ပထမဆုံး ရေငုပ်သင်္ဘောတစ်စီး ဝယ်ယူတော့မယ့် ဖိလစ်ပိုင်

2017-01-03T054354Z_852376660_RC1DAD33BC40_RTRMADP_3_PHILIPPINES-RUSSIA-NAVY-940x580.jpg

ဖိလစ်ပိုင်နိုင်ငံဟာ တောင်တရုတ်ပင်လယ်မှာ ပိုင်နက်နယ်မြေ အငြင်းပွားမှုတွေ ရှိနေချိန်မှာပဲ ရေတပ်ဖွဲ့ကို ပိုမိုခေတ်မီစေဖို့ ရေငုပ်သင်္ဘောတစ်စီးကို ပထမဆုံးအနေနဲ့ ဝယ်ယူသွားမှာဖြစ်ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဒီဖင် လိုရမ်ဇာနာက ဖိလစ်ပိုင်နိုင်ငံအနေနဲ့ တောင်ကိုရီးယား၊ တရုတ်နဲ့ အခြားနိုင်ငံတွေဆီက ရေငုပ်သင်္ဘောတွေကို စုံစမ်း ရှာဖွေနေတယ်လို့ ပြောခဲ့ပါတယ်။ ရေငုပ်သင်္ဘော ထုတ်လုပ်နိုင်ဖို့ အချိန် ၅ နှစ်ကနေ ၈ နှစ် အထိ အချိန်ယူရဖွယ်ရှိနေတယ်လို့ ဖိလစ်ပိုင် မနီလာတိုင်းမ် သတင်းစာက ဖော်ပြခဲ့ပါတယ်။ ဖိလစ်ပိုင်ရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်ကာပူတို့မှာ ရေငုပ်သင်္ဘောတွေ ရှိကြောင်း၊ ကိုယ့်ပိုင်နက်ကို စောင့်ရှောက်နိုင်ဖို့ ရေငုပ်သင်္ဘောလိုကြောင်း ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးက ပြောခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ ရေတပ်သင်္ဘောတွေ၊ ဖရီးဂိတ်သုံးစီ နဲ့ 12—fa -50 အမျိုးအစား တိုက်လေယာဉ်တွေကို မကြာသေးမီက ရရှိ ပိုင်ဆိုင်ထားခဲ့ပါတယ်။ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးက ဖိလစ်ပိုင် နိုင်ငံအနေနဲ့ ရေငုပ်သင်္ဘောတစ်စီး မရှိသေးကြောင်း ပြောခဲ့ပါတယ်။ ရေငုပ်သင်္ဘော ဝယ်ယူမှုဟာ ဖိလစ်ပိုင် ရေတပ် သင်္ဘောသစ်၊ ရဟတ်ယာဉ်၊ လေယာဉ်နဲ့ အခြား စစ်ဘက်သုံးပစ္စည်းတွေ ခေတ်မီရေး အစီအစဉ်ထဲမှာပါဝင်ကြောင်း ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ အငြင်းပွားမှုတွေရှိနေတဲ့ တောင်တရုတ်ပင်လယ်မှာ ငါးဖမ်းတဲ့ ဖိလစ်ပိုင် ငါးဖမ်းသမားတွေကို တရုတ် ကမ်းခြေစောင့် အဖွဲ့က ဖမ်းဆီးတာတွေ ရပ်တန်ဖို့နဲ့ အဲဒီ ဖမ်းဆီးမှုတွေကို လက်မခံနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။ တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့ဟာ တောင်တရုတ်ပင်လယ်အတွင်း ငါးဖမ်းမှုတွေကို တားဆီးမှုတွေ လုပ်ခဲ့တယ်လို့ GMA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Ref: asiancorrespondent.com “philippines eyes buying first submarines amid row in south china sea”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top