ဆွန်ဟောင်မင်နဲ့ အချင်းများခဲ့တဲ့ အကြောင်းရင်းကို စပါးဂိုးသမား ထုတ်ပြော

7-7-2020-yyl-006.png

အဲဗာတန်နဲ့ပွဲမှာ အသင်းဖော် ဆွန်ဟောင်မင်နဲ့ အချေအတင်ဖြစ်ခဲ့တဲ့ အကြောင်းရင်းကို စပါးအသင်းခေါင်းဆောင် ဟူဂိုလိုရစ်က ထုတ်ပြောခဲ့ပါတယ်။ အဲဒီပွဲစဉ် ပထမပိုင်းအပြီး ကွင်းထဲကထွက်လာချိန်မှာ ဟူဂိုလိုရစ် က အပြေးအလွှား နောက်ကလိုက်ပြီး ဆွန်ဟောင်မင်ကို ဆောင့်တွန်းခဲ့လို့ အသင်းဖော်တွေ ကြားဝင်ဖျန်ဖြေခဲ့ရပါတယ်။

ဆွန်ဟောင်မင်က ပြိုင်ဘက်ခံစစ်ကြောင်းကို ဖိအားမပေးနိုင်ခဲ့လို့ စိတ်ပျက်မိပြီး အဲဒီလိုလုပ်ခဲ့မိတာလို့ ဟူဂိုလိုရစ်က ပြောပါတယ်။ သူတို့နှစ်ယောက်ဟာ ပွဲအပြီးမှာတော့ ပြုံးပြုံးရွှင်ရွှင်နဲ့ ပွေ့ဖက်နှုတ်ဆက်ခဲ့ကြပါတယ်။ စပါးအသင်းဟာ အဲဒီပွဲစဉ်မှာ မိုက်ကယ်ကိန်းရဲ့ OG ဂိုးနဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ဆက်လက်ရုန်းကန်နေဆဲပါ။ စပါးနည်းပြ မော်ရင်ဟိုကတော့ ဆွန်ဟောင်မင်နဲ့ ဟူဂိုလိုရစ်ရဲ့ အချင်းများမှုဟာ ဘောလုံးပွဲတွေရဲ့ လှပတဲ့အခိုက်အတန့်ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ အဲဗာတန်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်ဟာ မော်ရင်ဟိုအတွက် နည်းပြဘဝတစ်လျှောက် ပရီးမီးယားလိဂ် နိုင်ပွဲ(၂၀၀) မြောက် ဖြစ်ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top