မြန်မာနိုင်ငံမှလူငယ်များသည် ဒစ်ဂျစ်တယ်စီးပွားရေးဈေးကွက်အတွင်း Influencer များအပေါ် စိတ်ဝင်စားမှု အပြည့်ရှိ

WP-3.jpg

မြန်မာနိုင်ငံသည် ကမ္ဘာ့မှတ်တမ်းတစ်လျှောက်တွင် အလွန်သိသာထင်ရှားသော ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုကြီးကို တွေ့ကြုံလာနေသည်ဟု အများကသိရှိထားပြီးဖြစ်သည်။ အမှတ်တံဆိပ်နှင့် ဆက်သွယ်ဆောင်ရွက်ရေးလုပ်ငန်းဆိုင်ရာ ဈေးကွက်လေ့လာဆန်းစစ်ချက်တစ်ရပ်အရ မြန်မာနိုင်ငံအတွင်းရှိ မျိုးဆက်သစ်လူငယ်များသည် အွန်လိုင်းရှိ Influencer တို့၏ ပြောဆိုမှုများအပေါ် အထူးစိတ်ဝင်စားမှုများ ရှိနေကော Influencer ခေတ်ဟုခေါ်သော ခေတ်ကာလအသစ်တစ်ရပ်ထံသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာနေကြပြီဖြစ်သည်။

အွန်လိုင်း Influencer ဆိုသူများသည် လူမှုကွန်ယက်နှင့် ဒစ်ဂျစ်တယ်မီဒီယာတို့တွင် လူအများကစောင့်ကြည့်ခံနေရသူများ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်နယ်ပယ်သည် အရှိန်အဟုန်ဖြင့် တိုးတက်လာသောကြောင့် Influencer များသည် လူငယ်များ၏ ယုံကြည်မှုကို လျင်မြန်စွာရရှိလာခဲ့သည်။ ဤလေ့လာဆန်းစစ်ချက်ကို ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ အွန်လိုင်း Influencer များသည် မြန်မာလူငယ်များအပေါ် မည်မျှလွှမ်းမိုးမှုရှိနေသည် ဆိုသည်ကို တိုင်းတာသိရှိနိုင်ရန် ဖြစ်သည်။

စီးပွားရေးရှုထောင့်မှ ကြည့်မည်ဆိုလျှင် ဤလေ့လာဆန်းစစ်ချက်တွင်ပါဝင်ဖြေဆိုခဲ့သော မြန်မာနိုင်ငံသားများက ပြောကြားသည်မှာ Influencer များက ကုန်ပစ္စည်းများ၏ အရည်အသွေးကို ထောက်ခံပြောဆိုခြင်းကို (အများစုသည် ယင်းသို့ထောက်ခံမှုမှာ အမှန်တကယ်ကောင်းမွန်ကြောင်းယူဆ) နှစ်သက်သဘောကျကာ၊ ထိုသို့ ထောက်ခံပြောဆိုခြင်းကို မိမိမိတ်ဆွေများက ပြောဆိုသကဲ့သို့ပင် အခြားကြော်ငြာပုံစံများထက် ပို၍ ယုံကြည်ကြသည်။

အရှေ့တောင်အာရှရှိ PR၊ ဆိုရှယ်၊ ဒစ်ဂျစ်တယ်လုပ်ငန်း Vero သည် ရန်ကုန်မြို့နေ အသက် (၁၆) နှစ်မှ (၃၅) နှစ်အတွင်းရှိသူများကို အမေးအဖြေများပြုလုပ်ပြီး ဤလေ့လာဆန်းစစ်ချက်ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ “မြန်မာနိုင်ငံရှိ Influencer များ၏ ခေတ်ဦး (The Rise of Influencers in the Golden Land)” ဟု အမည် ပေးထားသော ဤလေ့လာဆန်းစစ်ချက်စာတမ်းကို http://vero-asean.com တွင် အခမဲ့ ဒေါင်းလုတ် ရယူနိုင်သည်။

