Intelligent Cloud နည်းပညာပေါ်မှတစ်ဆင့် မြန်မာ့စီးပွားရေးလုပ်ငန်းများ အောင်မြင်လာနိုင်စေရေး Microsoft မှ စတင်မိတ်ဆက်

Image-1.jpg

Microsoft မြန်မာမှ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်းများ ချိတ်ဆက် လုပ်ဆောင်နိုင်မည့် business cloud စနစ်တစ်ခုဖြစ်သည့် Dynamics 365 ကို မြန်မာနိုင်ငံတွင် စတင်ရယူအသုံးပြု နိုင်ပြီဖြစ်ကြောင်း မိတ်ဆက်ခြင်းအခမ်းအနားကို ယခုတစ်ပတ်တွင် ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်ရန်ကုန်၌ အောင်မြင်စွာကျင်းပခဲ့သည်။ Dynamics 365 စနစ်သည် Customer Relations Management (CRM) နှင့် Enterprise Resource Planning (ERP) တို့ကို သိမ်းဆည်းထားသည့် ဒေတာအချက်အလက်များမှတစ်ဆင့် နည်းပညာဉာဏ်စွမ်းဖြင့် စုစည်းအသုံးချကာ စီးပွားရေးလုပ်ငန်းရှင်များအတွက် ဝယ်သူများနှင့် ဆက်သွယ်ခြင်း၊ လုပ်ငန်းလည်ပတ်မှုများဆောင်ရွက်ခြင်း၊ ဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့်တင်ခြင်းများ သို့မဟုတ် ထုတ်ကုန် နှင့်ဝန်ဆောင်မှုများ အဆင့်ဆင့်ပြောင်းလဲဆောင်ရွက်ခြင်းများ အစရှိသည်တို့အပြင် တိကျသေချာသည့် လုပ်ငန်း ရည်ရွယ်ချက် နည်းဗျူဟာများချမှတ်နိုင်စေရေး ကူညီဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်သည်။

Cloud နည်းပညာပေါ်တွင်အဓိကအခြေခံထားသည့် Business Applications Platform တစ်ခုဖြစ်သော Dynamics 365 တွင် ERP နှင့် CRM အခန်းကဏ္ဍအစိတ်အပိုင်းနှစ်ခုကို ပေါင်းစပ်ထားပြီး productivity application နှင့် artificial intelligence tools များ၏ အကူအညီဖြင့် အသေးစား၊ အလတ်စားလုပ်ငန်းများအတွက် သာမက စီးပွားရေးလုပ်ငန်းများအနေဖြင့် ၎င်းတို့၏ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်တစ်ခုချင်းစီအလိုက် အခန်းကဏ္ဍများကို စိတ်ကြိုက်ပြုပြင်လုပ်ဆောင်နိုင်မည်ဖြစ်သည်။ အသုံးပြုသူများအနေဖြင့် data intelligence နည်းပညာပေါ်မှ တစ်ဆင့် ဝယ်ယူသူမှတ်တမ်းများ၊ အရောင်းအဝယ်စာရင်းဇယားများ၊ ဖောက်သည်များ၏ အပြုအမူများ၊ ဦးစား ပေးမှုများနှင့်အတူ အော်ဒါအချက်အလက်များ၊ စာရင်းများနှင့် သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းစဉ်များ စသည်တို့ကို ချိတ်ဆက်လုပ်ဆောင်နိုင်မည့်အပြင် လုပ်ငန်းရှင်များအတွက် ဆုံးဖြတ်ချက်ချရာတွင် အထောက်အကူ ပြုနိုင်မည့် insight tools များလည်း ပါဝင်သည်။

Microsoft Dynamics 365 တွင် သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ သီးသန့်စီးပွားရေးလုပ်ငန်းပုံစံတစ်ခုခြင်းစီအတွက် မတူညီသည့် solutions ပုံစံများအဖြစ် အလွယ်တကူ ချဲ့ထွင်တိုးချဲ့ခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အရောင်း နှင့် ရောင်းအားမြှင့်တင်ခြင်းများ၊ ဝန်ဆောင်မှု၊ လုပ်ငန်းလည်ပတ်မှု၊ ဘဏ္ဍာရေး၊ ကုန်သွယ်ရေးနှင့် လူသားရင်းမြစ် စီမံခန့်ခွဲခြင်း အစရှိသည့် ဘုံအချက်အလက်များနှင့် ပူးပေါင်းလုပ်ဆောင်မှုရှိရသည့် လုပ်ငန်းများအတွက် Dynamics 365 အနေဖြင့် အထစ်အငေ့ါမရှိ ကောင်းမွန်စွာလုပ်ဆောင်ပေးနိုင်မည်ဖြစ်သည်။

Dynamics 365 ၏ အဓိကအားသာချက်မှာ Microsoft ၏ Business Applications များအား တစ်နေရာတည်းတွင် စုစည်းပေးထားခြင်းဖြစ်သည်။ Office 365 နှင့် Outlook တို့ကိုသာ တွင်ကျယ်စွာအသုံးပြုမှုများသော ကုမ္ပဏီများ (သို့) Azure ကို အသုံးပြုနေသော ကုမ္ပဏီများအတွက် Dynamics 365 အနေဖြင့် အဆိုပါထုတ်ကုန်များကို တစ်နေ ရာတည်းတွင် ပေါင်းစည်းပေးခြင်းဖြင့် အခြားသော third-party plug-ins များအပေါ်တွင် မှီတည်ဆောင်ရွက်ရ သည့် CRM စနစ်များထက် များစွာအားသာချက်ရှိသည့် ဝန်ဆောင်မှုများကို ထောက်ပံ့ပေးနိုင်လျှက်ရှိသည်။ ထို့အပြင် Microsoft အနေဖြင့် Dynamics 365 နှင့် အတွဲညီညီချိတ်ဆက်အသုံးပြုနိုင်မည့် third-party applications များကိုလည်း AppSource စတိုးတွင်ထုတ်လုပ်လျှက်လည်း ရှိသည်။

