ညအိပ်ခါနီး သီချင်းနားထောင်ခြင်းနှင့် ကျန်းမာရေး ကောင်းကျိုး

yyl-036-3.jpg

အနောက်တိုင်း ဆေးပညာ ရှင်တွေ ပြောထားတာပါ။ ညအိပ်ရာဝင်ခါနီး သီချင်းနားထောင်ခြင်းက မှတ်ဉာဏ်ကောင်းစေပြီး စိတ်ရှုပ်ထွေးနေမှု ကို လျော့ချပေးတယ်လို့ ဆိုပါတယ်။

အချို့ဆို နားကြပ်နားမှာ တပ်ရင်းနဲ့တောင် အိပ်ပျော်ပါတယ်။ အဲဒါမျိုး ကျ မကောင်းပါဘူး။ တပ်ထားတဲ့ နားကြပ်ကြောင့် နား နဲ့ ဦးနှောက်တစ်ဝိုက် ကျန်းမာရေးကိုတောင် ထိခိုက်စေနိုင်ပါသေးတယ်။ အလွယ်ကူဆုံး ကတော့ ဖုန်းစပီကာကနေပဲ ဖြစ်ဖြစ် timer ပေးပြီး သီချင်းနားထောင်လို့ အိပ်တာမျိုးပေ့ါ။

ဖွင့်ရမယ့် သီချင်းက ဆူညံနေလို့ မရပါဘူး။ acoustic အမျိုးအစားကို ပိုဦးစားပေးပြီး ဆူညံပွက်လောရိုက်နေမယ့် သီချင်းတွေ ကိုတော့ ရှောင်ဖို့ လိုပါမယ်။ ညအိပ်ခါနီး သီချင်းရဲ့ သံစဉ် လှိုင်း ရိုက်ခက်မှုကြောင့် ဦးနှောက်အတွင်းက ဆဲလ်တို့ရဲ့ လုပ်ဆောင်ချက် ကို ပိုမို ကောင်းမွန် စေ တယ်လို့ဆိုပါတယ်။ အခြားအချိန်မှာ နားထောင်တာနဲ့ ညတိတ်ဆိတ်လို့ အနားယူခါနီး အချိန် နားထောင် ရတာနဲ့ အကျိုးသက်ရောက်ပုံ မတူဘူးပါဘူး။

ဒါကြောင့် အိပ်ရာဝင်ခါနီး သီချင်းနားထောင်ခြင်းက ဦးနှောက် ကျန်းမာရေး ကိုအထောက်အကူ ပြုကြောင်း သိရပါတယ်။

Ref: medic-facts

အောင်ခမ်း ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top