ရော်နယ်ဒိုအထုတ်ခံခဲ့ရပြီး ဘာစီလိုနာနဲ့ပထမအကျော့ပွဲစဉ်မှာ ရီးရဲလ်အနိုင်ရခဲ့

pri_49478146.jpg

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ စပိန်စူပါဖလားပွဲစဉ်မှာ ရီးရဲလ်နဲ့ဘာစီလိုနာ အသင်းဟာ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပြီး ရော်နယ်ဒိုဟာ ၈၀ မိနစ်မှာ ဂိုးသွင်းယူခဲ့ပေမဲ့ ရှပ်အင်္ကျီချွတ်ပြီး အောင်ပွဲခံခဲ့တဲ့အတွက် ကွင်းလယ်ဒိုင်က ရော်နယ်ဒိုကို အဝါကဒ်ပြပြီး သတိပေးခဲ့ပါတယ်။

သို့ပေမဲ့ မိနစ်အနည်းငယ်အကြာမှာပဲ ဘာစီလိုနာကစားသမား ဆင်မြူရယ်အူမ်တီတီ(Samuel Umtiti) ရဲ့ ဖျက်ထုတ်မှုကြောင့် လဲကျသွားခဲ့ခြင်းကို ဟန်ဆောင်ဒိုက်ဗင်ထိုးခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်က  ဒုတိယအဝါကဒ်ကိုထပ်မံပြသခဲ့ပြီး ကွင်းထဲကထွက်ခွာခဲ့ရပါတယ်။

ကွင်းအပြင်အထွက်မှာ ရော်နယ်ဒိုဟာ ကွင်းလယ်ဒိုင် ဒီဘာဂိုစ် ဘန်ဂိုတက်ဇီယာ(De Burgos Bengoetxea) ကို အနောက်ကနေတွန်းခဲ့တဲ့အတွက်  ရော်နယ်ဒိုအနေနဲ့ နောက်ထပ် ပွဲပယ်ပြစ်ဒဏ်များကိုလည်း ဆက်လက်ကျခံနိုင်ပါသေးတယ်။ အခုလို အနီကဒ်ကြောင့် ရော်နယ်ဒိုဟာ ဗုဒ္ဓဟူးနေ့မှာ အိမ်ရှင်အဖြစ် လက်ခံကစားရမဲ့ ဒုတိယပွဲစဉ်ကိုလည်း လွဲချော်တော့မှာ ဖြစ်ပါတယ်။

https://www.youtube.com/watch?v=x-WahyshGY4

ရီးရဲလ်မက်ဒရစ်ဟာ မိနစ် ၅၀ အရောက်မှာ ဘာကာနောက်ခံလူ ဂျာရတ်ပီကေးရဲ့ OG ကြောင့် ၁ ဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ၇၇ မိနစ်မှာ ဆွာရက်ဇ်ကြောင့်ရခဲ့တဲ့ ပယ်နယ်တီကို မက်ဆီက သွင်းယူခဲ့ပြီး ဂိုးရလာဒ်တူညီနေခဲ့ပါတယ်။ ရော်နယ်ဒိုက မိနစ် ၈၀ မှာအနိုင်ဂိုးကိုသွင်းယူခဲ့ပြီး  မာကိုအာဆမ်နိုက မိနစ် ၉၀ အရောက်မှာနောက်ဆုံးဂိုးကို သွင်းယူပေးခဲ့ပြီး ရီးရဲလ်ကို အဝေးကွင်းမှာ ၁-၃ ဂိုးနဲ့အနိုင်ရစေခဲ့ပါတယ်။

Ref : ESPN sports : Cristiano Ronaldo pushes referee following red card in dramatic Super Cup win for Real Madrid

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top