လက်ရှိတွင် အသုံးပြုသူများက မြောက်များစွာသော applications များအား သုံးစွဲလျက်ရှိခြင်းကြောင့် အဆိုပါ applications များအား တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း ရရှိနိုင်စေရန်ကလည်း ပိုမိုအရေးပါလာမည် ဖြစ်သည်။ တစ်နေရာတည်းတွင် စုစည်းပေးထားနိုင်မည့် ဘုံစနစ်ရှိခြင်းဖြင့် သုံးစွဲသူများ၊ အထူးသဖြင့် ပညာရှင်များ အတွက် applications များကို တစ်ပြိုင်နက်တည်းဖြင့် မည်သည့် devices များနှင့်မဆို အချိန်နေရာမရွေး အလုပ် လုပ်နိုင်စေရန် ကူညီထောက်ပံ့ပေးနိုင်မည်လည်း ဖြစ်သည်။

Dynamics 365 အသုံးပြုသူများအနေဖြင့် မိမိတို့၏ ဒေတာအချက်အလက်များအား အချိန်နှင့်တပြေးညီ လွဲပြောင်း ပေးအပ်နိုင်ခြင်း၊ ကောက်ချက်ချခြင်းများနှင့် ကြိုတင်သုံးသပ်ချက်များဖြင့် စီးပွားရေးလုပ်ငန်းများ အောင်မြင်မှု ရရှိ စေရန် ကူညီပေးနိုင်မည် ဖြစ်သည်။ Dynamics 365 ၏ Customer insights မှာ customer များ၏ လိုအပ်ချက်များ ကို ဘက်ပေါင်းစုံရှုထောင့်ဖြင့် နားလည်သိရှိပေးနိုင်ခြင်း၊ ဒေတာအချက်အလက်များမှတစ်ဆင့် စီးဆင်းအခြေခံထား သည့် ကြိုတင်သုံးသပ်ချက်များ နှင့် ကွဲပြားခြားနားသည့် customer ပုံစံအသီးသီးပေါ်တွင်လည်း နားလည်သိမြင်နိုင် စွမ်းရှိသည်။ ထို့အပြင် AI နည်းပညာဖြင့် ပေါင်းစည်းထားခြင်းကြောင့် ယနေ့ခေတ် စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်မည့်လုပ်ငန်းဆောင်တာများအား အဆိုပါ AI အပေါင်းအစုဖြင့် များစွာထောက်ပံ့လုပ်ဆောင်နိုင်မည့်အပြင် ဝန်ထမ်းများအတွက်လည်း ဆုံးဖြတ်ချက်များနှင့် လုပ်ဆောင်မှုများတွင် တက်ကြွစွာ ပါဝင်လာစေရန် ပံ့ပိုးပေးနိုင်မည် ဖြစ်သည်။

Microsoft Dynamics 365 မိတ်ဆက်ပွဲအခမ်းအနားတွင် Microsoft Myanmar ၏ Country Manager ဖြစ်သူ ကိုစိုးသူအောင်နှင့် Capital Diamond Star Group ၏ Chief Financial Officer ဖြစ်သူ Mr. Siva Prakash တို့က Dynamics 365 သုံးစွဲခြင်းကြောင့် customer ဝန်ဆောင်မှုအပိုင်းတွင် တိုးတက်ရရှိလာသည့် အကျိုးကျေးဇူးများ အကြောင်းနှင့် စပ်လျဉ်း၍ စကားဝိုင်းပုံစံဖြင့် ဆွေးနွေးပြောကြားခဲ့ကြသည်။ အဆိုပါအစီအစဉ်မှတစ်ဆင့် ကောင်းမွန်သည့် စီးပွားရေးမိတ်ဖက်အသိုင်းအဝိုင်းများအကြောင်း၊ Microsoft ၏ intelligent packages များ အကြောင်းအရာအပြင် စီးပွားရေးလုပ်ငန်းများစွာအတွက် သင့်တော်သည့် cloud service operations များ အစရှိ သည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြသည်။

Dynamics 365 ကို သုံးစွဲလိုသူများအနေဖြင့် ဝန်ဆောင်မှုများကို ယနေ့မှစတင်ကာ ရယူအသုံးပြုနိုင်ပြီဖြစ်ပြီး self-serve users ၊ task users နှင့် enterprise users အစရှိသည့် ပုံစံ သုံးမျိုးအား လစဉ်ပေးပုံစံဖြင့် အသုံးပြုနိုင် မည်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများအနေဖြင့်လည်း စီးပွားရေးလုပ်ဆောင်ချက်များအတွက် Dynamics 365 အသုံးပြုခြင်းဖြင့် လွယ်ကူလျင်မြန်စွာ ပေါင်းစည်းနိုင်ပြီး စီးပွားရေးပြေးလမ်းပေါ်တွင် အရှိန်အဟုန်ဖြင့် ယှဉ်ပြိုင် လည်ပတ်နိုင်မည်လည်း ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top