ဂဲလ်ဂဒေါ့ (Gal Gadot) နဲ့ ဒွိန်းဂျွန်ဆင်(Dwayne Johnson) တို့ အတူပါဝင်သရုပ်ဆောင်မယ့် “Red Notice”

Gal-Gadot-Revlon-Event-Fashion-Gabriela-Hearst-Tom-Lorenzo-Site-3.jpg

ဒါရိုက်တာ ရော်ဆင်မာရှယ်သာဘာ (Rawson Marshall Thurber) ကိုယ်တိုင် ဇာတ်ညွှန်းရေးသား ရိုက်ကူးမယ့် “Red Notice” ရုပ်ရှင်ဇာတ်ကားမှာ ညှို့မင်းသမီး ဂဲလ်ဂဒေါ့ နဲ့ ဒွိုင်းဂျွန်ဆင်တို့ ပါဝင်ဖို့သေချာသွားခဲ့ပြီလို့ သိရပါတယ်။ ဂဲလ်ဂဒေါ့ကခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်လာမှာပါ။ လာမယ့်နှစ်၂၀၁၉ ခုနှစ်၊ ဧပရယ်လထဲမှာ စတင်ရိုက်ကူးသွားမှာဖြစ်ပြီး ၂၀၂၀ ခုနစ်၊ ဇွန်လအတွင်း ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

ဒါရိုက်တာ သာဘာဟာ အစ္စရေးမင်းသမီး ဂဲလ်ဂဒေါ့နဲ့ ရိုက်ကူးရက်ရဖို့ လန်ဒန်ကိုသွားပြီး ကြိုကြိုတင်တင် ပုဂ္ဂိုလ်ရေးသဘောတူညီမှုပိုင်းရယူခဲ့တာဖြစ်ပါတယ်။ “Red Notice” ဟာ လျှို့ဝှက်သည်းဖို အက်ရှင်ဇာတ်ကားဖြစ်ပြီး နောက်ထပ် နာမည်ကြီးသရုပ်ဆောင်တစ်ဦး ပါဝင်လာမယ့် စိတ်ဝင်စားစရာသတင်းကလည်း ရှိနေပါသေးတယ်။ ၂၀၁၉ ခုနှစ် ထဲမှာ ပရိသတ်တွေ အမျှော်လင့်ရဆုံးဇာတ်ကားတွေထဲ ပါဝင်လာဖို့ရှိနေတဲ့ “Red Notice” ပါ။

ဂဲလ်ဂဒေါ့ဟာ လက်ရှိမှာတော့ “Wonder Woman 2” ရုပ်ရှင်ကို ရိုက်ကူးနေပြီး မင်းသမီးဒိုင်ယာနာအဖြစ် ပြန်လည်ပါဝင်လာဦးမှာပါ။ ဒွိန်းဂျွန်ဆင်ကတော့ “Jungle Cruise” ရုပ်ရှင်ကို လက်ရှိ ရိုက်ကူးနေပါတယ်။ ဒါရိုက်တာ သာဘာနဲ့ လက်တွဲထားတဲ့ သူ့ရဲ့ “Skyscraper” ရုပ်ရှင်ဟာ နှစ်ကုန်ပိုင်းမှာ ထွက်လာဖို့ရှိပြီး “Fighting with My Family” ရုပ်ရှင်လည်း ထွက်လာဖို့ရှိနေပါတယ်။

Ref : newsrepublic.com “Gal Gadot & Dwayne Johnson team up for Red Notice”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top