စွန့်ပစ်ဖန်ပုလင်းတွေကိုသုံးပြီး ရောင်ပြန်သုတ်ဆေး ဖန်တီးခဲ့တဲ့ ဟောင်ကောင်လူငယ်အင်ဂျင်နီယာနှစ်ဦးရဲ့ ဖန်တီးမှုက Sir James Dyson ဆု ဆွတ်ခူး

21.11.23-yyl-17.jpg

ပြဿနာ (၂)ခုလုံးကို တပြိုင်တည်းဖြေရှင်းပေးနိုင်ခဲ့တဲ့ ဟောင်ကောင်လူငယ် အင်ဂျင်နီယာနှစ်ဦးရဲ့ တီထွင်မှုကတော့ ၂၀၂၃ ခုနှစ်အတွက် ဗြိတိန်နိုင်ငံသား တီထွင်သူ ဆာဂျိမ်းစ်ဒိုင်ဆန် (Sir James Dyson) ချီးမြှင့်တဲ့ဆု ဆွတ်ခူးသွားခဲ့ပါတယ်။ ရော်နယ်ဒိုချန်းနဲ့ ကန်ဂျိုဗီယယ်ရှောင်တို့ နှစ်ဦးက စွန့်ပစ်ဖန်ပုလင်းတွေကို အသုံးပြုပြီး အပူချိန်လျှော့ချပေးနိုင်တဲ့ ရောင်ပြန်သုတ်ဆေးကို တီထွင်ခဲ့ကြတာပါ။

ဟောင်ကောင်မြို့မှာ လျှပ်စစ်ဓာတ်အား သုံးစွဲမှုစုစုပေါင်းရဲ့ ၃၁ ရာခိုင်နှုန်းက လေအေးပေးစက် အသုံးပြုမှုကြောင့် ဖြစ်ပါတယ်။ လူဦးရေ ၇.၄ သန်းရှိတဲ့ ဟောင်ကောင်မြို့ရဲ့ တစ်နေ့တာ အမှိုက်စွန့်ပစ်မှုထဲမှာ ဖန်ပုလင်းပေါင်း ၄၇၀၀၀၀ ဝန်းကျင် ရှိပါတယ်။

သူတို့က ဖန်ပုလင်းတွေကို ကျိတ်ပြီး နေရောင်ခြည် ရောင်ပြန်စေတဲ့ သုတ်ဆေး (E-COATING)ကို ဖန်တီးခဲ့ကြတာပါ။ အဲဒီသုတ်ဆေးကို ခေါင်မိုးတွေ၊ နံရံတွေမှာ သုတ်ထားမယ်ဆိုရင် အဆောက်အအုံအတွင်း အပူချိန်ကို သက်သာလျော့ပါးစေနိုင်လို့ လျှပ်စစ်စွမ်းအင် သုံးစွဲမှုလည်း လျော့ကျသွားမှာပါ။ ဒါဟာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုရော၊ ငွေကုန်ကျမှုရော သက်သာစေတဲ့ တီထွင်ဖန်တီးမှုဖြစ်တယ်လို့ James Dyson Foundation က ထုတ်ပြန်ခဲ့ပါတယ်။

ရော်နယ်ဒိုချန်းနဲ့ ကန်ဂျိုဗီယယ်ရှောင်တို့ဟာ James Dyson Foundation က ပေးအပ်တဲ့ ဆု ရရှိခဲ့တဲ့အတွက် ဆုကြေးငွေ ဒေါ်လာ ၃၀၀၀၀ ကို အသုံးပြုပြီး E-COATING သုတ်ဆေးကို အဆင့်မြှင့်တင်နိုင်တော့မှာဖြစ်သလို အိမ်တွင်းပိုင်း သုတ်ဆေး ထုတ်လုပ်နိုင်မယ့် နည်းလမ်းတွေကိုပါ ရှာဖွေနိုင်တော့မှာ ဖြစ်ပါတယ်။

Ref: 470,000 Glass Bottles Turned into Coating for Slashing Heat – Just Won a 2023 James Dyson Award

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top