ကြွယ်ဝချမ်းသာချင်ရင် မလုပ်သင့်တဲ့အချက်များ

rich_01.jpg

ကြွယ်ဝချမ်းသာချင်ရင် မလုပ်သင့်တဲ့အချက်များ

လူတိုင်းဟာ ချမ်းသာကြွယ်ဝမယ့်နည်းလမ်းကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ရှာဖွေနေကြရပါတယ်။ တချို့က ချမ်းသာကြွယ်ဝကြပေမဲ့ တချို့ကတော့ ဘဝကို ရုန်းကန်လှုပ်ရှားနေကြရပါတယ်။ အလုပ်ကြိုးကြိုးစားစားလုပ်ပါလျက်နဲ့ ဘာလို့ ဘဝကို ရုန်းကန်နေရတာလဲလို့ ကျွန်တော်တို့ တွေးမိကောင်းတွေးမိကြမှာပါ။ ကျွန်တော်တို့သတိမထားမိဘဲ အမှားလုပ်မိကြတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ငွေက ကိုယ်ရှာနေတာနဲ့ မကိုက်ဘဲ စုမိဆောင်းမိခြင်းတောင် မရှိဖြစ်တတ်ပါတယ်။ ဆောင်းပါးထဲမှာ ဖော်ပြပေးမယ့် အချက်တွေက ချမ်းသာချင်ရင် မလုပ်သင့်တဲ့ အရာတွေဖြစ်ပါတယ်။ အဲဒီအချက်တွေက သုတေသီတွေ ရှာဖွေထားတဲ့အချက်တွေလည်းဖြစ်ပါတယ်။

ကြွယ်ဝချမ်းသာချင်ရင် မလုပ်သင့်တဲ့အချက်များ

ကြွယ်ဝချမ်းသာချင်ရင် မလုပ်သင့်တဲ့အချက်များ

မိတ်ဆွေအသစ်မဖွဲ့ခြင်း

အောင်မြင်တဲ့သူ၊ ကြွယ်ဝချမ်းသာတဲ့သူတွေက မိတ်ဆွေအသစ်ဖွဲ့ရတာကိုကြိုက်နှစ်သက်ကြပါတယ်။ သူတို့က အားလပ်ရက်တွေမှာကော အခြားအရေးကြီးတဲ့ရက်တွေမှာပါ မိတ်ဆွေ၊ အပေါင်းအသင်းတွေနဲ့ တွေ့ဆုံရမှာကို မမေ့တတ်ကြပါဘူး။

ကြွယ်ဝချမ်းသာချင်ရင် မလုပ်သင့်တဲ့အချက်များ

ကြွယ်ဝချမ်းသာချင်ရင် မလုပ်သင့်တဲ့အချက်များ

ကံကြမ္မာကို ယုံကြည်တတ်ခြင်း

တချို့လူတွေက ကံတရားကို အရမ်းအားကိုးကြပါတယ်။ ဒါပေမဲ့လို့ ချမ်းသာတဲ့သူတွေက တကယ့်ကိုအရေးကြီးတဲ့ကိစ္စများပေါ်လာတဲ့အခါ သူတို့ရဲ့ဘဝလမ်းကြောင်းကို ကိုယ်တိုင်ဆုံးဖြတ်ရမယ်လို့ တွေးတတ်ကြပါတယ်။ ဆင်းရဲတဲ့သူ (၉၀) ရာခိုင်နှုန်းက သူတို့ရဲ့ကံဆိုးမှုတွေ၊ သူတို့ထိန်းချုပ်လို့မရတဲ့အခြားအရာတွေကြောင့် ကံတရားကို အပြစ်တင်ကြပါတယ်။ ချမ်းသာချင်ရင်တော့ ကံတရားကို အရမ်းယုံကြည်ထားလို့မရပါဘူး။ ကိုယ်တိုင်ကြိုးစားဖို့လိုပါတယ်။

ကြွယ်ဝချမ်းသာချင်ရင် မလုပ်သင့်တဲ့အချက်များ

ကြွယ်ဝချမ်းသာချင်ရင် မလုပ်သင့်တဲ့အချက်များ

မိမိအလုပ်ကိုမုန်းခြင်း

အောင်မြင်တဲ့လူ (၈၅) ရာခိုင်နှုန်းက “ငါလုပ်တဲ့အရာကို မြတ်နိုးတယ်”လို ပြောဆိုတတ်ကြပါတယ်။ တချို့က သူတို့ရဲ့အလုပ်က မကောင်းတဲ့အရာတွေကိုသာ ပိုမြင်တတ်ကြပါတယ်။ အဲဒီလိုစိတ်ဓာတ်မျိုးနဲ့ဆိုရင် ဝင်ငွေတိုးလာအောင်လုပ်ဖို့အတွက် အတော်လေးခက်ခဲလာပါလိမ့်မယ်။ သင်လုပ်နေတဲ့အလုပ်ကိုမကြိုက်ဘူးဆိုရင် ညည်းညူနေမဲ့အစား ပြောင်းလဲပစ်သင့်ပါတယ်။

