လော်ရီကားတိုက်ခံရမယ့် သမီးငယ်ကို တွန်းထုတ်ကာကွယ်ခဲ့တဲ့မိခင် ကားကြိတ်ခံရလို့ ကွယ်လွန်

Rachael-Martin.jpg

သမီးငယ်ကို လော်ရီကား တိုက်မယ့်အန္တရာယ်ကနေ တွန်းထုတ်ကာကွယ်ခဲ့တဲ့ မိခင်ဟာ လော်ရီ ကားဘီးအောက် ရောက်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ နံနက်မှာ ဗြိတိန်နိုင်ငံ ဝါဝှစ်ရှိုင်းယား (Warwickshire) စီရင်စုမှာ နေထိုင်တဲ့ ရာချယ်မာတင် (Rachael Martin) ဟာ သူ့သမီးနှစ်ယောက်ကို ကျောင်းလိုက်ပို့ခဲ့ခဲ့ပါတယ်။ သူတို့ သားအမိသုံးယောက် လျှောက်နေတဲ့လမ်းရဲ့ လမ်းဆုံမှာ ကားတင်တဲ့ လော်ရီကားကြီး တစ်စီးက နောက်ဆုတ်နေပြီး ရာချယ်မာတင်ရဲ့ သမီးတစ်ယောက်က ကလေးစီးဆိုင်ကယ် (Scooter)ကို လော်ရီကားရှိရာဆီ
ဦးတည်ခဲ့မိပါတယ်။

အဲဒီအချိန်မှာ ရာချယ်မာတင်က လော်ရီကား တိုက်ခံရတော့မယ့် သူ့သမီးကို တွန်းထုတ်ခဲ့ရာမှာ လော်ရီကား တိုက်ခံရပြီး ကားအောက်ရောက်သွားခဲ့တာပါ။ ရာချယ်မာတင်ရဲ့ သမီးနှစ်ယောက်အနက် ကလေးစီးဆိုင်ကယ်စီးခဲ့တဲ့ ကလေးငယ်ကတော့ တင်ပါးဆုံဒဏ်ရာရခဲ့လို့ အရေးပေါ်ရဟတ်ယာဉ်နဲ့ ဘာမင်ဂမ်ဆေးရုံ (Birmingham Children’s Hospital)ကို တင်ပို့ခဲ့ရပြီး အသက် အန္တရာယ် မစိုးရိမ်ရဘူးလို့ ဒေးလီးမေးလ်က ဖော်ပြပါတယ်။ ရာချယ်မာတင်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းက ရာချယ်ဟာ သူ့ဘဝအချိန်တိုင်းမှာ သမီးနှစ်ဦးအတွက် အသင့်ရှိခဲ့ပြီး ဘဝရဲ့တိုက်ပွဲတွေကို အရှုံးမပေးဘဲ ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့သူလို့ ဂုဏ်ပြုခဲ့ပါတယ်။ ရာချယ်မာတင်ဟာ ကွယ်လွန်ချိန်မှာ အသက်(၂၉)နှစ်အရွယ်ပဲ ရှိပါသေးတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top