သန့်ရှင်းရေးသမားအဖြစ်လုပ်ခဲ့ဖူးတဲ့တက္ကသိုလ်ကနေ သူနာပြုဘွဲ့ယူခဲ့တဲ့ကျောင်းသား

65c0e90cb8c7e3d7.jpg

ဘယ်တော့မှ အရှုံးမပေးတတ်တဲ့လူတစ်ဦးအတွက် အောင်မြင်မှုဆိုတာ မလိုချင်ဘူးဆိုပြီးလွှင့်ပစ်ရင်တောင် အောင်မြင်မှုကိုယ်တိုင် လာပြီးယူူပါလို့ ပြောလာမှာပါ။ ဘာဖြစ်လို့လဲဆိုရင် အရှုံးမပေးတဲ့လူတွေအတွက်ဆုလာဘ်က အောင်မြင်မှုသာရှိလို့ဖြစ်ပါတယ်။ ဖရန့် ဘာဇီ (Frank Baez) ကတော့ သန့်ရှင်းရေးသမားအဖြစ်အလုပ်လုပ်ခဲ့ဖူးတဲ့ နယူးယောက်တက္ကသိုလ်ကနေ သူနာပြုဘွဲ့ရခဲ့တာဟာ အရှုံးမပေးဘဲ ကြိုးစားခဲ့တာကြောင့်လို့ ဆိုခဲ့ပါတယ်။

အသက် (၁၅) နှစ်အရွယ်မှာ မိခင်နဲ့အတူဒိုမီနီကန်ရီပတ်လစ်နိုင်ငံကနေ အမေရိကန်နိုင်ငံကို ပြောင်းရွှေ့နေထိုင်ခဲ့သူ ဘာဇီဟာ ခပ်ငယ်ငယ်အရွယ်တုန်းက အမေရိကန်နိုင်ငံ နယူးယောက်တက္ကသိုလ်က Langone Tish Hospital မှာ လူနာအခန်း၊ ရေချိုးခန်းနဲ့ လျှောက်လမ်းတွေကို သန့်ရှင်းရေးလုပ်ခဲ့သူဖြစ်ပါတယ်။ အခု အသက် (၂၉) နှစ် အရွယ်မှာတော့ တစ်ချိန်က သန့်ရှင်းရေးသမားလုပ်ခဲ့ဖူူးတဲ့ နယူးယောက်တက္ကသိုလ်ကနေ သူနာပြုဘွဲ့ရခဲ့ပါပြီ။

တစ်ချိန်က သန့်ရှင်းရေးသမားလုပ်ခဲ့ဖူးတဲ့ နယူးယောက်တက္ကသိုလ်ကနေ သူနာပြုဘွဲ့ရခဲ့

ဘာဇီက “ကျွန်တော် နယူးယောက်တက္ကသိုလ်မှာ အလုပ်စလုပ်တုန်းက အင်္ဂလိပ်စကားကို ကောင်းကောင်း မပြောနိုင်သေးဘူး။ အခုတော့ ကျွန်တော် အဲဒါတွေကိုပြန်တွေးပြီး ဘယ်လောက်ထိလုပ်နိုင်ခဲ့လဲဆိုတာကို ဂုဏ်ယူနေမိပါတယ်”လို့ ပြောခဲ့ပါတယ်။ သူနဲ့ အလုပ်အတူလုပ်တဲ့ သူနာပြုတွေရဲ့ တိုက်တွန်းမှုကြောင့် သူနာပြု သင်တန်းကို တက်ရောက်ခဲ့ပြီး (၁၅) လအကြာမှာ နယူးယောက်တက္ကသိုလ်က သူနာပြုဘွဲ့ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ကျောင်းရဲ့ဒါရိုက်တာ နာတာလေ ပက်လင်စကီ (Natalya pasklinsky) က “ကျွန်တော်တို့ရဲ့ သူနာပြုအတန်းက အောင်မြင်ဖို့ အတော်လေးကို ခက်ခဲပါတယ်။ ဖရန့်က အောင်ရုံအောင်သွားတာ မဟုတ်ပါဘူး” လို့ ပြောပြခဲ့ပါတယ်။ ဖရန့်ဟာ GPA ဖြေဆိုမှုမှာ (၃.၆) မှတ်ရပြီး သူနာပြုဘွဲ့ရခဲ့တာပါ။ ဖရန့်က “ကျွန်တေ်ာက သိပ်ထက်တဲ့ကျောင်းသားတစ်ယောက်မဟုတ်ခဲ့ပါဘူး။ အများကြီးကြိုးစားခဲ့လို့ပါ။ ကျွန်တော် လုပ်ခဲ့တဲ့တစ်ခုတည်းသောအရာက ဘယ်တော့မှအရှုံးမပေးခဲ့တာ ပါပဲ” လို့ သူကပြောခဲ့ပါတယ်။

Ref: ABCNews “Man graduates with nursing degree from same university where he started as a janitor”
Ah Ko Latt (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top