ရာသီဥတု အေးနေချိန် လူနာတင်ကား စောင့်နေတဲ့ ပင်စင်စား တစ်ဦးနဲ့ ဆေးဘက် အကူတို့ကို ဘက်ခမ်း ကော်ဖီတိုက်ခဲ့

Beckham.jpg

ရာသီဥတု အေးမြနေချိန် လမ်းမပေါ်မှာ လူနာတင်ယာဉ် စောင့်နေတဲ့ ပင်စင်စား သက်ကြီးရွယ်အို အမျိုးသားတစ်ဦးနဲ့ ဆေးဘက်အကူ အမျိုးသမီး တစ်ဦး တို့ကို အင်္ဂလန် အသင်း ခေါင်းဆောင်ဟောင်း ဒေးဗစ် ဘက်ခမ်းက ပူနွေးတဲ့ ကော်ဖီ တစ်ခွက်စီတိုက်ပြီး အံ့အားသင့်စေခဲ့ပါတယ်။

လန်ဒန် အရေးပေါ် လူနာတင်ကား ဝန်ဆောင်မှု ဌာနရဲ့ ယာဉ်ကြော ပိတ်ဆို့သည့် နေရာများတွင် စက်ဘီးဖြင့် ဝန်ဆောင်မှုပေးသည့် အဖွဲ့ (Cycle Response Unit) က ဆေးဘက်အကူ မေနက်ဒ်ဟာ လန်ဒန် မြို့လယ်က Endsleigh လမ်းမှာ ချော်လဲခဲ့တဲ့ ပင်စင်စား သက်ကြီးရွယ်အို တစ်ဦးကို ဆေးရုံပို့ပေးဖို့ လူနာတင်ယာဉ် စောင့်နေတုန်း ဒေးဗစ်ဘက်ခမ်းနဲ့ တွေ့ခဲ့တာပါ။

ဒေးဗစ်ဘက်ခမ်းဟာ ပင်စင်စား အမျိုးသားကြီးနဲ့ မေနက်ဒ်တို့ဘေးက ဖြတ်လျောက်သွားချိန်မှာ သူတို့နှစ်ဦးကို နှုတ်ဆက်ခဲ့ပြီး သူ့ကားထဲကို ဝင်သွားခဲ့တယ်လို့ မေနက်ဒ်က ပြောပါတယ်။ နောက် ၁၀ မိနစ်အကြာမှာတော့ ဘက်ခမ်းက ပင်စင်စား အမျိုးသားကြီးအတွက် လက်ဘက်ရည် တစ်ခွက် မေနက်ဒ် အတွက် ကော်ဖီ တစ်ခွက် လာပေးခဲ့ပါတယ်။

ဆေးအကူ မေနက်ဒ်ဟာ ကမ္ဘာ့ အကျော်ကြားဆုံး ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်းနဲ့ တွဲရိုက်ခဲ့တဲ့ ဓာတ်ပုံကို လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ဖော်ပြခဲ့ပြီး အရမ်းကျေနပ်မိတယ်လို့ မေနက်ဒ်က ပြောခဲ့ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top