အသက် ၁ နှစ်မပြည့်သေးတဲ့ ဘေဘီလေးတွေအတွက်ဓာတ်စာ

baby-food-PHHJMT4.jpg

ဒီတစ်ခါတော့ အသက် ၁နှစ် မပြည့်သေးတဲ့ သားသား၊ မီးမီးလေးတွေကို ကျွေးသင့်တဲ့ အသီးအနှံအရွက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။ ဒီအရွယ်မှာ ကျွေးထားမှ အသက် ၆ နှစ်ပြည့်တဲ့အချိန် ပိုပြီး စားတတ်လာမှာပါ။

 စတော်ဘယ်ရီ

စတော်ဘယ်ရီကို အရည်ဖျော် တိုက်ပေးလို့ရပါတယ်။ စတော်ဘယ်ရီက အရောင်လှတော့ ကလေးက စားချင်စိတ် ပိုဖြစ်ပါတယ်။

မက်မွန်သီးအရည်

မက်မွန်သီး ထောင်းထားတဲ့အရည်က ပိုတက်ဆီယမ် ကြွယ်ဝပါတယ်။ ခံတွင်းမှာ ပျော့ပျောင်းပြီး အရသာချိုတော့ ကလေးတွေ ကြိုက်မှာ အသေချာပါပဲ။

ကိုက်လန်

ကိုက်လန်အရွက်ကို ရေနွေးငွေ့နဲ့ ပေါင်းပြီးမှ အရည်ဖြစ်အောင် ထောင်း ပါ။ အရသာ စိမ်းနံ့မထွက်အောင် ငှက်ပျောသီးနဲ့ရောပြီး ချိုအောင်လုပ်ပါ။

ပဲနီလေး

ပဲနီလေးက ပရိုတိန်းနဲ့ သံဓာတ် ကြွယ်ဝပါတယ်။ ချက်ပြီးသား ပဲစင်းငုံနဲ့ အရသာချင်း တူတူဖြစ်မှာပါ။ ပဲနီလေးဟင်းချို တိုက်ကျွေးလို့ရပါတယ်။

ဆော်လမွန်ငါး

ဆော်လမွန်ငါးကို ကလေးကြီးတွေက ကြိုက်ကြပါတယ်။ DHA နဲ့ အိုမီဂါ – ၃ ဖက်တီးအက်ဆစ် ကြွယ်ဝစေလို့ ဦးနှောက်အတွက်ကောင်းပါတယ်။

မြေပဲထောပတ်

ဘေဘီလေးတွေကို ဒီအရွယ်တည်းက မြေပဲထောပတ် ကျွေးထားရင် ကြီးလာတဲ့အခါ မြေပဲနဲ့ ဓာတ်မတည့်တာတွေ မဖြစ်တော့ပါဘူး။ အရမ်း ပျစ်ပျစ်ကြီး မဖြစ်အောင်ဖျော်ပြီး ဘေဘီလေးကို ကျွေးပါ။ သတိထားရမှာက ဇွန်းနဲ့ခွံ့တဲ့အခါ မနင်အောင် ဂရုစိုက်ဖို့ပါ။

ဖရုံသီး

ဖရုံသီးကိုပေါင်းပြီး မွမွလေး ချေပြီး ကလေးကို ကျွေးလို့ရပါတယ်။ ဗီတာမင် A ကြွယ်ဝပါတယ်။

Ref : Parents “7 foods to feed babies before age 1”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top