မသန်စွမ်းသူ တစ်ယောက်ကို လေယာဉ်ပေါ်သို့ တွားသွားခိုင်းခဲ့တဲ့ ဂျပန်လေကြောင်းလိုင်း

maxresdefault.jpg

ဂျပန်နိုင်ငံ စရိတ်နည်းလေကြောင်းလိုင်း တစ်ခုဖြစ်တဲ့ Vanilla Air Line ဟာ ဝှီးလ်ချဲ စီးခရီးသည် တစ်ဦးဖြစ်တဲ့ ဟီဒီတို ကီဂျီမာ(Hideto Kijima) ကို လုံခြုံရေးအရကြောင့် ဝှီးလ်ချဲနဲ့ တက်ခွင့်မပြုဘဲ ဝှီးလ်ချဲ ကို ထားခဲ့ပြီး လေယာဉ်ပေါ်တက်ရန် ပြောဆိုခဲ့ပါတယ်။

ဒါကြောင့် မစ္စတာဟီဒီတို ကီဂျီမာဟာ ဝှီးလ်ချဲကိုထားခဲ့ပြီး လေယာဉ်ပေါ်ကို ၁၇ ထစ်ရှိတဲ့ လှေကားမှတဆင့် တွားသွားပြီးတက်ခဲ့ရပါတယ်။

မစ္စတာ ဟီဒီတို ကီဂျီမာ (Hideto Kijima) ဟာ ၁၉၉၀ ခန့်က ရတ်ဘီ ဘောလုံးပြိုင်ပွဲတစ်ခုမှာ ဒဏ်ရာရရင်း လေဖြတ်ခဲ့သူတစ်ယောက်ဖြစ်ပြီး ဂျပန်နိုင်ငံက လေကြောင်းလိုင်းတစ်ချို့မှာ အရင်ကတည်းက မသန်စွမ်းသူများအတွက် လိုအပ်တဲ့ ကိရိယာတွေ မရှိခဲ့ဘူးလို့ပြောခဲ့ပါတယ်။

မစ္စတာ ကီဂျီမာ (Kijima) ဟာ နိုင်ငံပေါင်း ၁၅၈ နိုင်ငံကျော်သွားခဲ့သူတစ်ယောက်ဖြစ်ပြီး လေဆိပ်ပေါင်း ၂၀၀ ကျော်လောက်ကို အသုံးပြုခဲ့ဖူးသူတစ်ယောက် ဖြစ်ပေမဲ့ ဒီလို ဆက်ဆံခြင်းခံရတာကတော့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်တော် ဒီလို တင်းကျပ်တဲ့ စည်းမျဉ်းတွေကြောင့် အံ့ဩသွားခဲ့ပါတယ်။ ဒါပေမဲ့ လေဆိပ်ဝန်ထမ်းတွေကလည်း ဒီလိုလုပ်တာကို သူတို့မှန်ကန်တယ်လို့ ထင်နေကြတယ်။ ကျွန်တော် လမ်းမလျှောက်နိုင်လို့ လေယာဉ်မစီးရဘူးဆိုတာ လုံးဝမဖြစ်သင့်ပါဘူး။ ဒါဟာ လူအခွင့်အရေး ချိုးဖောက်တာပါပဲ” လို့ပြောဆိုခဲ့ပါတယ်။

Vanilla Air Line ကတော့ ဒီလိုအဖြစ်အပျက်ဖြစ်ခဲ့တဲ့အတွက် ဝမ်းနည်းကြောင်းပြောဆိုခဲ့ပြီး  ဝှီးလ်ချဲအသုံးပြုသူများကို ကူညီပေးမဲ့ လုပ်သားတွေကို စတင်ခန့်အပ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။ Amami လေဆိပ်မှာ Vanilla Air Line က boarding bridge ကို အသုံးပြုခွင့်မရတဲ့အတွက် အခုချိန်ကစပြီး မသန်စွမ်းသူများအတွက် လေကြောင်းလိုင်းပိုင် ဝှီးလ်ချဲများကို စီစဉ်ပေးထားတယ်လို့ ပြောခဲ့ပါတယ်။

Ref : BBC News : Japanese airline forces disabled man to crawl aboard

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top