တံတောင်ဆစ်ကနေ ထက်ပိုင်းကျိုးခဲ့ဖွယ်ရှိတဲ့ ဟူဂိုလိုရစ်အတွက် ဒီဂီယာ ဆုတောင်းပေး

F545F19E-9520-42C8-98CA-8EA23FAC82D3.jpeg

ဘရိုက်တန်နဲ့ပွဲစဉ်မှာ ဘောလုံးဖမ်းရင်း အကျမတော်ဖြစ်ခဲ့လို့ တံတောင်ဆစ်ကနေ ထက်ပိုင်းကျိုးခဲ့ဖွယ်ရှိတဲ့ စပါးဂိုးသား ဟူဂိုလိုရစ် အမြန်ဆုံး သက်သာလာစေဖို့ မန်ယူဂိုးသမား ဒီဂီယာက ဆုတောင်းပေးခဲ့ပါတယ်။ ပွဲချိန် (၃)မိနစ်မှာ ဘရိုက်တန်အသင်းရဲ့ ဘယ်တောင်ပံ ဖြတ်တင်ဘောကို အမိဖမ်းဖို့ကြိုးစားရာမှာ ဟန်ချက်ပျက်ပြီး လက်ထဲက ဘောလုံးလွတ်ကျခဲလသလို သူကိုယ်တိုင် လက်ထောက်လျက်သား ပြုတ်ကျခဲ့တာပါ။

ဒီဖြစ်ရပ်မှာ ဒဏ်ရာပြင်းထန်ခဲ့ပုံပေါ်တဲ့ ဟူဂိုလိုရစ်ကို အောက်ဆီဂျင်ပေးပြီး ထမ်းစင်နဲ့ခေါ်ထုတ်ခဲ့ရပါတယ်။ ဟူဂိုလိုရစ်ရဲ့ဖြစ်ရပ်ကို သိရပြီးချိန်မှာ ဒီဂီယာက သူ့ရဲ့တွစ်တာပေါ်မှာ ဆုတောင်းမှုလုပ်ခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top