မြန်မာ့လူငယ်ထုကို လေ့လာဆန်းစစ်ခြင်း

ဤလေ့လာဆန်းစစ်ချက်အရ Influencer တစ်ဦးဆိုသည်မှာ ယဉ်ကျေးမှုနှင့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုတစ်ခုအတွက် လူမှုကွန်ရက်မီဒီယာပေါ်တွင် စောင့်ကြည့်သူအလုံအလောက်ရှိနေသည့် ဘလော့ဂါ သို့မဟုတ် အွန်လိုင်းပေါ်တွင် ကျော်ကြားမှုရှိသူကိုဆိုလိုသည်။ ကုန်ပစ္စည်းတစ်ခုအပေါ် Influencer များ၏ Follower များက စိတ်ဝင်စားလာကြရန် ပြုလုပ်နိုင်သည့်အစွမ်းမျိုးရှိသည့်အတွက် အခြေခံအားဖြင့် သမားရိုးကျ ကြော်ငြာရန် စိတ်မဝင်စားသည့် ဈေးကွက်ရှာဖွေသူများအနေဖြင့် Influencer များကိုအသုံးပြုရန် သင့်လျော်သည်။ Influencer များဟုဆိုရာတွင် အလှအပရေးရာ၊ ဖက်ရှင်ရေးရာဘလော့ဂါများ၊ ခရီးသွားခြင်းနှင့် အစားအသောက်ပိုင်းကို စိတ်ဝင်စားသူများ၊ ဖျော်ဖြေရေးသက်သက်တင်ဆက်သူများ စသည်ဖြင့် ပုံစံမျိုးစုံဖြင့် နယ်ပယ်မျိုးစုံတွင်ရှိနေသည်။ အချို့သည် အခြားမီဒီယာများပေါ်တွင် ထင်ရှားကျော်ကြားသူများဖြစ်သည်။ သို့ရာတွင် အများစုသော Influencer များသည် အွန်လိုင်းပေါ် တွင် ၎င်းတို့၏ နာမည်အမှတ်တံဆိပ်များကို အောင်မြင်စွာတည်ဆောက်ထားနိုင်သော သာမန်လူသားများပင်ဖြစ်သည်။

ဤစစ်တမ်းမှရလဒ်များသည် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ယဉ်ကျေးမှုမှာ နှစ်အနည်းငယ်အတွင်း မည်မျှခရီးပေါက်ခဲ့သည်ကို ဖော်ပြလျက်ရှိသည်။ မြန်မာနိုင်ငံ၏ Gen Z မျိုးဆက်များကို Influencer များအား ယုံကြည်မှု စံနှုန်းကို သတ်မှတ်သည့် မေးခွန်းကိုမေးမြန်းရာတွင် သမားရိုးကျကြော်ငြာပုံစံအားလုံးထက် စံနှုန်းသတ်မှတ်ချက် (၁၀) တွင် (၆.၉) အထိယုံကြည်မှုရှိကြောင်း ဖြေဆိုခဲ့ကြသည်။ မြန်မာနိုင်ငံတွင်း Follower များအား စစ်တမ်းကောက်ခံမှုအရ (၈၅) ရာခိုင်နှုန်းကျော်သည် Influencer များမှ ကုန်ပစ္စည်းကြော်ငြာခြင်းကို ထောက်ခံအားပေးကြသည်။ (၆၀) ရာခိုင်နှုန်းမှာ Influencer များမှ ကြော်ငြာသောကုန်ပစ္စည်းများကို ပိုမိုယုံကြည်လေ့ရှိကြသည်။ (၃၉) ရာခိုင်နှုန်းသည် ထိုကြော်ငြာများအားဖြင့် လက်တွေ့ဝယ်ယူကြသူများ ဖြစ်ကြသည်။ စာတမ်းတွင်ပါဝင်ဖြေဆိုသူတစ်ဦးက “Influencer တွေက အရမ်းမိုက်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင်း ဖြေဆိုသူအများစုသည် ကုန်ပစ္စည်းများအကြောင်းကို ၎င်းတို့၏ မိတ်ဆွေများနှင့် မိသားစုထံမှ လေ့လာသိရှိနေရဆဲဖြစ်သော်လည်း Influencer များသည် အခြားဈေးကွက်ရှာဖွေရေးနည်းဗျူဟာများအရ သုံးစွဲသူများ၏ ဝယ်ယူရေးဆုံးဖြတ်ချက်ကို သေချာအောင်ပြုလုပ်ပေးနိုင်သူများအဖြစ် ရပ်တည် နိုင်မည်ဖြစ်ကြောင်း ညွှန်ပြလျက်ရှိသည်။ ဤအခြေအနေသည် ပြောင်းလဲလာပုံရှိသော်လည်း Gen Z မျိုးဆက်များအနေဖြင့် Influencer များမှတစ်ဆင့်သိရှိသော ကုန်ပစ္စည်းများကိုဝယ်ယူနိုင်ချေမှာ Millenial မျိုးဆက်များထက် (၁၀) ရာခိုင်နှုန်း ပိုများလျက်ရှိသည်။ (၃၈ ရာခိုင်နှုန်းနှင့် ၂၈ ရာခိုင်နှုန်း)။

