အပတ်စဉ်ဗေဒင်ဟောစာတမ်းကဏ္ဍ (၉-၆-၂၀၁၉ မှ ၁၅-၆-၂၀၁၉ ရက်နေ့အထိ)

Bay-Din-9to15-june.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၉-၆-၂၀၁၉ မှ ၁၅-၆-၂၀၁၉ ရက်နေ့အထိ) တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ Unicode/ Zawgyi version နှစ်မျိုးနဲ့ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွက် တနင်္ဂနွေသားသမီးတို့၏ စီးပွားရေးလုပ်ငန်းများ အနည်းငယ်အညံဘက်ပါသွားပြီဖြစ်သည်။ လုပ်လက်စလုပ်ငန်းများ အနည်းငယ်ကျဆင်းလာမည်။ ပြည်ပမှပစ္စည်း တင်သွင်းသူများလည်း အခက်အခဲရှိ နေလိမ့်မည်။ တောင်သူလယ်သမားများကတော့ အဆင်ပြေနေမည်ဖြစ်သည်။ ကျန်းမာရေးအနေဖြင့် မျက်လုံး၊နှင့် အရိုးရောဂါရှင်များ သတိထားရမည့်အချိန်ဖြစ်ပါသည်။၊ အချစ်ရေးကံကောင်းနေပြီး အိမ်ထောင်ရှင်များကတော့ ယခုရက်ပိုင်းအတွင်း လုပ်ငန်းကိစ္စဖြင့် ခွဲနေရတတ်သည်။ နှစ်ဘက်မိဘအကြောင်းပြုသော ရန်ပေါ်တတ်သည်။ ပညာရေးသမားများ ရာထူးစာမေးပွဲဖြေရပါက ကောင်းပါသည်။ စက်ပစ္စည်းဝင်တတ် ထွက်တတ်ပါသည်။ ဝန်ထမ်းများ အခြေအနေကောင်းပါသည်။

အကျိုးပေးဂဏန်းမှာ – ၁၊ ၆၊၂ ယတြာ – ဘုရားတွင် အုန်းသီးပါသောမုန့်လှူပါ။

တနင်္လာ

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့ စီးပွားရေးလုပ်ငန်းများကို အတော်လေးသတိထား လုပ်ကိုင်ရမည်အချိန်ဖြစ်သည်။ အစုအစပ်လုပ်ငန်းများတွင် ဆုံးဖြတ်ချက်တစ်ခုအမှားဖြစ်ပါက အားလုံးပြိုကျသွားမည့်အခြေအနေရှိနေသည်။ ထို့ကြောင့် ဆုံးဖြတ်ချက်များကို သတိထားလုပ်ကိုင်ရမည်။ ဆုံးဖြတ်ချက်အမှားကြောင့် အစုရှယ်ယာလုပ်ကိုင်သူများနှင့် စကားပြောရမည်။ လောင်စာဆီရောင်းဝယ်သူများ အထူးသတိထားရမည့် အချိန်ဖြစ်သည်။ ကျန်းမာရေးအနေနှင့် အသည်း၊ သရက်ရွက်နှင့်ဆိုင်သော ရောဂါခံစားနေရသူများ သတိထားကုသရလိမ့်မည်။ ပြင်ပထိခိုက်ခြင်းလည်း ဖြစ်တတ်သည်။ အချစ်ရေးအနေနှင့် ချစ်စရာကောင်းသောချစ်သူကို ရရှိလိမ့်မည်။ အိမ်ထောင်ရေးအခြေအနေကောင်းပါသည်။ ပညာရေးကောင်းပါသည်။ ဝန်ထမ်းများ စိတ်ညစ်ရမည်။

