အပတ်စဉ်ဗေဒင်ဟောစာတမ်းကဏ္ဍ (၂၆-၅-၂၀၁၉ မှ ၁-၆-၂၀၁၉ ရက်နေ့အထိ)

Bay-Din-26-may-to1-june.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၂၆-၅-၂၀၁၉ မှ ၁-၆-၂၀၁၉ ရက်နေ့အထိ) တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ Unicode/ Zawgyi version နှစ်မျိုးနဲ့ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွက် တနင်္ဂနွေသားသမီးတို့ကတော့ စီးပွားရေးမှာ ကောင်းနေပါသည်။ စပ်တူလုပ်ငန်း လုပ်ဆောင်သူများအနည်းငယ်ပြန်ကောင်းလာပြီး ညှိနှိုင်းမှုအဆင်ပြေလာပါလိမ့်မည်။ ဆောက်လုပ်ရေးလုပ်ငန်းသတိပြုပါ။ လုပ်ငန်းခွင်အန္တရာယ်ရှိတတ်ပါသည်။ကျန်းမာရေးအနေဖြင့် ဆီးရောဂါရတတ်ပြီး နှလုံးရောဂါရှိသူများ ယခုတစ်ပတ်တွင်လည်း ဆက်လက်သတိထားရမည့်အချိန်ဖြစ်သည်။ အချစ်ရေးတွင် ချစ်သူနှစ်ဦးဆက်ဆံရေး သွေးအေးနေတတ်သည်။ အိမ်ထောင်ရှင်များအနေဖြင့် မိဘမျေားနှင့်အဆငမပြောခြင်း၊ ဝင်ရောက်နှောက်ယှက်ခြင်းများဖြစ်တတ်ပါသည်။ ပညာရေးလိုက်စားသူများအနေဖြင့် လုပ်ငန်းလက်တွေ့သင်တန်းဖြစ်ပါက ပိုကောင်းပါသည်။ လူမှုရေးလုပ်ငန်းမျးတွင်ပါဝင်လုပ်ဆောင်ခြင်းဖြင့် စိတ်သောကများ ပြေပျောက်ပါလိမ့်မည်။ အစိုးရဝန်ထမ်းများ ကံကောင်းနေပါမည်။

