နွားနို့ရဲ့အလှအပအကျိုးကျေးဇူးများ

yyl-004-4.jpg

နွားနို့မှာ ပါဝင်တဲ့ကယ်စီယမ်နဲ့ ပရိုတင်းဓာတ်တွေက diet လုပ်တဲ့နေရာမှာ အရမ်းထိရောက်တယ်ဆိုတာကို သိထားကြပါတယ်။ နေ့တိုင်း နွားနို့တစ်ခွက်သောက်ပေးတာက အသားရေကြည်လင်စေသလို ကျန်းမာရေးနဲ့လည်း ညီညွှတ်တယ်လို့ လူအများစုသိထားကြပါတယ်။ အသားရေကို အာဟာရဖြည့်ပေးတာကစပြီး အိုမင်းရင့်ရော်စေတဲ့လက္ခဏာတွေကို တိုက်ဖျက်ပေးတဲ့အထိ အသားရေအတွက် နွားနို့ရဲ့အလှအပအကျိုးကျေးဇူးများစွာရှိပါတယ်။ နွားနို့ရဲ့အလှအပအကျိုးကျေးဇူးတွေကို ဆက်လက်ဖတ်ရှုကြည့်လိုက်ပါနော်..။

မျက်နှာသစ်ဆေးအနေနဲ့ အသုံးပြုနိုင်ခြင်း

မျက်နှာသစ်ဆေးအဖြစ် နွားနို့ကို အသုံးပြုမယ်ဆိုရင် ကောင်းကျိုးများစွာရှိပါတယ်။ အရေပြားဆဲလ်အသေတွေကို ဖယ်ရှားပေးတဲ့နေရာမှာ ကူညီပေးပါတယ်။ အသားရေကို နွားနို့တစ်ဇွန်းနဲ့ ဖြည်းဖြည်းသာသာလေး နှိပ်နယ်ပေးပြီး ရေစိုတစ်ရှုးနဲ့ သုတ်ပေးလို့ရပါတယ်။

အိုမင်းရင့်ရော်မှုကို တိုက်ဖျက်ပေးခြင်း

နွားနို့မှာ အသားရေကျန်းမာရေးကို ကောင်းမွန်စေတဲ့ လက်တစ်အက်ဆစ်ပါဝင်ပါတယ်။ အသားရေဖြူဝင်တင်းရင်းစေတဲ့ ကော်လဂျင် (collogen) ထုတ်လုပ်မှုကို ထပ်မံဖြစ်စေအောင် ကူညီပေးပါတယ်။ ရလဒ်ပိုကောင်းချင်ရင် မကျိုချက်ရသေးတဲ့နွားနို့နဲ့ မျက်နှာပေါင်းတင်ပေးနိုင်ပါတယ်။

နေလောင်ဒဏ်ကို ကုသပေးခြင်း

သင့်အသားရေက နေလောင်ဒဏ်ခံထားရရင် နွားနို့က ကူညီပေးနိုင်ပါတယ်။ အန်တီအောက်စီဒန့်ဓာတ်ပြည့်ဝစွာပါဝင်တဲ့ နွားနို့က အသားရေကို စိုပြေလာစေပြီး နီမြန်းတာကို သက်သာသွားအောင် ကူညီပေးပါတယ်။

အစိုဓာတ်ထိန်းပေးခြင်း

မကျိုချက်ရသေးတဲ့နွားနို့က အသားရေစိုပြေလာအောင် Moisture အနေနဲ့ ကူညီပေးနိုင်ပါတယ်။ နွားနို့အေးကို ဝါဂွမ်းနဲ့ အသုံးပြုပြီး အသားရေပေါ်လိမ်းလိုက်ပါ။ (၁၀) မိနစ်လောက်ထားပြီးရင် မျက်နှာသန့်စင်လိုက်လို့ရပါတယ်။

Ref: 4 Beauty Benefits Of Applying Milk On The Skin

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top