အကျိုးပေးဂဏန်း – ၂၊ ဝ၊ ၃။ ယတြာ– နွမ်းပါးကလေးငယ်များကို မုန့်ကျွေးပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးများ စီးပွားရေးလုပ်ငန်းမှာ ဦးမော့လာသည့်အချိန် ဖြစ်သည်။ သူတစ်ပါးစီးပွားရေးအခက်ဖြစ်ချိန်တွင် မိမိစီးပွားရေးအတွက်အချက်ဖြစ်နေတတ်သည်။ ယခုအချိန်တွင် ငွေကြေးကိုအခြေခံသောလုပ်ငန်းများ ဦးမော့သွားပါလိမ့်မည်။ ကား၊ စက်ပစ္စည်းများ ကံကောင်းနေသည်။ ဆောက်လုပ်ရေးလုပ်ငန်းများလည်း အဆင်ပြေမည်။ ကျန်းမာရေးအနေနှင့် ဆီး၊ ကျောက်ကပ်သတိထားရလိမ့်မည်။ ဆီးချိုသမားများ အစားကြောင့် ဆေးခန်းပြရတတ်သည်။ အချစ်ရေးတွင် အလွန်ညံ့နေပြီး ချစ်သူနှင့် ပြတ်စဲရမည့်အခြေအနေဖြစ်နေတတ်သည်။ မိမိဘက်ကလျော့ပေးသင့်ပါသည်။ အိမ်ထောင်ရှင်များ ကံကောင်းသော်လည်း ခွဲမွေးမည့်မိခင်လောင်းများ သတိထားရန်လိုပါသည်။ ပညာရေးသမားများ စိတ်ချမ်းသာရမည်။ ဝန်ထမ်းများသတိပြုရန်မှာ လူကြီးကြောင့် ဌာနတွင်းစစ်တွင် ကိုယ်ပါ အစစ်ဆေးခံရတတ်သည်။

အကျိုးပေးဂဏန်း – ၃၊ ၁၊ ၄။ ယတြာ – ရဟန်းတစ်ပါးကို လှူဖွယ်ပစ္စည်းနှင့် ဆေးဝါးများ လှူပေးပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ရွှေလုပ်ငန်း၊ ငွေကြေးလုပ်ငန်း၊ တည်းခိုခန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူဗုဒ္ဓဟူးသားသမီးတို့ အနည်းငယ်ညံ့နေလိမ့်မည်။ ကျောက်မျက်ရတနာလုပ်ငန်းနှင့် တောင်ယာလုပ်သူများ စီးပွားကောင်းပါလိမ့်သည်။ ငွေကြေးကြောင့် စိတ်ညစ်ရတတ်သည်။ ဘုရားတွင် သန့်ရှင်းရေးလုပ်လိုက်ပါက ကံကောင်းလာပါလိမ့်မည်။ ကျန်းမာရေးအနေဖြင့် ဆီးချို၊ ကျောက်ကပ်နှင့် ခါးနာရောဂါများ အထူးသတိထားရမည်။ အချစ်ရေးတွင် ချစ်သူနှင့် ခွဲခွါနေရတတ်သည်။ အိမ်ထောင်သည်များလည်း ခွဲနေရတတ်ပါသည်။ ပညာရေးတွင် ပြည်ပဘာသာစကားတစ်ခုခုကို လိုက်စားပါ။ ကား၊ ဆိုင်ကယ် စသည့်စက်ပစ္စည်း ဝင်မည်။ ဝန်ထမ်းများ ကံကောင်းပါသည်။

ရာဟု – ရာဟုသားသမီးတို့ စိတ်မသာမယာဖြစ်နေရမည်။ ကျန်းမာရေးအနေနှင့် အစာအိမ်ရောဂါသတိထားပါ။ အချစ်ရေးတွင် ကြားလူသတိထားပါ။ စီးပွားရေးတွင် တောင်ယာလုပ်ငန်း ကောင်းပါသည်။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးကြောင့် နာမည်ပျက်တတ်သည်။

