ထိုင်းက တောဝက် ဘောလုံးအသင်းကို ဖိတ်ကြားလိုက်တဲ့ ဖီဖာဥက္ကဌ

8904ace0c1e1d36b3f6fdb2c775d5498.jpg

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်က ဂူထဲမှာ ပိတ်မိနေတဲ့ အသက် ၁၁ ကနေ ၁၆ နှစ်ကြား ဘောလုံးသမားကလေးငယ် ၁၂ ယောက်နဲ့ အသက် ၂၅ နှစ်အရွယ် သူတို့ရဲ့ နည်းပြဆရာတို့ကို မော်စကိုမှာ ကျင်းပမယ့် ၂၀၁၈ ကမ္ဘာ့ဖလား ဗိုလ်လုပွဲအတွက် ဖီဖာရဲ့ အထူးဧည့်သည်တော်အနေနဲ့ တက်ရောက်နိုင်ဖို့ ဖီဖာဥက္ကဌ အင်ဖန်တီနိုက မျှော်လင့်နေပါတယ်။

ဇူလိုင် ၁၅ ရက်နေ့မှာ ကျင်းပသွားမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲ မတိုင်ခင် ကလေးတွေ ဂူအပြင်ကို ဘေးအန္တရာယ် ကင်းကင်းနဲ့ ထွက်လာနိုင်ခဲ့ရင် ရုရှားကို ကမ္ဘာ့ဖလားဗိုလ်လုပွဲကြည့်ဖို့ ဖိတ်ခေါ်လိုတာပါ။

ဖီဖာဥက္ကဌ အင်ဖန်တီနိုဟာ ဂူအတွင်းမှာ ၁၀ ရက်ကျော်ပိတ်မိနေတဲ့ တောဝက် ဘောလုံးအသင်းက ကလေးတွေအတွက် ဖိတ်ခေါ်စာကို ထိုင်း ဘောလုံးအဖွဲ့ချုပ်ထံ ရေးသား ပေးပို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“တကယ်လို့ ကလေးတွေဟာ သူတို့မိသားစုတွေနဲ့ ပြန်လည်တွေ့ရပြီး ခရီးသွားဖို့ ကျန်းမာရေး အခြေအနေလည်း ပေးမယ်ဆို ဖီဖာက ၂၀၁၈ ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို အထူးဧည့်သည်တော်တွေ အနေနဲ့ တက်ရောက်ဖို့ ဖိတ်ကြားလိုပါတယ်” လို့ ရေးသားထားခဲ့တာပါ။

လက်ရှိအချိန်မှာ နိုင်ငံတကာက ကယ်ဆယ်ရေးအဖွဲ့များစွာ ပူးပေါင်းပြီး ပိတ်မိနေသူတွေကို ဂူအပြင်ရောက်အောင်ကယ်ထုတ်နိုင်အောင် ခက်ခက်ခဲခဲ ကြိုးစားနေကြပါတယ်။

Ref: Daily Mail “FIFA boss Infantino invites trapped Thai cave boys to the world cup final in nine days’ time”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top