ဆန်လုံးညိုစားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

yyl-027-7.jpg

ကျွန်တော်တို့ဘဝရဲ့မရှိမဖြစ်အရေးပါတဲ့ အရာတွေထဲမှာ ဆန်လည်းပါဝင်ပါတယ်။ နေ့တိုင်း ကျွန်တော်တို့တွေက ကျန်းမာစွာ အသက်ရှင် နေထိုင်နိုင်ဖို့အတွက် ထမင်းသုံးနပ် စားပေးရပါတယ်။ ကျွန်တော်တို့ အသက်ရှင်ဖို့အတွက် စားသောက်နေတဲ့ ဆန်တွေဟာ အမျိုးအစားများစွာရှိပါတယ်။ ကျွန်တော်တို့အများစု စားသုံးဖြစ်တာကတော့ ရိုးရိုးဆန်ပါပဲ။ ရိုးရိုးဆန်ထက် ဆန်လုံးညိုက ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ ဘာလို့ ဆန်လုံးညိုက ကျန်းမာရေးနဲ့ ပိုပြီးညီညွှတ်လဲဆိုတာကို ဒီအကြောင်းအရာကနေ ဖော်ပြပေးလိုက်ရပါတယ်။

အာဟာရပါဝင်မှုများခြင်း

ဆန်လုံးညိုက ရိုးရိုးဆန်နဲ့ယှဉ်ရင် အာဟာရဓာတ်ပိုပြီး ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒီဆန်က ဆီလီနီယံ၊ ကယ်စီယံ၊ မဂ္ဂနီစီယံကဲ့သို့ သတ္တုဓာတ်တွေ ပိုင်ဆိုင်ပါတယ်။ ဒါ့အပြင် ဆန်လုံးညိုက ရိုးရိုးဆန်တွေမှာ မတွေ့ရတဲ့ အမျှင်ဓာတ်၊ ဖော်လစ်ဓာတ်တွေ ကြွယ်ဝပါတယ်။ ကယ်လိုရီဓာတ်၊ ကာဗွန်ဟိုက်ဒရိုတ်ဓာတ်တွေ ပါဝင်မှုနည်းပါတယ်။

ကိုယ်အလေးချိန်ကျခြင်း

ဆန်လုံးညိုက ကိုယ်အလေးချိန်ချနေတဲ့ သူတွေအတွက်လည်း အထူးသင့်လျော်ပါတယ်။ ဆန်လုံးညိုက အမျှင်ဓာတ်ပါဝင်မှု မြင့်မားတဲ့အတွက်ကြောင့် ကိုယ်အလေးချိန် ကျအောင် ကူညီပေးနိုင်ပါတယ်။ အမျှင်ဓာတ်က အချိန်အကြာကြီး ဗိုက်ပြည့်အင်စေပြီး ဗိုက်ခဏခဏ မစားအောင် အစားစားချင်စိတ် မြင့်မားမှုကို လျော့ချပေးပါတယ်။

ဆီးချိုရောဂါကို ထိန်းချုပ်ပေးခြင်း

ဆီးချိုရောဂါသည်တွေက ဆန်အမျိုးအစားတိုင်းကို မစားသင့်ပါတယ်။ ဆီးချိုသမားတွေစားတဲ့ ဆန်လည်း သပ်သပ်ရှိပါတယ်။ ဆီးချိုသမားတွေက ကာဗွန်ဟိုက်ဒရိုက်ပိုများတဲ့ ရိုးရိုးဆန်နဲ့ မတည့်ပါဘူး။ ဆန်လုံးညိုက ကာဗွန်ဟိုက်ဒရိုတ်ပါဝင်မှု နည်းသလို သွေးအတွင်းသကြားဓာတ်နဲ့ အင်ဆူလင်ပမာဏကို ထိန်းပေးပါတယ်။ ဆီးချိုရောဂါ ရှိတဲ့သူတွေက နေ့တိုင်း ဆန်လုံးညို စားပေးခြင်းဖြင့် အကျိုးကျေးဇူးတွေရနိုင်ပါတယ်။

ကိုလက်စထရောနည်းပါးခြင်း

အမျှင်ဓာတ်ကြွယ်ဝတဲ့ diet အစားအစာက မကောင်းတဲ့ကို လက်စထရောပမာဏကို နည်းသွားအောင် လုပ်နိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် ဆန်လုံးညိုမှာပါဝင်တဲ့ အမျှင်ဓာတ်တွေက သဘာဝအတိုင်း ကိုယ်လက်စထရောပမာဏကို ထိန်းပေးပါတယ်။

တချို့ကင်ဆာရောဂါတွေဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

ဆန်လုံးညိုက အူမကြီးကင်ဆာ၊ ရင်သားကင်ဆာတွေ အပါအဝင် အခြားကင်ဆာရောဂါ ဖြစ်ပွားခြင်းကနေ ကာကွယ်ပေးတဲ့နေရာမှာ အကူအညီဖြစ်ပါတယ်။ ဆန်လုံးညိုမှာ ပါဝင်တဲ့အမျှင်ဓာတ်က ခန္ဓာကိုယ်အတွင်းက ကင်ဆာရောဂါ ဖြစ်ပွားစေတဲ့ အဆိပ်အတောက်တွေကို ဖုံးကွယ်ပစ်ပါတယ်။ အူမကြီးနံရံမှာ တွယ်ညှိနေတဲ့ အဆိပ်အတောက်တွေကိုလည်း ခန္ဓာကိုယ်ကနေ ဖယ်ထုတ်ပေးနိုင်ပါတယ်။

Ref: What happens if you eat brown rice everyday

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top