အကျိုးပေးဂဏန်း – ၄၊ ၂၊ ၅။ ယတြာ – ဗုဒ္ဓဟူးနေ့တွင် နွမ်းပါးသောမိသားစုတစ်ခုအတွက် တတ်နိုင်သလောက် ညနေစာတာဝန်ယူပေးပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသပတေးသားသမီးတို့အတက် စီးပွားရေးလုပ်ငန်းရှယ်ယာများကြောင့် စိတ်ညစ်ရသောအခြေအနေကို ရောက်နေပြီဖြစ်သည်။ အားနာခြင်းကြောင့် ရသောဝေဒနာပင်ဖြစ်သည်။ စက်ရုံလုပ်ငန်းများ၊ လူအများနှင့် လုပ်ကိုင်ရသောလုပ်ငန်းများ ပြဿနာပေါင်းစုံတက်နေတတ်သည်။ ကျန်းမာရေးအနေနှင့် ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်းများဖြစ်မည်။ ခါးရောဂါဖြစ်ပါက သတိထားကုသပါ။ အရေပြားရောဂါရှိသူများ ဆရာဝန်ကောင်း တွေ့ပါလိမ့်မည်။ အချစ်ရေးနှင့်ပတ်သက်ပြီး စိတ်ချမ်းသာရမည့်အချိန်ရောက်ပါပြီ။ လက်ထပ်ရန်ရက်ရွေးရန်ဖြစ်သည်။ အိမ်ထောင်သည်များလည်း ကံကောင်းသည်။ ပညာရေးလိုက်စားနေသောကျောင်းသားများ ကျန်းမာရေးသတိပြုပါ။ ကား၊ စက်၊ အိမ်ခြံမြေ ဝင်တတ်၊ ထွက်တတ်သည်။ ဝန်ထမ်းများ ကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၅၊ ၃၊ ၆။ ယတြာ – ကြာသပတေးနေ့တွင် အကြော်လှူဒါန်းပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့သည် စီးပွားရေးလုပ်ငန်းလုပ်ရာတွင် ကံကောင်းနေလိမ့်မည်။ ဆောက်လုပ်ရေးလုပ်ငန်း၊ ဆေးပစ္စည်းရောင်းချသူများ၊ ကျန်းမာရေးဝန်ဆောင်မှုပေးသူများ ကံကောင်းနေပြီး အမြတ်အစွန်းများနေမည်။ ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းများ ကံညံ့နေတတ်သည်။ ငွေကြေးကို အခြေခံသူများကတော့ အားနည်းနေမည်သာဖြစ်သည်။ ကျန်းမာရေးအနေနှင့် နှလုံးရောဂါရှိသူများ ဆေးမှန်ရန်လိုအပ်သည်။ ဂရုစိုက်ပြီးဆေးစစ်ပါ။ အချစ်ရေးအတွက် သင့်အနေနှင့် ဖွင့်ပြောရန်သတ္တိမရှိဖြစ်ပြီး ကြေကွဲနေရတတ်သည်။ အိမ်ထောင်ရေးသမားများ အေးစက်နေတတ်ပြီး အကြင်နာလျော့နေမည်။ ပညာရေးသမားများ ရာထူးအတွက်စာမေးပွဲအောင်ပါလိမ့်မည်။ ရတနာပစ္စည်းများဝင်မည်၊ ထွက်မည်။ ဝန်ထမ်းများ ကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၆၊ ၄၊ ဝ။ ယတြာ – သောကြာနေ့တွင် ငှက်လွှတ်ပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့သည် စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းလုနီးပါးဖြစ်နေသည့်အခြေအနေမှ ပြန်လည်ဦးမော့လာတော့မည်။ ငွေကြေးလုပ်ငန်းကို အခြေခံပါကသတိထားပါ။ ကျန်းမာရေးအနေဖြင့် ခြေထောက်သတိထားပါ။ခြေထောက်တွင် ထိခိုက်ဒဏ်ရာရတတ်သည်။ ခေါင်းကိုက်၊ ခေါင်းခဲလည်း ဖြစ်တတ်သည်။ အိမ်ခြံမြေကိစ္စရပ်များမှ ငွေကြေးအမြတ်ရလိမ့်မည်။ အချစ်ရေးတွင် နှစ်ဘက်မိဘတို့ကြောင့် လက်ထပ်ရက် ရွှေ့ဆိုင်းရတတ်သဖြင့် အထူးသတိထား ပြောဆိုရမည့်အချိန်ဖြစ်သည်။ အိမ်ထောင်သည်များလည်း နှစ်ဘက်မိဘတို့ကိုအခြေခံသောအိမ်တွင်းရေးကိစ္စများ ဖြစ်နေတတ်သဖြင့် ဆင်ခြင်ပါ။ အိမ်ခြံမြေ ဝင်ကိန်းရှိနေပါသည်။ ပညာရေးသမားများ အလွန်ကြိုးစားရမည့်အချိန်ဖြစ်သည်။ နိုင်ငံခြားဘာသာသင်ယူသူများ ပိုလေ့လာပါ။ ဝန်ထမ်းများ နေရာပြောင်းရတတ်သည်၊ ကောင်းသောပြောင်းရွှေ့ရခြင်းဖြစ်မည်။

အကျိုးပေးဂဏန်း – ဝ၊ ၅၊၁။ ယတြာ – စနေနေ့တွင် သံဃာတော်တစ်ပါးအား ဖိနပ်လှူဒါန်းပါ။

ဆရာကင်္ကသူ
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top