မျက်စိဝေဒနာရှင်များ စက္ခုအလင်းရရှိရန် Vietjet လေကြောင်းလိုင်း နှင့် Flying Eye Hospital တို့ ပူးပေါင်းဆောင်ရွက်

vietjet_02.jpg

Vietjet လေကြောင်းလိုင်းသည် ကမ္ဘာအနှံ့ရှိအမြင်အာရုံချို့ယွင်းသူများကို ကူညီစောင့်ရှောက်မှုပေးနေသော နိုင်ငံတကာ (NGO) အဖွဲ့အစည်း Orbis နှင့် ဗီယက်နမ်နိုင်ငံရှိ မျက်စိဝေဒနာရှင်များအားအမြင်အာရုံပေးရန် ပူးပေါင်းဆောင်ရွက်မှုကို ဗီယက်နမ် တွင်ကျင်းပသော (၁၇) နှစ်ကြိမ်မြောက် Vietnam’s Eye Care Service နှင့် (၁၀) ကြိမ်မြောက် Flying Eye Hospital (FEH) အခမ်းအနားတွင် ထုတ်ပြန်ကြေညာလိုက်သည်။ FEH နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနား ကို သြဂုတ်လ (၂၁) ရက် ဗီယက်နမ်နိုင်ငံ Thua Thien Hue Province တွင်ကျင်းပခဲ့ပါသည်။

Vietjet လေကြောင်းလိုင်

Vietjet လေကြောင်းလိုင်

FEH သည် အမြင်အာရုံနှင့် သက်ဆိုင်သောရောဂါများကို ခွဲစိတ်ကုသမှုပေးသောဆေးရုံတစ်ခုဖြစ်ပြီး သင်ကြားရေးထောက်ကူမှု ပစ္စည်းများကိုလည်း MD-10 လေယာဉ်ပေါ်တွင် ထားရှိပါသည်။ FEH သည် အသက်မွေးဝမ်းကြောင်းနှင့်ဆိုင်သော ဖွံ့ဖြိုးရေးနှင့် လေ့ကျင့်ရေးအနည်းငယ်သာရရှိနေသည့်နိုင်ငံများရှိ ဆရာဝန်များနှင့် သူနာပြုများကို ပညာရပ်ဆိုင်ရာသင်တန်းများ လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။

Vietjet လေကြောင်းလိုင်

Vietjet လေကြောင်းလိုင်

Vietjet လေကြောင်းလိုင်း၏ လေယာဉ်မှူးများ၊ လေယာဉ်မောင်မယ်များနှင့် လေယာဉ်ဝန်ထမ်းများက မျက်စိဝေဒနာရှင်များကို လေယာဉ်ပေါ်တပ်ဆင်ထားသည့် နောက်ဆုံးပေါ်ခေတ်မီစက်ပစ္စည်းများဖြင့် စစ်ဆေးမှုပြုလုပ်သည့်ကာလတစ်လျှောက်နှင့် ခွဲစိတ်ကုသမှုပြီးနောက်တွင်လည်း အမြင်အာရုံကို လျင်မြန်စွာပြန်လည်ကောင်းမွန်လာရန် ဂရုစိုက်ပြုစုစောင့်ရှောက်သွားမည် ဖြစ်သည်။

Vietjet လေကြောင်းလိုင်းသည် သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးရန်ပုံငွေအဖွဲ့အစည်း (Community Disaster Prevention Fund) နှင့် မြောက်ပိုင်းပြည်နယ်စုရှိ ကလေးငယ်များအတွက် (၁၀) နှစ်တာ လက်တွဲလုပ်ဆောင်လျက်ရှိသော “မျှော်လင့်ချက်အလင်းရောင်” (Light up the dreams) စီမံကိန်းလုပ်ဆောင်ချက်များအပြင် အရေးပေါ်အကူအညီလိုအပ်နေ သောကျေးရွာများ (SOS Children’s Villages) ထံသို့ မကြာခဏသွားရောက်လျက်ရှိပြီး အဓိပ္ပာယ်ပြည့်ဝသော လူသားချင်း ဆိုင်ရာစာနာထောက်ထားမှုလုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top