အသက် (၁၁) နှစ်နဲ့ ကိုယ်ပိုင်ဆံပင်အလှပြင်ဆိုင်လေး ပိုင်ဆိုင်ထားတဲ့ ကောင်လေး

yyl-001-5.jpg

ဗင်ဆီ ဝေရှာအက် (Vince Weishaus) အမည်ရတဲ့ ကောင်လေးက အသက် (၁၁) နှစ်အရွယ်မှာပဲ သူ့မိဘတွေရဲ့မြေအောက်ခန်းမှာ ကိုယ်ပိုင်ဆံပင်အလှပြင်ဆိုင်လေးပိုင်ဆိုင်နေပါပြီ။ ဒါပေမဲ့ သူဟာ ဆံပင်ပုံစံအမျိုးမျိုးကို အခမဲ့ညှပ်ပေးတယ်လို့သိရပါတယ်။

ဗင်ဆီက ငယ်ငယ်လေးကတည်းက ဆံပင်ညှပ်ရတာကို စိတ်ဝင်စားခဲ့တာပါ။ အဲဒီနောက်မှာ ဗင်ဆီက ဆံပင်တွေကို ပုံစံအမျိုးမျိုးလုပ်ရတာကိုလည်း ကြိုက်နှစ်သက်ခဲ့ပါတယ်။ “ဗင်ဆီ အသက် (၂) နှစ်၊ (၃) နှစ်ကတည်းက သူ့အစ်မအရုပ်တွေရဲ့ဆံပင်တွေကို ဆော့နေခဲ့တာပါ။ ကျွန်မ ကျစ်ဆံမြီးကျစ်တာကို သူကြည့်ခဲ့ပါတယ်။ ကျွန်မ ကျစ်ဆံမြီး ဘယ်လိုကျစ်ရလဲဆိုတာကို ပြခဲ့ပါတယ်။ အဲဒါနဲ့ ကျစ်ဆံမြီးကို ပြန်ဖြည်တယ်။ ပြန်ကျစ်တာတွေ လုပ်ခဲ့ပါတယ်” လို့ ဗင်ဆီရဲ့အမေက ပြောပါတယ်။

သူ့အသက် (၅) နှစ်မရောက်ခင်မှာ အဘွားရဲ့ဆံပင်တွေကို ညှပ်ပေးခဲ့တာကစပြီး ဆံပင်ပြုပြင်ပေးတဲ့သူအဖြစ်လုပ်ချင်တဲ့ သူ့ဝါသနာကို ရှာတွေ့သွားခဲ့ပါတယ်။ သူ့အသက် (၉) နှစ်အရွယ်မှာ မွေးနေ့လက်ဆောင်အဖြစ် ကိုယ်ပိုင်ဆံပင်အလှပြင်ဆိုင်ကို သူ့မိဘတွေပေးခဲ့တဲ့အခါမှာ ဗင်ဆီရဲ့ဆံပင်ပြုပြင်တဲ့သူဖြစ်ချင်တဲ့အိပ်မက်က အမှန်တကယ်ဖြစ်လာခဲ့ပါတယ်။ “ကျွန်မတို့ရဲ့ မြေအောက်ခန်းလေးထဲမှာ ဆံပင်အလှပြင်ဆိုင်လေးကို ဖွက်ထားခဲ့တာပါ။ သူ့မွေးနေ့မှာ သူကို ခေါ်သွားပြီ အံ့အားသင့်အောင်လုပ်ခဲ့ပါတယ်။ သူ ဝမ်းသာလွန်းလို့ မျက်ရည်ကျခဲ့တယ်” လို့ ဗင်ဆီရဲ့အမေက ဆိုပါတယ်။

မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေကို အခမဲ့လုပ်ပေးပြီး သူက လူတွေကို ဆံပင်ပြုပြင်ပေးခြင်းအားဖြင့် ပျော်ရွင်စေချင်ခဲ့တာပါ။ သူက ဆံပင်အရောင်ဆိုးတာ၊ ဆံပင်ပုံစံအမျိုးမျိုးလုပ်တာတွေနဲ့ ဝန်ဆောင်မှုပေးပါတယ်။ ဗင်ဆီက ဆံပင်နဲ့ ပတ်သက်ပြီး လေ့လာသင်ယူရတာကို ကြိုက်ပြီး သူ့ရဲ့ကိုယ်ပိုင်အလှပြုပြင်တဲ့သူ ချယ်ဆီရဲ့လမ်းညွှန်သင်ပြတာတွေကိုလည်း နာခံပါတယ်။

ဗင်ဆီရဲ့ရည်မှန်းချက်ပန်းတိုင်က တစ်နေ့မှာ နာမည်ကြီးဆံပင်ဆေးဆိုးတဲ့သူဖြစ်ဖို့ပါ။ ဒါ့အပြင် ဗင်ဆီ အခြားလူတွေကို အကြံပေးထားတာကတော့ “ကိုယ်မြတ်နိုးတဲ့အရာကိုသာလုပ်ပါ” ဆိုတာပါပဲ။

Ref: ABC News “11-year-old boy opens salon in parents’ basement: People should ‘do what they love”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top