အမှန်စင်စစ်တွင် မြန်မာနိုင်ငံ၏ Gen Z မျိုးဆက်နှင့် Millenial မျိုးဆက်များကြားရှိ Generation ကွာဟချက်မှာ Influencer များသည် ကုန်ပစ္စည်းများနှင့် အကျွမ်းဝင်စေသည့် အဓိကရင်းမြစ်ဖြစ်သည်ဟူသောအချက်နှင့် သက်ဆိုင်ခြင်းမရှိဘဲ အသက်အရွယ်ပိုငယ်သောလူငယ်များမှာ ဒစ်ဂျစ်တယ်နှင့် ကြီးပြင်းလာမှုကြောင့်သာဖြစ်သည်။ Gen Z မျိုးဆက်များမှာ ၎င်းတို့၏ ဝင်ငွေမှာ ယေဘုယျအားဖြင့် နည်းပါးသော်လည်း (၃၄) ရာခိုင်နှုန်းသော Millennial မျိုးဆက်များနှင့် နှိုင်းယှဉ်ရလျှင် (၄၄) ရာခိုင်နှုန်းသော Gen Z မျိုးဆက်များသည် Influencer များမှ ကြော်ငြာသောကုန်ပစ္စည်းများကိုဝယ်ယူကြောင်း ပြောဆိုခဲ့ကြသည်။ ယင်းကြော်ငြာများကို သိရှိကြသောရင်းမြစ်များမှာလည်း များစွာကွဲပြားနေကြသေးသည်။ Gen Z မျိုးဆက်များသည် လူအများစုအသုံးပြုကြသည့် Facebook တွင်သာမက အခြားသောအွန်လိုင်းမီဒီယာ Platform များတွင်ပါ Influencer များအား Follow လုပ်ကြသည်။ Gen Z မျိုးဆက်များသည် Youtube ကို (၃၄) ရာခိုင်နှုန်း နှင့် Instagram ကို (၂၃) ရာခိုင်နှုန်း အသုံးပြုနေကြစဉ်တွင် Millennial မျိုးဆက်များသည် Youtube ကို (၁၉) ရာခိုင်နှုန်း၊ Instagram ကို (၁၃) ရာခိုင်နှုန်းသာ အသုံးပြုလျက်ရှိကြသည်။

မြန်မာ့ပထမဆုံး လှုမှုကွန်ရက်မျိုးဆက်၏အမြင်ကိုချဲ့ထွင်ခြင်း

ဤလေ့လာမှုစာတမ်း၌ ဝင်ငွေနှင့် ကျား၊ မ (လိင်) ပေါ်မူတည်ပြီး ကွဲလွဲသွားသည့်အပြုအမူဆောင်ရွက်ခ က်များကိုလည်း ဖော်ပြထားသည်။ ဝင်ငွေပိုကောင်းသော ရန်ကုန်မြို့နေသူများသည် Facebook တွင်သာမက အခြားဆိုရှယ်မီဒီယာပလက်ဖောင်းများကိုအသုံးပြုကြပြီး နေ့စဉ်ဝင်ရောက်အသုံးပြုခြင်း၊ Post များတွင် ပါဝင်တုံ့ပြန်ခြင်း၊ ကြော်ငြာများကိုယုံကြည်ခြင်း၊ ကြော်ငြာပစ္စည်းများကိုဝယ်ယူခြင်းနှင့် သုံးစွဲခြင်းတို့ကို ပိုမိုပြုလုပ်လေ့ရှိသည်။ အမျိုးသမီးများသည် Influencer များကို Follow လုပ်ပြီး Engage လုပ်ကြသည့်အပြင် Influencer မှ ထောက်ခံပေးသည့် ကုန်ပစ္စည်း များကို ဝယ်ယူတတ်ကြသည်။ ထို့အပြင် Influencerကို ကြိုက်နှစ်သက်သဖြင့် ကုန်ပစ္စည်းဝယ်ယူမှုကို ပြုလုပ်လေ့ရှိသည်။ အမျိုးသားများမှာမူ Youtube Video Content ကို ပိုမိုသဘောကျပြီး Influencer ၏ ပုံစံအပြုအမူထက် ၎င်းတို့၏အမြင်ကို ပိုမို၍ အလေးထားသည်။

ဤလေ့လာစမ်းစစ်ချက်စာတမ်းတွင် Influencer များအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်အလက်များဖြင့် အဆုံးသတ်ထားသည်။ Follower များ တွေ့မြင်လိုသည့် အကြောင်းအရာများအပေါ်မူတည်ပြီး အရည်အသွေးမြင့် Content များဖန်တီးခြင်း၊ သင့်လျော်သောပရိသတ်ရှာဖွေခြင်း၊ မြန်မာ Identityနှင့် ကောင်းသော Character တည်ဆောက်ခြင်း၊ အခြားသောဆိုရှယ်မီဒီယာပလက်ဖောင်းအသစ်များအား စူးစမ်းလေ့လာခြင်းတို့အပြင် မိမိ၏ ပုံစံနှင့် မိမိအသုံးပြုသောကုန်ပစ္စည်းများအကြောင်း ပွင့်လင်းစွာ ပြောဆိုနိုင်ရန် လိုအပ်ကြောင်းကိုလည်း ဖော်ပြထားသည်။

အချုပ်ဆိုရလျှင် ဤလေ့လာစမ်းစစ်ချက်စာတမ်းသည် မြန်မာနိုင်ငံရှိ မြို့ပြနေလူတန်းစားသည် အချိန်တိုအတွင်းတွင် လူမှုကွန်ရက်သုံးစွဲမှုအပေါ်လိုက်၍ ၎င်းတို့၏ သဘောထားများ၊ ကြိုက်နှစ်သက်မှုများနှင့် စိတ်ဝင်စားမှုများ ပြောင်းလဲလာသည့်အကြောင်းကို ရေးသားဖော်ပြထားခြင်းဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top