ဒေါသစိတ်တွေ ဘယ်လိုထိန်းမလဲ

anger2_large.jpg

ဒေါသဆိုတာမျိုးက ငါလာတော့မဟေ့လို့ ကြိုပြောထားမှာ မဟုတ်ပါဘူး။ အချိန်မရွေး နေရာမရွေး သက်ရောက်မှုတွေ ကြုံကြိုက်လာတဲ့အချိန်မှာ စိတ်မထိန်းနိုင်ပဲ ဒေါသဖြစ်တတ်ပါတယ်။ ဒေါသဖြစ်ရင် ကျန်းမာရေးကိုပါ ထိခိုက်နိုင်ပါတယ်။ ဒါ့ကြောင့်မို့ ဒေါသကို သူ့အလိုအတိုင်း မလွှတ်ပေးလိုက်ပဲ ဘယ်လိုဖြေလျော့ကြမလဲဆိုတာ ဝေမျှပေးလိုက်ပါတယ်။

အသက်ဝဝရှုပါ

ဒေါသအရမ်းထွက်လာရင် လူကအသက်ရှုဖို့တောင် မေ့လျော့သွားတတ်ပါတယ်။ ဒါဆိုကိုယ့်ကျန်းမာရေးကိုပဲ ပြန်ထိခိုက်တတ်ပါတယ်။ ဒီတော့ စိတ်ခံစားချက်တွေကို ထိန်းသိမ်းတတ်ဖို ကြိုးစားရပါမယ်။ အရင်ဆုံး လေကိုတစ်၀ကြီး ရှုရှိုက်လိုက်ပါ။ ပြီးရင် ပြန်ထုတ်လိုက်တဲ့ ထွက်သက်နဲ့အတူ ဒေါသထွက်စရာ ခံစားချက်တွေကို ဖြည်းဖြည်းချင်း ထုတ်ပစ်လိုက်ပါ။ တစ်ခါတစ်လေ သည်းခံစိတ်တွေ ကုန်ဆုံးပြီး အရမ်းပေါက်ကွဲနေရင်တောင်မှ ဒီနည်းလမ်းလေးက သင့်ကို နည်းနည်းတည်ငြိမ်လာစေပါလိမ့်မယ်။

စကားမပြောခင် သတိထားပါ

ဒေါသဖြစ်ဖြစ်နဲ့ ပြောလိုက်တဲ့ စကားလုံးတွေက တစ်ခါတစ်ရံမှာ ဖြေရှင်းရခက်တဲ့ အမှားတွေ ဖြစ်သွားတတ်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် ခံစားချက်တွေ ပေါက်ကွဲလာတဲ့အခါမှာ စကားပြော မထိန်းနိုင်တဲ့သူတွေ များပါတယ်။ ဒီတော့ အရမ်းနစ်နစ်နာနာ ပြောပစ်လိုက်ချင်နေပြီဆိုရင်တောင် ခဏလောက် မြိုသိပ်ပြီး အဝေးတစ်နေရာရာကို ခဏထွက်သွားလိုက်ပါ။

ဒေါသကို တစ်ခါထိန်းနိုင်ပြီဆိုရင် ဒေါသကို ပုံစံတစ်မျိုးနဲ့ ဖော်ပြလိုက်ပါ

ကိုယ့်ကိုယ်ကိုယ်စတင်ပြီး စိတ်ပြေလျော့လာပြီလို့ ခံစားရရင် အသက်ပြင်းပြင်းရှုသွင်းပြီး တခြားသူကို ကိုယ် ဒေါသဖြစ်တဲ့အကြောင်း မပြောပြခင် ကိုယ့်ကိုယ်ကိုယ် အရင်ပြောပြပါ။ ယုံကြည်ရတဲ့သူ တစ်ယောက်ဆီမှာ ရင်ဖွင့်လိုက်ခြင်းဟာ စိတ်ထဲ ထိန်းချုပ် မြိုသိပ်ထားခြင်းထက် ကောင်းပါတယ်။ နောက်တစ်ခါ ဒီလိုအခြေအနေမျိုးနဲ့ ကြုံရရင်တောင်မှ စိတ်ကို ပြင်ဆင်နိုင်ပါလိမ့်မယ်။

လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်ခြင်းဟာ ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေ များများထွက်စေပါတယ်။ ဒါ့အပြင် စိတ်တင်းကြပ်မှုတွေအတွက် အကောင်းဆုံး ထွက်ပေါက်တစ်ခုလည်း ဖြစ်ပါတယ်။ တစ်ခါတစ်လေ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် ပြုလုပ်ခြင်းဖြင့် စိတ်ကို လုံး၀ပေါ့ပါးနေစေပါလိမ့်မယ်။

Ref: Healthybuilderz :Four Ways to Manage Anger

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top