ဂျွန်နီဒက်ပ် အမှုနိုင်အောင် လုပ်ပေးခဲ့လို့ ဉပေဒအကျိုးဆောင်ကုမ္ပဏီတော်တော်များများက ခေါ်ယူဖို့ကြိုးစားနေတဲ့ ရှေ့နေမလေး

8-6-2022-yyl05.jpg

အသရေဖျက်မှုနဲ့ ဂျွန်နီဒက်ပ် အမှုနိုင်သွားပြီးတဲ့နောက် သူ့ရဲ့ရှေ့နေ ကာမီလီ ဗက်စ်ကွစ်ဇ်ဟာ အမေရိကန်နိုင်ငံရဲ့ ဉပဒေအကျိုးဆောင်ကုမ္ပဏီတော်တော်များများရဲ့အလုပ်ကမ်းလှမ်းစာတွေရရှိနေပါတယ်။ အသက် ၃၇ နှစ်အရွယ် ကာမီလီက ဟောလိဝုဒ်လောကရဲ့ကမ်းလှမ်းချက်ကိုလည်း လက်ခံရရှိထားတယ်လို့ New York Post ရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

ကာမီလီဟာ ဂျွန်နီရဲ့ရှေ့နေအဖွဲ့မှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ခဲ့တာပါ။ ကာမီလီပါဝင်တဲ့ ရှေ့နေအဖွဲ့ဟာ ၂၀၁၈ခုနှစ်မှာ အမ်ဘာဟက်ဒ်ရေးခဲ့တဲ့ ဆောင်းပါးက ဂျွန်နီကို အသရေဖျက်ခဲ့တယ်ဆိုတာကို ဗာဂျီးနီးယားဂျူရီလူကြီးတစ်ဉီး လက်ခံယုံကြည်လာအောင်လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။

Brown Rudnick ဉပဒေအကျိုးဆောင်ကုမ္ပဏီရဲ့ ရှေ့နေ ကာမီလီက ဂျွန်နီဒက်ပ်ရဲ့အမှုကိစ္စမှာ သူ့ရဲ့အရည်အချင်းတွေကို ပြသနိုင်ခဲ့သလို လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးလာခဲ့ပါတယ်။ တရားခွင်အတွင်း အမ်ဘာဟက်ဒ်ကို ပြင်းပြင်းထန်ထန်စစ်ဆေးမေးမြန်းတဲ့ သူ့ရဲ့ဗီ ဒီယိုဖိုင်ကလည်း လူမှုကွန်ယက်ကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။

ရှေ့နေ ကာမီလီရဲ့စွမ်းဆောင်ရည်တွေကြောင့် အမေရိကန်နိုင်ငံရဲ့ဉပဒေအကျိုးဆောင်ကုမ္ပဏီတွေက သူ့ကို သူတို့ရဲ့ဉပဒေအဖွဲ့နဲ့အတူ လက်တွဲလုပ်ကိုင်ဖို့ အပြိုင်အဆိုင်ကမ်းလှမ်းနေကြတာပါ။ ဒါတင်မကသေးပါဘူး။ တီဗီချန်နယ်များစွာရဲ့ကမ်းလှမ်းမှုကိုလည်း လက်ခံရရှိနေပါတယ်။

ကာမီလီက တော်ပြီးထက်မြက်တဲ့၊ နားလည်တတ်ကျွမ်းတဲ့၊ ကျက်သရေရှိတဲ့ရှေ့နေတစ်ယောက်ဖြစ်တယ်ဆိုတာကို ကုမ္ပဏီတွေက အသိအမှတ်ပြုခဲ့တယ်လို့ သတင်းအရင်းမြစ်တစ်ခုက ပြောပါတယ်။ သူ့ရဲ့အရည်အချင်းတွေကြောင့် ကာမီလီ အသိအမှတ်ပြုခံရတာ၊ စတားတစ်ယောက်ဖြစ်တာ တွေ့ရလို့ဝမ်းသာမိကြောင်း Brown Rudnick ဉပဒေအကျိုးဆောင်ကုမ္ပဏီက ပြောပါတယ်။ ကာမီလီက ဂျွန်နီဒက်ပ်ရဲ့ရှေ့နေအဖွဲ့မှာ အဓိကအဖွဲ့ဝင်တစ်ဉီးဖြစ်ခဲ့ပြီး သူ့မှာ တောက်ပတဲ့အနာဂတ်ရှိတယ်လို့လည်း ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

အရင်က ကာမီလီဟာ Brown Rudnick မှာ တွဲဖက်ရှေ့နေဖြစ်ခဲ့ပေမဲ့ အခုတော့ ပါတနာရှေ့နေဖြစ်သွားပါပြီ။ ပါတနာရှေ့နေအဖြစ် သတ်မှတ်လိုက်ပြီဆိုတာကို Brown Rudnick ကုမ္ပဏီက ဇွန်လ ၇ ရက်နေ့မှာ ကြေညာခဲ့တာပါ။

Ref: Mothership “Camille Vasquez flooded with offers from law firms & Hollywood after helping Johnny Depp win defamation suit”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top