပင်လေးများ၊ ရေပူစမ်းလေးများ၊ ရေပန်းကလေးများနဲ့ အလှဆင်ထားတာမို့ အတော်နေချင်စရာ အိမ်ကလေးဖြစ်မှာ သေချာပါတယ်။

Ref: Teen Vogue :Snow White-Inspired House in Washington Goes Up for Sale

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top