အကျိုးပေးဂဏန်းမှာ – ၆၊ ၁၊ ဝ။ ယတြာ – ကလေးများအား အုန်းသီးပါသောမုန့်များ ဝေပေးပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့ကတော့ စီးပွားရေးအတွက် ဆုံးဖြတ်ချက်သေသေချာချ ချမှတ်တတ်ရန်လိုပါသည်။ စပ်တူလုပ်ငန်းလုပ်သူများလည်း အခြေအနေမကောင်းသေးပါ။ စားသောက်ဆိုင်လုပ်ငန်း၊ လယ်ယာလုပ်ငန်းများ ကံကောင်းမည်။ ကျန်းမာရေးအနေနှင့် မျက်လုံးနှင့်ဆိုင်သော ဝေဒနာရှင်များ ယခုတစ်ပတ်မှာလည်း ဆက်သတိထားရမည့်အချိန်ဖြစ်သည်။ အချစ်ရေးကံကောင်းနေပြီး ချစ်သူနှင့် ယာယီခွဲနေရတတ်သည်။ အိမ်ထောင်ရှင်များ စိတ်ရှည်သိခံဖို့လိုပါသည်။ ဆွေမျိုးမျးကို အကြောင်းပြုပြီး စိတ်သေကရောက်ရတတ်သည်။ ပညာရေးသမားများ ယခုလအတွင်း သင်တန်းသစ်များတက်နေရသော်လည်း မရေမရာ ဖြစ်တတ်သည်။ စက်ပစ္စည်း၊ ကား စသောပစ္စည်းမျိုးရာင်း/ဝယ်ရေးလုပ်ကိုင်သူများ အထူးသတိပြုရမည်။ စကားမှားတတ်သည်။ ဝန်ထမ်းများအတွက် ယခုတစ်ပတ် ကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၀ ၊ ၅ ၊ ၁။ ယတြာ – ချို့တဲ့ကလေးများအား ကိတ်မုန့်ကျွေးပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးများအတွက် မထင်သည့်ကိစ္စများဖြစ်လာတတ်သဖြင့် စီးပွားရေးလုပ်ငန်း လုပ်သူများ သတိဖြင့်လုပ်ကိုင်ရမည်။ မထင်မှတ်သောကိစ္စတစ်ခုကြောင့် အတိုင်ခံရပြီး ရုံးတက်ဖြေရှင်းရသည်အထိ ဖြစ်သွားလိမ့်မည်။ ရေလုပ်ငန်းနှင့်ဆိုင်သော စီးပွားရေးသမားများ ကံကောင်းပြီး ဆောက်လုပ်ရေးနှင့်ဆိုင်သောလုပ်ငန်းလုပ်ကိုင်သူများ အခက်အခဲရှိပါလိမ့်မည်။ ကျန်းမာရေးအနေနှင့်ခေါင်းကိုက်တတ်ပြီး၊ အစာအိမ်ရောဂါ အထူးသတိထားသင့်ပါသည်။ အချစ်ရေးအဆင်ပြေပါသည်။ အိမ်ထောင်ရှင်များ လုပ်ငန်းကြောင့်ခွဲနေရတတ်သည်။ ပညာရေးအနေဖြင့် အလွန်ကြိုးစားရပါမည်။ ဝန်ထမ်းများ ကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၅၊ ၆၊ ၂။ ယတြာ – ငှက်ကလေးများကို အစာကျွေးပြီး လိုရာဆုတောင်းပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့ မိမိလုပ်ဆောင်တာဝန်ယူရသောလုပ်ငန်းတွင် ပြီးပြတ်သလောက်ရှိပြီဖြစ်သည်။ မည်သည့်အလုပ်မဆို သေချာစဉ်စားလုပ်ဆောင်ရမည့်အခြေအနေဖြစ်နေသည်။ စပ်တူလုပ်ငန်းများပြန်သတိထားရမည့်အချိန်ဖြစ်သည်။ မိမိလက်အောက်ငယ်သားများကြောင့် ငွေကုန်တတ်သည်။ ကျန်းမာရေးအနေနှင့် ခါးနာခြင်းဖြစ်တတ်သည်။ ယခုတစ်ပတ်တွင်လည်း သွေးတိုး၊ ဆီးချိုသမားများ သတိထားရမည်။ အချစ်ရေးတွင် အထင်လွဲသောအချစ်တစ်ခု ဖြစ်နေတတ်သည်။ အိမ်ထောင်ရေးအခြေအနေ အေးစက်နေပါသည်။ ပညာရေးသမားများ ဆရာသစ်ရှာတွေ့လိမ့်မည်။ ဝန်ထမ်းများ လုပ်ငန်းကို နှစ်ခါပြန်လုပ်ရတတ်ပြီး ပင်ပန်းနေရပါမည်။

ရာဟု – ရာဟုသားသမီးတို့ကတော့ ကျန်းမာရေးညံ့နေတတ်ပြီး စိတ်လိုက်မာန်ပါမလုပ်မိအောင် သတိထားရမည့်ကာလဖြစ်ပါသည်။ အချစ်ရေးအတွက် စိတ်ထိခိုက်ရတတ်သည်။ တိရိစ္ဆာန်များကို သတ်ဖြတ်ခြင်းမပြုမိရန် သတိထားရပါမည်။

အကျိုးပေးဂဏန်း – ၂၊ ၅၊ ၁။ ယတြာ – ဗုဒ္ဓဟူးနေ့တွင် ဘုရားသန့်ရှင်းရေးလုပ်ပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသာပတေးသားသမီးတို့အတွက် ခိုင်မာသောစီးပွားရေးလုပ်ငန်းထူထောင်သင့်ပါသည်။ လုပ်ငန်းသစ်ပြောင်းလုပ်မည်ရည်ရွယ်ထးပါက စတင်နိုင်သောကာလဖြစ်သည်။ ငွေကြေးကိစ္စများ အဆင်ပြေမည်။ ချေးငွေရရှိမည်။ ကျန်းမာရေးအနေနှင့် ဆီးရောဂါရှိသူများ ရောဂါပြန်ဖောက်တတ်သဖြင့် အထူးသတိထားရမည်။ ချစ်သူရည်းစားများ ကြားလူဝင်သဖြင့် စိတ်ညစ်ရမည်။ အိမ်ထောင်ရှင်များ အခြေအနေတင်းမာနေတတ်ပါသည်။ ပညာရေးသမားများ သင်တန်းမှားတတ်ခြင်းကြောင့် အချိန်ကုန်လူပန်းဖြစ်မည်။ ဝန်ထမ်းများ ခရီးထွက်ရခြင်း၊ နယ်ပြောင်းရခြင်းများ ရှိပါမည်။

