Xiong Jing Nan ကိုအနိုင်ယူကာ ဂုဏ်သိက္ခာပြန်ဆယ်ရမည့် Angela Lee

Xiong-Jing-Nan-Angela-Lee-BBB_2544.jpg

ကမ္ဘာ့အကောင်းဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်း ONE Championship ၏ အမျိုးသမီး အက်တမ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ “Unstoppable” Angela Lee သည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ကျင်းပမည့် ONE: CENTURY PART-1 ပြိုင်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ကာ ကြိုးဝိုင်းအတွင်း ပြန်လည်ဝင်ရောက်လာတာ့မည်ဖြစ်သည်။

စင်ကာပူကိုယ်စားပြု ၎င်းသည် ၂၀၁၉ ခုနှစ်၊ မတ်လက တရုတ်အားကစားသမား “The Panda” Xiong Jing Nan ကို အရေးနိမ့်ကာ က စားသမားဘဝတစ်လျှောက် ပထမဆုံးရှုံးပွဲနှင့်ရင်ဆိုင်ခဲ့ရပြီး ယခုအခါ အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ် ကာကွယ်ပွဲအဖြစ် ထပ်မံ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ Angela Lee သည် မတ်လက “The Panda” ၏ စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုအတွက် စိန်ခေါ်ထိုး သတ်ခဲ့ခြင်းဖြစ်ပြီး ပဉ္စမအချီတွင် ဒိုင်ပွဲရပ်ဖြင့် အရေးနိမ့်ခဲ့သည်။

ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားလောက၏ အကြီးကျယ်အခမ်းနားဆုံးသောပြိုင်ပွဲဖြစ်လာမည့် ONE: CENTURY PART-1 တွင် Angela Lee သည် တရုတ်အားကစားသမားကို ရှုံးကြွေးပြန်ဆပ်ရမည်ဖြစ်ပြီး ပထမအကြိမ်ဆုံတွေ့စဉ်က အမှားများအား သင်ခန်းစာယူ ကာ အကောင်းဆုံးအနေအထားဖြင့်ပြန်လာမည်ဟု ကြုံးဝါးထားသည်။ စတောဝိတ်တန်းတွင် ၂ ပွဲယှဉ်ပြိုင်ပြီးနောက် ပွဲတိုင်းအရေးနိမ့် ထားသော Angela Lee အနေဖြင့် ၎င်း၏ အက်တမ်ဝိတ်တန်း၌ ပြန်လည်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ကမ္ဘာ့ချန်ပီယံလည်းဖြစ်နေသောကြောင့် စိုး ရိမ်စရာမရှိဘဲ အပြင်းအထန်လေ့ကျင့်ထားသလို ကြိုတင်ပြင်ဆင်မှုအပိုင်းကိုလည်း အကောင်းဆုံးလုပ်ဆောင်ထားသည်ဟု ဆိုသည်။

အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကာကွယ်ပွဲအတွက် မည်သည့်စိန်ခေါ်သူနှင့်မဆို ရင်ဆိုင်ရန်အဆင်သင့်ရှိသော်လည်း Xiong Jing Nan နှင့် ပြန်လည်ဆုံတွေ့နေသောကြောင့် ဖိအားများရှိနေသည်ဟု Evolve MMA နှင့် United MMA အသင်းသား Angela Lee က ဝန်ခံသည်။ သို့သော် လက်ရှိအချိန်တွင် နောက်ကျောဒဏ်ရာ ပြန်လည်သက်သာလာပြီဖြစ်သလို ပြိုင်ပွဲအတွက် အကောင်းဆုံး ကြိုတင်ပြင်ဆင်ထားသောကြောင့် ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်မည်ဟုလည်း ၎င်းက ဆိုသည်။

ပထမအကြိမ်တွေ့ဆုံစဉ်က အမှားအယွင်းများပြုလုပ်မိခဲ့သော်လည်း လက်ရှိတွင် အမှားများအား အကောင်းဆုံးသင်ခန်းစာယူကာ လေ့ ကျင့်ပြင်ဆင်ထားသလို စိတ်ခံစားမှုက ကောင်းမွန်နေသည်ဟု Angela Lee က ပြောသည်။ မတ်လအတွင်းက ပထမဆုံးအကြိမ်တွေ့ဆုံ မှုမှာ တွဲဆိုင်းကောင်းတစ်ခုဖြစ်ခဲ့ပြီး အချီတိုင်း ဖိအားပေးယှဉ်ပြိုင်နိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။ သို့သော်လည်း နောက်ပိုင်းအချီများ တွင် Xiong Jing Nan ထံမှ ထင်မှတ်မထားသည့်နည်းဗျူဟာများကို မြင်တွေ့ခဲ့သလို ဖိအားပေးယှဉ်ပြိုင်လာနိုင်ခဲ့သည်ဟု Angela Lee က ဝန်ခံသည်။

တိုကျိုတွင်ရင်ဆိုင်ရမည့် မကြေပွဲ၌ တိုက်စစ်ဗျူဟာသုံးကာ ဖိအားပေးထိုးသတ်မည့် ပြိုင်ဘက်ဖြစ်သူ၏ နည်းစနစ်များ အတွက် အကောင်းဆုံးပြင်ဆင်ထားပြီး မိမိကိုယ်တိုင်မှာလည်း တိုက်စစ်ဖြင့်သာ ယှဉ်ပြိုင်တတ်သူဖြစ်နေခြင်းကြောင့် ပြိုင်ဆိုင်မှုပြင်းထန်မည့် တွဲ ဆိုင်းတစ်ခု ဖြစ်လာလိမ့်မည်ဟု Angela Lee က သုံးသပ်သည်။ Xiong Jing Nan ကို ရှုံးနိမ့်ခြင်းမှာ ၎င်း၏ကစားသမားဘဝတစ် လျှောက် ပထမဆုံးရှုံးပွဲဖြစ်ခဲ့ရာ ထိုစဉ်က လက်ခံနိုင်ရန် ခက်ခဲခဲ့သော်လည်း တည်ငြိမ်ရင့်ကျက်သူတစ်ယောက်ဖြစ်နေခြင်းကြောင့် အ ကျိုးသက်ရောက်မှု ကြီးကြီးမားမားမဖြစ်ခဲ့ဟု Angela Lee က ပြောသည်။

