ဖြတ်ထိုးဉာဏ်ရှိရှိနဲ့ တိုက်ခန်းရောင်းချခဲ့တဲ့ ရှရှားနိုင်ငံက အမျိုးသားတစ်ဦး

yyl-005-6.jpg

“Once Upon a Time in Hollywood” ဇာတ်ကားအထူးပြပွဲအတွက် ဒါရိုက်တာ ကွမ်တင် တာရန်တီနို (Quentin Tarantino) က မကြာသေးခင်ကမှ မော်စကိုမြို့ကို အလည်အပတ်လာခဲ့ပါတယ်။ အဲဒီပွဲက ရှရှားနိုင်ငံမှာ တခမ်းတနားဖြစ်သွားခဲ့ပါတယ်။ ရှရှားပြည်သူတွေက မော်စကိုမြို့ကို လည်ပတ်နေတဲ့ ကွမ်တင်ရဲ့ပုံတွေကို အရမ်းနှစ်သက်ခဲ့ကြပြီး memes လုပ်ပြီး ဖန်တီးတာတွေလည်းရှိခဲ့ပါတယ်။ အဲဒီသူတွေထဲကမှ အမျိုးသားတစ်ယောက်က ကွမ်တင်ရဲ့ ပုံတွေကို အကျိုးရှိရှိအသုံးချခဲ့ပါတယ်။

ရှရှားနိုင်ငံ၊ ချယ်ယာဘင်စ်ခ် (Chelyabinsk) မြို့က အလက်ဇန္ဒား ကိန်းနော့ဗ် (Alexander Kainov) ဆိုတဲ့အမျိုးသားကသူ့တိုက်ခန်းရောင်းထွက်ဖို့အတွက် ကွမ်တင်ရဲ့ပုံတွေကို အသုံးပြုခဲ့ပါတယ်။ Photoshop အစွမ်းနဲ့ တိုက်ခန်းပုံတွေထဲ ကွမ်တင်ရဲ့ပုံတွေကို ထည့်ခဲ့ပါတယ်။ တိုက်ခန်းရောင်းထွက်အောင် Photoshop နဲ့ ဖန်တီးထားတဲ့ သူ့ရဲ့ပုံတွေကို ပို့စ်တင်လိုက်တဲ့အခါမှာ လူကြိုက်များလာခဲ့ပြီး တစ်နေ့တည်းနဲ့ သူ့တိုက်ခန်းကြော်ငြာပို့စ်က ကြည့်ရှုသူ (၁၀၀၀၀) ကျော်ရှိခဲ့ပါတယ်။ သူ့ယောက္ခမရဲ့တိုက်ခန်း မြန်မြန်ရောင်းထွက်ဖို့အတွက်သာ အခုလိုလုပ်ခဲ့တာဖြစ်တယ်လို့ သူက ဖွင့်ဟခဲ့ပါတယ်။

အလက်ဇန္ဒားဆိုတဲ့အမျိုးသားက ဘယ်လို Photoshop လုပ်ပြီး တိုက်ခန်းကြော်ငြာပို့စ်လုပ်ခဲ့လဲဆိုတာကို အောက်မှာ ကြည့်ရှုလိုက်ပါနော်..။

ရေချိုးခန်းထဲမှာ ကွမ်တင်

မီးဖိုချောင်ထဲ ရောက်နေတဲ့ ကွမ်တင်

လက်ဖက်ရည်ခွက်အစုံကို ကြည့်နေတဲ့ ကွမ်တင်

ဧည့်ခန်းကို ဖြတ်ပြီး ပျော်ရွှင်စွာနဲ့ လမ်းလျှောက်နေတဲ့ ကွမ်တင်

အိပ်ခန်းတစ်ခုမှာ လက်မထောင်ပြနေတဲ့ ကွမ်တင်

လူတော်တော်များများက အလက်ဇန္တားရဲ့စိတ်ကူးလေးကို ကျေနပ်အားရဖြစ်နေပြီး တိုက်ခန်းရောင်းထွက်နိုင်ချေလည်း များနေပါတယ်။ အလက်ဇန္တားလည်း တိုက်ခန်းမြန်မြန်ရောင်းထွက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်..။

Ref: Brightside “A Guy From Russia Finds a Unique Way to Sell His Apartment, and We Can’t Help but Admit He Has Talent”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top