အကျိုးပေးဂဏန်း – ၅၊ ၆၊ ၂။ ယတြာ – ကြာသပတေးနေ့တွင် ရဟန်းတစ်ပါးအား ငွေ(၅၀၀) လှူပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့သည် မျှော်လင့်ထားသည့်အတိုင်း စီးပွားရေးဖြစ်မလာသဖြင့် စိတ်ဓာတ်ကျနေတတ်သည်။ ငွေကြေးလုပ်ငန်း၊ ယာဉ်၊ စက်၊ ကား စသည့်လုပ်ငန်းများ ကောင်းမွန်ပြီး တွင်းထွက်ပစ္စည်းလုပ်ငန်းများ၊ ကျောက်မျက်ရတနာလုပ်ငန်းလုပ်ကိုင်သူများ အညံ့ကြုံနေပါသည်။ ငွေကြေး၊ အဆောက်အဦးကိစ္စအတွက် အလွန်စိတ်ပူရလိမ့်မည်။ ကျန်းမာရေးအတွက် အစာအိမ်ရောဂါရှင်များ သတိပြုနေထိုင်ရန်အရေးကြီးပါသည်။ အချစ်ရေး ကောင်းနေပါသည်။ အိမ်ထောင်သည်များလည်း စိတ်ချမ်းသာရမည်။ ပညာရေးသမားများ ကြိုးစားရမည်။ အစိုးရဝန်ထမ်းများ သတိထားရလိမ့်မည်။ နေရာလုခံရတတ်သည်။

အကျိုးပေးဂဏန်း – ၆၊ ဝ၊ ၃။ ယတြာ – သောကြာနေ့နံနက်တွင် တိရိစာန်္ဆများကို ပေါင်မုန့်ကျွေးပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့သည် စီးပွားရေးလုပ်ငန်းများ ပြန်လည်နလံထူလာသည့်အချိန်ဖြစ်သည်။ ငွေကြေးကိစ္စများ ဖြေရှင်းနိုင်သဖြင့် စိတ်သက်သာရာရလာမည်။ လုပ်ငန်းဟောင်းမှ ငွေပြန်ပေါ်မည်။ လူဟောင်းများ၊ ဆရာသမားဟောင်းများ၏ အကူအညီရရှိမည်။ ကျန်းမာရေးအနေနှင့် ခါးနာဝေဒနာရှင်များ ရောဂါဟောင်းပြန်ထပြီး ဆေးကုသမှုခံယူရတတ်သည့်အချိန်ဖြစ်သည်။ အချစ်ရေးတွင်ကံ အထူးကောင်းနေပါသည်။ ချစ်သူနှစ်ဦးမထားမိရန် အထူးသတိပြုပါ။ အိမ်ထောင်သည်များ သားသမီးကိစ္စကို အကြောင်းပြုပြီး သဘောထားကွဲနေတတ်သည်။ ပညာရေးကိစ္စများအောင်မြင်ပါလိမ့်မည်။ ဝန်ထမ်းများ လုပ်ငန်းသုံး အရေးကြီးပစ္စည်း (လက်နက်ကိုင်များ ပိုသတိထားရန်) ပျောက်သဖြင့် ပြဿနာအကြီးစား ရှိလာတတ်သည်။

အကျိုးပေးဂဏန်း – ၇၊ ၁၊ ၅။ ယတြာ – စနေနေ့တွင် ငှက်လွှတ်ပါ။

ဆရာကင်္ကသူ
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top