အိပ်မက်ယောင်ပြီး လက်ထပ်လက်စွပ်ကို မျိုချမိတဲ့ အမျိုးသမီး ခွဲစိတ်မှုခံယူခဲ့ရ

yyl-016-6.jpg

အမေရိကန်အမျိုးသမီးတစ်ယောက်ဟာ အိပ်မက်ယောင်ပြီး လက်ထပ်လက်စွပ်ကို မျိုချမိခဲ့လို့ ခွဲစိတ်မှုလုပ်ခဲ့ရပါတယ်။ အသက်(၂၉)နှစ်ရှိတဲ့ ဂျင်နာအီဗန်ဟာ ခင်ပွန်းလောင်း ဘော်ဘီနဲ့အတူ အမြန်ရထားစီးနေတုန်း လူဆိုးတွေနဲ့ကြုံရချိန်မှာ လက်ထပ်လက်စွပ် အလုမခံရအောင်လို့ မျိုချလိုက်တယ်ဆိုပြီး အိပ်မက်မက်ခဲ့ပါတယ်။ အိပ်မက်က နိုးလာချိန်မှာ သူ့လက်က လက်စွပ်မရှိတော့ပါဘူး။ အဲဒီအချိန်မှာ အီဗန်က လက်စွပ်ကို မျိုချလိုက်မိပြီဆိုတာသဘောပေါက်သွားပါတယ်။

အဲဒါကြောင့် ခင်ပွန်းလောင်းကိုနှိုး၊ အကျိုးအကြောင်း ပြောပြပြီး ဆေးရုံသွားခဲ့ပါတယ်။ သူ့အဖြစ်ကို ပြန်ပြောရတာ ရယ်ရမလို၊ ငိုရမလိုဖြစ်နေလို့ တော်တော်ကြိုးစားပြီး ရှင်းပြခဲ့ရပါတယ်။ X-ray ရိုက်ကြည့်တော့ သူ့ဗိုက်ထဲကမှာ ၂.၄ ကာရက်ရှိတဲ့ လက်စွပ်ကို တွေ့ရပါတယ်။ အစာဟောင်းစွန့်ရင် လက်စွပ်ပြန်မထွက်လာနိုင်ဘူးလို့ ဆရာဝန်တွေက ဆုံးဖြတ်ခဲ့တာကြောင့် ဗိုက်ခွဲပြီး လက်ထပ်လက်စွပ်ကို ပြန်ထုတ်ယူခဲ့ရပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top