ကြွယ်ဝချမ်းသာချင်ရင် မလုပ်သင့်တဲ့အချက်များ

ကြွယ်ဝချမ်းသာချင်ရင် မလုပ်သင့်တဲ့အချက်များ

သင့်ကျန်းမာရေးအပေါ် အာရုံမထားခြင်း

အောင်မြင်တဲ့သူတွေ၊ ချမ်းသာတဲ့သူတွေက သူတို့ရဲ့ကျန်းမာရေးအတွက် သူတို့ရဲ့အချိန်တော်တော်များများပေးထားကြပါတယ်။ သူတို့က တစ်ပတ်ကို လေးကြိမ်လေ့ကျင့်ခန်းလုပ်တာ၊ သင့်တင့်မျှတစွာ နေထိုင်စားသောက်တာ၊ အလေ့အကျင့်ဆိုးတွေ မရှိတာစတဲ့အရာတွေကို ပြုလုပ်ကြပါတယ်။ ဒါကြောင့် ချမ်းသာချင်စိတ်နဲ့ အလုပ်ချည်းကြိုးစားလုပ်ကိုင်မနေဘဲ သင့်ကျန်းမာရေးကိုလည်း ဂရုစိုက်ပေးသင့်ပါတယ်။

ကြွယ်ဝချမ်းသာချင်ရင် မလုပ်သင့်တဲ့အချက်များ

ကြွယ်ဝချမ်းသာချင်ရင် မလုပ်သင့်တဲ့အချက်များ

စွန့်စွန့်စားစားမလုပ်ခြင်း

တချို့လူတွေက သူတို့ရဲ့ငွေရေးကြေးရေးအခြေအနေတိုးတတ်ဖို့အတွက် စွန့်စားမှုလုပ်တာတွေ နည်းပါးပါတယ်။ ကြွယ်ဝချမ်းသာတဲ့တွေက လက်တွေ့စွန့်စားတာတွေပြုလုပ်တတ်ကြပါတယ်။ သူတို့က ဘဝမှာ အနည်းဆုံးတစ်ကြိမ်တော့ သူတို့စွန့်စားလိုက်တဲ့အရာက ရှုံးနိမ့်မှုတွေ ကြုံရနိုင်ပေမဲ့ နောက်ဆုံးမှာ အောင်မြင်မှုရရှိနိုင်တာကို သိထားကြပါတယ်။

ကြွယ်ဝချမ်းသာချင်ရင် မလုပ်သင့်တဲ့အချက်များ

ကြွယ်ဝချမ်းသာချင်ရင် မလုပ်သင့်တဲ့အချက်များ

စာများများမဖတ်ခြင်း

စာများများမဖတ်ဘူးဆိုလို့ အတွေးခေါ်နည်းပါးတယ်လို့ ဆိုလိုတာမဟုတ်ပါဘူးနော်။ လက်ရှိမိမိမှာ ရှိတဲ့ အတွေးအခေါ်၊ အသိဉာဏ်တွေထက် ပိုချင်ရင်တော့ စာများများဖတ်ပေးသင့်ပါတယ်။ ကိုယ့်ကိုယ်တိုင် တိုးတတ်ကြီးပွားဖို့၊ ဗဟုသုတကြွယ်ဝဖို့၊ သမိုင်းဆိုင်ရာ စာပေတွေသိရှိဖို့၊ တစ်နေ့ကို နာရီဝက်လောက်စာအုပ်ဖတ်သင့်ပါတယ်။ စာများများဖတ်ဖို့အတွက်လည်း အချိန်ပေးသင့်ပါတယ်။

ကြွယ်ဝချမ်းသာချင်ရင် မလုပ်သင့်တဲ့အချက်များ

ကြွယ်ဝချမ်းသာချင်ရင် မလုပ်သင့်တဲ့အချက်များ

နောက်ကျမှ အိပ်ရာထခြင်း

တစ်နေ့တာလုပ်ငန်းမစခင်မှာ အနည်းဆုံး (၃) နာရီကြိုပြီး အိပ်ရာကထသင့်ပါတယ်။ မနက်ခင်းပိုင်းမှာ လုပ်ရမဲ့အရာတွေကို စီစဉ်ဖို့၊ကိုယ်ရေးကိုယ်တာကိစ္စတွေလုပ်ဖို့၊ အားကစားလုပ်ဖို့ အချိန်ပေးသင့်ပါတယ်။ အောင်မြင်တဲ့သူအများစုက (၁၀) မိနစ်၊(၁၅) မိနစ်လောက်တရားထိုင်ကြပါတယ်။ စောစောထမယ်ဆိုရင် လုံလောက်တဲ့အိပ်စက်ဖို့လိုပါတယ်။ မနက်ကို စောစောထဖို့အတွက် ည (၉) နာရီ နဲ့ (၁၀) နာရီကြား အိပ်ရာဝင်သင့်ပါတယ်။

ကြွယ်ဝချမ်းသာချင်ရင် မလုပ်သင့်တဲ့အချက်များ

ကြွယ်ဝချမ်းသာချင်ရင် မလုပ်သင့်တဲ့အချက်များ

ငွေကို စနစ်တကျမသုံးခြင်း

တချို့က ကိုယ်ရတဲ့ဝင်ငွေထက် ပိုပြီးသုံးဖြစ်နေပါတယ်။ ဒါကြောင့် ငွေကို စနစ်တကျသုံးစွဲဖို့လိုပါတယ်။ ကိုယ် မတတ်နိုင်တဲ့အရာတွေ၊ မလိုအပ်တဲ့အရာတွေအတွက် ငွေမသုံးပဲ ငွေစုမိဆောင်းမိဖြစ်အောင် လုပ်သင့်ပါတယ်။ ငွေကို အရမ်းကြီးမသုံးဘဲ ချင့်ချိန်သုံးတတ်ဖို့ များစွာအရေးကြီးပါတယ်။

Ref: Brightside

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top