Moderna ကိုဗစ်ကာကွယ်ဆေးကို အမေရိကန် FDA အသုံးပြုခွင့်ပေး

21-12-2020-yyl03.jpg

အမေရိကန်နိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA)က Moderna ကိုဗစ်-၁၉ ကာကွယ်ဆေးကို အရေးပေါ်အခြေအနေအတွက် အသုံးပြုခွင့်ပေးလိုက်ပါပြီ။ Moderna ကာကွယ်ဆေးဟာ Pfizer/BioNTech ကာကွယ်ဆေးပြီးနောက် အမေရိကန်နိုင်ငံမှာ အသုံးပြုခွင့်ရရှိတဲ့ ဒုတိယမြောက် ကိုဗစ်ကာကွယ်ဆေး ဖြစ်လာပါပြီ။

အမေရိကန်အစိုးရက Moderna ကာကွယ်ဆေး သန်း ၂၀၀ ဝယ်ယူဖို့ သဘောတူညီထားပြီး ကာကွယ်ဆေး ၆ သန်းကတော့ ဖြန့်ဖြူးဖို့ အသင့်ဖြစ်နေဖွယ်ရှိပါတယ်။ ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ ရောဂါဒဏ် အဆိုးရွားဆုံး ခံစားနေရတဲ့ အမေရိကန်နိုင်ငံမှာ ရောဂါကူးစက်ခံရသူ ၁၇ သန်းကျော်၊ အနည်းဆုံး သေဆုံးသူ ၃၁၁၅၂၉ ယောက် ရှိတယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ကိန်းဂဏန်းအချက်အလက်တွေမှာ ဖော်ပြပါတယ်။

Moderna ကာကွယ်ဆေးက ကိုဗစ်-၁၉ ရောဂါကို ၉၄ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်စွမ်းရှိတယ်လို့ အခုတစ်ပတ် အစောပိုင်းမှာ ဆေးဝါးဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းသူတွေက ပြောပါတယ်။ Pfizer/BioNTech ကာကွယ်ဆေးကို အပူချိန် (- ၇၀) ဒီဂရီဆဲလ်စီးယက်မှာ သိုလှောင်ပြီး ဖြန့်ဖြူးရပေမဲ့ Moderna ကာကွယ်ဆေးကတော့ အပူချိန် (-၂၀) ဒီဂရီဆဲလ်စီးယက်မှာ သိုလှောင်ဖြန့်ဖြူးနိုင်ပါတယ်။ ဆေး ၂ မျိုးလုံးကတော့ ၂ ကြိမ်စီ ထိုးရတဲ့ ကာကွယ်ဆေးတွေချည်းပါပဲ။

Pfizer/BioNTech ကာကွယ်ဆေးက ၂၁ ရက်ခြားပြီး ထိုးရပေမဲ့ Moderna ကာကွယ်ဆေးကတော့ ၂၈ ရက်ခြားပြီး ထိုးရတာပါ။ အမေရိကန်နိုင်ငံရဲ့ ကာကွယ်ဆေးထိုးနှံမှုစီမံကိန်းဟာ လာမယ့်ဧပြီလကျရင် လူသန်း ၅၀ အထိ ကာကွယ်ဆေးထိုးနှံပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

Ref: BBC ” Covid: US approves Moderna as second vaccine”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top