ဆေးမသောက်ရဘဲ ခေါင်းကိုက်ဝေဒနာ ပျောက်နိုင်ဖို့

tired-woman-at-work-3FJD859.jpg

လူတိုင်း ခေါင်းကိုက်တဲ့ဝေဒနာကို ခံစားဖူးကြမှာပါ။ ဘာမှထွေထွေထူးထူးလည်းမလုပ်ပဲ တစ်နေ့တည်း သုံးလေးကြိမ်ကိုက်နေတာမျိုးနဲ့ ရက်ဆက်ကိုက်နေတာမျိုးတောင် ဖြစ်ဖူးကြပါတယ်။

စိတ်ဖိစီးမှုကြောင့်ပဲ ဖြစ်ဖြစ်၊ အလုပ်တွေများလို့ပဲ ဖြစ်ဖြစ် ဒါမှမဟုတ်ရင်လည်း နေမကောင်းဖြစ်တဲ့အခါမျိုးတွေမှာ ခေါင်းကိုက်ဝေဒနာကို ခံစားရတတ်ကြပါတယ်။ စာရေးသူဆို ခေါင်းခဏခဏ ကိုက်တတ်လွန်းလို့ ဆေးသောက်ရတာတွေများပြီး ခုဆို ဆေးတောင်မတိုးတော့ပါဘူး။ အခု ပြောပြပေးမယ့် နည်းလမ်းလေးတွေက ဆေးမုန်းသွားတဲ့သူတွေ အတွက်ပါ။ နောက်တစ်ခါ ခေါင်းကိုက်ရင်တော့ ဆေးမသောက်သေးပဲ အခု ပြောပြပေးမယ့် နည်းလမ်းလေးတွေကို အရင် လုပ်စမ်းကြည့်ပါ။

၁။ ကော်ဖီပြင်းပြင်းလေးတစ်ခွက်ကို သံပရာသီးညှစ်ပြီးသောက်ကြည့်ပါ။ နာကျင်ကိုက်ခဲမှုတွေက ဖြည်းဖြည်းချင်း လျော့နည်းသွားပါလိမ့်မယ်။ နောက်ထပ် သံပရာသီးနဲ့ ကော်ဖီက အမူးဖြေအရည်အနေနဲ့လည်း သောက်သုံးလို့ရပါတယ်။

၂။ ဟိုက်ပါရကမ် ပါဖောရတမ် ( Hypericum perforatum) တစ်ဇွန်းကို ရေသန့် (၂၅၀) မီလီလီတာနဲ့ ရောစပ်ထားလိုက်ပါ။ (၁၅) မိနစ်ထားပြီးတဲ့အခါ သောက်လို့ရပါပြီ။ တစ်နေ့ (၃) ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

၃။ နောက်ထပ် ပွက်ပွက်ဆူအောင် တည်ထားတဲ့ ရေ (၅၀၀) မီလီမီတာထဲ ပူစီနံရွက်တွေကို ပစ်ထည့်လိုက်ပါ။ သူ့ကိုတော့ မိနစ် (၃၀) ထားပြီးမှ သောက်ပေးပါ။ တစ်ရက် (၃) ကြိမ် သောက်လို့ရပါတယ်။

၄။ ဒီတစ်ခါတော့ အချဉ်အရသာရှိတဲ့ ပန်းသီးနဲ့ ပျားရည် အရောအနှောလေးပါ။ အချဉ်အရသာရှိတဲ့ ပန်းသီး (၃) လုံးကို ကြိတ်စက်ထဲ ရောမွှေထားပြီး နောက်မှ ပျားရည် တစ်ဇွန်းအပြည့် ထပ်ထည့်လိုက်ပါ။ ဗိုက်ထဲ အစာမရှိချိန်လည်း သောက်လို့ရပါတယ်။

၅။ မြင်းခွာရွက်ရဲ့ ဆေးဖက်ဝင်ပုံကိုတော့ အားလုံးသိပြီးသားဖြစ်မှာပါပဲ။ သူက ခေါင်းကိုက် ဝေဒနာ ကုသတဲ့နေရာမှာ ဆရာတစ်ဆူပါ။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ဦးနှောက်ထဲ အောက်စီဂျင် ရောက်အောင် ကူညီပေးနိုင်ပါတယ်။

Ref : Pinterest “Headache reife – Cure the headache without taking any pills”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top