(၁၆၄) ပေခန့်ကျယ်ဝန်းတဲ့ဥက္ကာခဲတစ်ခုဟာ စက်တင်ဘာမှာ ကမ္ဘာကိုဝင်တိုက်နိုင်ပါတယ်

636523112942702271-asteroid.jpg

အရမ်းကြီးသေချာတဲ့အရာတော့မဟုတ်သေးပါဘူး။ ဒါပေမဲ့ ဥရောပအာကာသအေဂျင်စီ(ESA)ရဲ့ ထုတ်ပြန်ချက်အရ ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ ဆိုပါတယ်။ (၁၆၄) ပေခန့်ကျယ်ဝန်းပြီး 2006 QV89 လို့ အမည်ရတဲ့ ဥက္ကာခဲတစ်ခုဟာ စက်တင်ဘာလ (၉) ရက်နေ့ (ဥရောပ) မနက်ခင်းမှာ ကမ္ဘာပေါ် ကျရောက်လာဖို့အတွက် အပုံ (၇၀၀၀) ပုံ (၁) ပုံ (one in 7000) အခွင့်အရေးရှိတယ်လို့ ဆိုပါတယ်။

ဒီဥက္ကာခဲကြီးဟာ ESA မှ ပြုလုပ်ထားတဲ့ အန္တရာယ်ရှိဥက္ကာခဲ (၁၀)ခု (risk objects) တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်

ဒီဥက္ကာခဲကြီးဟာ ESA မှ ပြုလုပ်ထားတဲ့ အန္တရာယ်ရှိဥက္ကာခဲ (၁၀)ခု (risk objects) တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တယ်ဆိုတာကို သူတို့ရဲ့ website မှာ ဖော်ပြထားပါတယ်။ သူကျရောက်လာရင် ဖြစ်ပေါ်မယ့် အန္တရာယ်များနဲ့ ပတ်သက်ပြီး အတိအကျမသိနိုင်သေးပေမဲ့ သူဟာ ၂၀၁၃ ခုနှစ်က ရုရှားပတ်ဝန်းကျင်မှာ ကျရောက်ပြီး တုန်ခါမှုကြောင့် ပြတင်းပေါက်များကွဲစေခဲ့တဲ့ ဥက္ကာခဲထက် (၂) ဆ ပိုကြီးမားတာတော့ သိထားပါတယ်။

၂၀၁၃ ခုနှစ်က ရုရှားပတ်ဝန်းကျင်မှာ ကျရောက်ပြီး တုန်ခါမှုကြောင့် ပြတင်းပေါက်များကွဲစေခဲ့တဲ့ ဥက္ကာခဲထက် (၂) ဆ ပိုကြီးမား

အခွင့်အရေးဟာ (၇၀၀၀) မှာ (၁) ဆိုတော့ အတော်လေးနည်းပါးတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ESA နဲ့ နာဆာတို့လို အာကာသအေဂျင်စီများဟာ အဆိုးဆုံးအတွက် ပြင်ဆင်ထားကြပါတယ်။ ပြီးခဲ့တဲ့လတုန်းက ESA ဟာ ကြီးမားတဲ့ဥက္ကာခဲတစ်ခု ကမ္ဘာပေါ်ကျရောက်သယောင်ယောင် drill တစ်ခုကို တွစ်တာပေါ်မှာ ပြုလုပ်ခဲ့တယ်ဆိုတာကို ကြားမိလိုက်မယ်ထင်ပါတယ်။ အဆိုပါ ဥက္ကာခဲကျရောက်လာရင် လူထုနဲ့ အစိုးရတာဝန်ရှိသူများ ဘယ်လိုတုံ့ပြန်သင့်သလဲဆိုတာကို လေ့ကျင့်တဲ့သဘောအနေနဲ့ တွစ်တာကတစ်ဆင့် drill လုပ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါဖြစ်ရပ်ကို ဥက္ကာခဲဆိုင်ရာကျွမ်းကျင်သူများက “စိတ်ကူးယဉ်ဆန်ပေမဲ့ မဖြစ်မနေ ကြုံတွေ့နိုင်မယ့် ဥက္ကာခဲကျရောက်ခြင်း” (fictional but plausible imminent asteroid impact) လို့ ခေါ်ဝေါ်ခဲ့တာကို ESA website မှာ ဖတ်ရှုနိုင်ပါတယ်။