ဒုတိယအကြိမ်ဆုံတွေ့မည့်မကြေပွဲတွင် Xiong Jing Nan ဘက်မှ ပရိသတ်များစွာရှိနေနိုင်ပြီး မိမိဘက်တွင်မူ ပရိသတ်များစွာ မရှိနိုင်ဟု Angela Lee က ဝန်ခံထားသည်။ ထို့အပြင် တရုတ်အားကစားမှာ ယုံကြည်မှုပိုမိုမြင့်မားကာ အထင်သေးလျှော့တွက်ယှဉ်ပြိုင်လာနိုင် ကြောင်းလည်း သုံးသပ်ထားပြီး မည်သို့သော အကြောင်းချင်းရာများပင်ဖြစ်စေ ၎င်းအပေါ် အကျိုးသက်ရောက်မှုမရှိနိုင်ဟု Angela Lee က ပြောသည်။

“The Panda” မှာ အက်တမ်ဝိတ်တန်းသို့ စိန်ခေါ်လာခြင်းဖြစ်ပြီး လက်ရှိကမ္ဘာ့ချန်ပီယံတစ်ယောက်ဟူသောဂုဏ်ပုဒ်ကို ဆက်လက်ထိန်း သိမ်းကာ အနိုင်ယူသွားမည်ဟု ၎င်းက ကြုံးဝါးသည်။ ပထမအကြိမ်ဆုံတွေ့စဉ်က အမှားအယွင်းများပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန် တွင် ထိုစဉ်ကထက် ဆယ်ဆ ပိုမိုသန်မာသောအနေအထားဖြင့် ပြန်လာမည်ဟုလည်း Angela က ဆိုသည်။

ONE: CENTURY ပြိုင်ပွဲကို TNT ရုပ်သံလိုင်းမှတစ်ဆင့် အမေရိကန်ပြည်ထောင်စုတွင် ပထမဆုံးအကြိမ် တိုက်ရိုက်ထုတ်လွှင့်ပြသသွား မည်ဖြစ်ရာ ဟာဝိုင်အီတွင် အဓိကလေ့ကျင့်လျက်ရှိသော Angela Lee က ဂုဏ်ယူစရာဟုဆိုသည်။ အမေရိကန်ပြည်ထောင်စုမှာ ကိုယ် ခံပညာရပ်နယ်ပယ်တွင် ဂုဏ်သိက္ခာကြီးမားသော နိုင်ငံဖြစ်သောကြောင့် ပထမဆုံးအကြိမ် တိုက်ရိုက်ထုတ်လွှင့်ပြသရာ၌ ပြိုင်ပွဲဝင်အား ကစားသမားများအားလုံး အကောင်းဆုံး စွမ်းဆောင်ရည်ကိုပြသရလိမ့်မည်ဟုလည်း ၎င်းက တိုက်တွန်းထားသည်။

အောက်တိုဘာ ၁၃ ရက်ပြိုင်ပွဲမှာ ၎င်းအတွက် အရေးပါသောအခန်းကဏ္ဍမှပါဝင်နေပြီး အနိုင်ရခဲ့ပါက Xiong Jing Nan နှင့် တတိယအ ကြိမ်တွေ့ဆုံမှုက ဖြစ်လာနိုင်သည်ဟု Angela Lee က အနာဂတ်နှင့်ပတ်သက်၍ ၎င်း၏အမြင်ကို ပြောပြသည်။

“အမှန်ပါပဲ။ လာမယ့် အောက်တိုဘာ ၁၃ ရက်မှာ ကျွန်မရဲ့လက်ကို ကိုင်မြှောက်ပြီး အောင်ပွဲခံနိုင်မယ်လို့ ခံစားမိတယ်။ ကျွန်မတို့နှစ် ယောက် နောက်ထပ်တစ်ကြိမ် ပြန်လည်ယှဉ်ပြိုင်ရမယ်လို့ထင်တယ်။ ဒါပေမဲ့ တတိယအကြိမ်ဆုံတွေ့နိုင်ဖို့အတွက် အောက်တိုဘာ ၁၃ ရက်မှာ အနိုင်ရဖို့ လိုတယ်။ လူတိုင်းက ကျွန်မတို့နှစ်ယောက်ရဲ့ပွဲမှာ ဘာဖြစ်လာနိုင်သလဲဆိုတာ သိပါတယ်။ Xiong Jing Nan ကို အ နိုင်ထိုးသတ်သွားမှာပါ” ဟု Angela Lee က ပြောသည်။

ONE: Century Part I နှင့် Century Part II ကို လာမည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲကြီးသည် ကိုယ်ခံပညာသိုင်းပေါင်းစုံ ပြိုင်ပွဲသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးနှင့် အခမ်းနားဆုံးပြိုင်ပွဲကြီးဟု ဆိုနိုင်သလို ကိုယ်ခံပညာရပ်ပေါင်းစုံတွင် ထိပ်တန်းမှာ ရပ်တည်ယှဉ်ပြိုင်လျက်ရှိသော ကမ္ဘာ့ချန်ပီယံ ၂၈ ဦးအထိ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top