၂၀၂၀ နှင့် ၂၀၂၁ မြန်မာ့စီးပွားရေး အလားအလာအပေါ် ကမ္ဘာ့ဘဏ်၏ သုံးသပ်ချက်

business-saving-growth-economic-concept-PNJSM3S.jpg

Image of pile of coins with plant on top for business, saving, growth, economic concept

မြန်မာ့ ပြည်တွင်း ပြည်ပ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှုန်းသည် ဖြည်းညှင်းစွာ အားကောင်း၍ ကျန်ရှိနေပါသည်။ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်တွင် ပြည်တွင်းကုန်သွယ်ရေး နှင့် ဆက်သွယ်ရေးကဏ္ဍ ဆောင်ရွက်မှု မြင့်မားလာသည့် အလျှောက် မြန်မာ့ စီးပွားရေးသည် ၆.၈ ရာခိုင်နှုန်း တိုးမြှင့်လို့လာခဲ့ပါသည်။ သို့သော် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တွင် နိုင်ငံတော်၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုတန်ဖိုး စုစုပေါင်း ၆.၂ ရာခိုင်နှုန်း အထိ အတန်အသင့် ကျဆင်းသွားခဲ့ပါသည်။

သို့ပါလျှက် ကျယ်ပြန့်သောအမြင်ဖြင့် စီးပွားရေးဆိုင်ရာလေ့လာမှု (macroeconomic) များအရ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တွင် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခန်းကဏ္ဍ၏ မြန်မာ့ကုမ္ပဏီများ ဆိုင်ရာ ဥပဒေ ထုတ်ပြန်ချက်များအရ ပြင်ဆင် လုပ်ဆောင်ချက်များကြောင့် စီးပွားရေးအလားလာများ ၆.၇ ရာခိုင်နှုန်းအထိ ပြန်လည် ကောင်းမွန်လာဟန်ရှိ နေပါသည်။ ထို့အပြင် ပြည်ပရင်နှီး မြှုပ်နှံသူများအတွက် အခွင့်အလမ်းသစ်များ ဖြစ်သည့် အာမခံလုပ်ငန်း အခန်းကဏ္ဍ၊ ကုန်စည် လက်လီဖြန့်ချီမှု လုပ်ငန်း အခန်းကဏ္ဍ၊ ဝန်ဆောင်မှု အခန်းကဏ္ဍများ တွင် ပိုမိုပါဝင် အကျိုးအမြတ် ဖြစ်ထွန်းနိုင်စေရန် အကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိပါသည်။

 

လက်တလော စီးပွားရေး ပြုပြင်လုပ် ဆောင်ချက်များတွင် အဓိက ပါဝင်သည့် လုပ်ဆောင်ချက်များ ဖြစ်သော အောက်ပါသတင်းများအား ဖော်ပြပေးလိုက်ပါသည်။ နိုင်ငံခြား အာမခံကုမ္မဏီ ငါးခုအား မြန်မာနိုင်ငံ လုပ်ငန်းလိုင်စင် လျှောက်ထားရန် ဖိတ်ခေါ်ထားခြင်း၊ နိုင်ငံခြား ဘဏ်ကုမ္ပဏီများအား မြန်မာနိုင်ငံတွင် အကျိုးတူ လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန် လမ်းဖွင့်ပေးထားခြင်း၊ တရုတ်ငွေကြေးဖြစ်သည့် ယွမ် (Yuan) နှင့် ဂျပန်ငွေကြေး ဖြစ်သည့် ယန်း (Yen) တို့ကို တရားဝင် ကုန်သွယ်မှုငွေကြေး အဖြစ် အသုံပြုနိုင်ရန် အတည်ပြုဆောင်ရွက်ခြင်း၊ အီလက်ထရွှန်နစ်စနစ်ကို အခြေခံသည့် ငွေကြေးပေးချေတင်သွင်း နိုင်မည့်စနစ်များ စတင် မိတ်ဆက်ပေးခြင်း များကို ဦးတည် ဆောင်ရွက်လျှက် ရှိပါသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်မှာ ပုံဖော်မျှော်လင့်ထား သည့်အတိုင်း ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို အရှိန်မြင့်ပြီး အများပြည်သူကဏ္ဍ ရင်းနှီးမြှုပ်နှံမှု လျာထားချက်၊ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းပါဝင်မှုတွေကြောင့် စီးပွားရေးအပေါ် ခြုံငုံရှုမြင်မှု တည်ငြိမ်အားကောင်းပြီး မြန်မာနိုင်ငံရဲ့ တက်ရိပ်ပြနေတဲ့ အရှိန်အဟုန်ကို ဆက်ထိန်းဖို့ အထောက်အပံ့ ဖြစ်စေမည့်အပြင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး လျာထားချက်တွေနဲ့ ကိုက်ညီစေပါလိမ့်မည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ လာ ကမ္ဘောဒီးယား အမှုဆောင် ဒါရိုက်တာ အယ်လန် အေ. ဂိုး(ဒ်)စတိန်း မှ မှတ်ချက်ပြု ဖော်ပြထားပါသည်။

မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top