နာဆာအကြီးအကဲ Jim Bridenstine က ကမ္ဘာပေါ်ကျရောက်နိုင်မယ့် သို့မဟုတ် အနီးမှဖြတ်သွားနိုင်တဲ့ အန္တရာယ်ရှိဥက္ကာခဲများကို ထောက်လှမ်းထားဖို့တိုက်တွန်း

နာဆာမှ အကြီးအကဲဖြစ်သူ Jim Bridenstine ကလည်း ကမ္ဘာပေါ် ကျရောက်နိုင်မယ့် သို့မဟုတ် အနီးမှဖြတ်သွားနိုင်တဲ့ အန္တရာယ်ရှိဥက္ကာခဲများကို ထောက်လှမ်းထားဖို့တိုက်တွန်းခဲ့ပြီး ဒါတွေဟာ အရမ်းကြီးရှားပါးတဲ့ဖြစ်ရပ်များမဟုတ်ဘဲ ဖြစ်လေ့ဖြစ်ထရှိတဲ့အရာများဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ (လူသားတို့ မှတ်တမ်းတင်ထားတဲ့သမိုင်းဟာ နှစ်ပေါင်း ၇၀၀၀~၁၀၀၀၀ ခန့်သာရှိသေးပြီး နှစ်ပေါင်း ၄.၆ ဘီလီယံရှိတဲ့ ကမ္ဘာအတွက်ဆို အလွန်တိုတောင်းတဲ့ကာလဖြစ်ပါတယ်။ ဒါကြောင့် လူသားတို့မှတ်တမ်းမတင်ထားတဲ့ ကာလများမှာ ဒီလိုအဖြစ်အပျက်များစွာဖြစ်ခဲ့တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။)

မိုင်များစွာတော့ ဝေးကွာပါလိမ့်မယ်

ဒီနှစ်ကုန်ပိုင်းမှာ ကမ္ဘာနဲ့ မိုင်သန်းပေါင်းများစွာ ဝေးကွာတဲ့နေရာကသာ ဖြတ်သွားနိုင်တယ်လို့လည်း မျှော်လင့်ထားကြ

အခု စက်တင်ဘာမှာကျရောက်နိုင်တဲ့ဥက္ကာခဲဟာ အခွင့်အရေးတော့နည်းပါးပါတယ်။ 2006 QV89 လို့ခေါ်တဲ့ ဒီဥက္ကာခဲဟာ ဒီနှစ်ကုန်ပိုင်းမှာ ကမ္ဘာနဲ့ မိုင်သန်းပေါင်းများစွာ ဝေးကွာတဲ့နေရာကသာ ဖြတ်သွားနိုင်တယ်လို့လည်း မျှော်လင့်ထားကြပါတယ်။

(တကယ်လို့ ကျွန်တော်တို့ဟာ ဒီအဖြစ်အပျက်အထိ ရှင်သန်နိုင်ခဲ့မယ်ဆိုရင်) နောက်တစ်ကြိမ် အန္တရာယ်ရှိဥက္ကာခဲဖြစ်တဲ့ 2009JF1 ဟာ (၅၂) ပေကျယ်ဝန်းပြီး ကမ္ဘာကို (၂၀၂၂) ခုနှစ်မှာ ဝင်တိုက်ဖို့အတွက် အခွင့်အရေးဟာ (၄၄၆၄) မှာ (၁) ဖြစ်တယ်လို့ သိရပါတယ်။

ဒီဆောင်းပါးကို ရိုးရာလေး၏မိတ်ဖက် သိပ္ပံစာပေဝက်ဘ်ဆိုက် Curiosity မှာဖော်ပြထားတာဖြစ်ပါတယ်။

Ref: Curiosity
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top