ဗီတာမင်-ဒီ ချို့တဲ့မှုကြောင့်ဖြစ်ပွားသော အရိုးပျော့ရောဂါ

589848188-H.jpg

ဗီတာမင်-ဒီ (Vitamin-D) ချို့တဲ့ရင် အရိုးပျော့ရောဂါ (Rickets) ဖြစ်ပွားနိုင်ပါတယ်။ အာဟာရလုံလုံလောက်လောက်မရရှိမှုနဲ့ နေရောင်ခြည်လုံလုံလောက်လောက်မရရှိမှုတွေကတော့ ဒီရောဂါဖြစ်ပွားစေတဲ့ အဓိကအကြောင်းရင်းတွေပါ။

အသက် (၆) လကနေ (၂) နှစ်အတွင်း ကလေးငယ်တွေမှာ အဖြစ်များတာကိုတွေ့ရပါတယ်။

ဗီတာမင်-ဒီ ချို့တဲ့မှုကို အချိန်မီကုသရင်တော့ အရိုးပုံပျက်ခြင်း (Bony Deformities) အခြေအနေက ပျောက်ကင်းသွားပြီး အရိုးတွေပုံမှန်အတိုင်းပြန်ကြီးထွားနိုင်ပေမဲ့ ဗီတာမင်-ဒီချို့တဲ့မှုကာလရှည်ပြီး ပြင်းထန်လာတဲ့အခါ ဆေးကုသမှုခံယူသည့်တိုင် အရိုးတွေကို ပုံမှန်အတိုင်းပြန်ဖြစ်အောင်ကုသဖို့က အင်မတန်ခဲယဉ်းသွားတတ်ပါတယ်။

Vitamin-D

ဒါကြောင့် ရောဂါလက္ခဏာတွေကို စောစောစီးစီး သိရှိထားဖို့လိုအပ်တဲ့အပြင် သိလာခဲ့ရင်လည်း အချိန်မီကုသမှုခံယူသင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။

Ref: Ministry of Health and Sports
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top