ငါးမန်းဖြူကို ချက်ပြုတ်စားသောက်တဲ့ အစားအသောက်ဘလော့ဂါ ဒေါ်လာ ၁၈၅၀၀ ဒဏ်ရိုက်ခံရ

1.2.2023-image-4.jpg

ငါးမန်းဖြူကို ချက်ပြုတ်စားသောက်တဲ့ အစားအသောက်ဘလော့ဂါ ဒေါ်လာ ၁၈၅၀၀ ဒဏ်ရိုက်ခံရ

ပြီးခဲ့တဲ့နှစ်က တရုတ်လူမျိုးအစားအသောက်ဘလော့ဂါတစ်ဦးဟာ တရုတ်နိုင်ငံမှာ ကာကွယ်စောင့်ရှောက်ခံထားရတဲ့ ငါးမန်းဖြူကြီးတစ်ကောင်ကို ဝယ်ယူပြင်ဆင်ချက်ပြုတ်စားသောက်တဲ့ဗီဒီယိုကို တင်ခဲ့ပြီးတဲ့နောက်မှာ ဒေါ်လာ ၁၈၅၀၀ ခန့် ဒဏ်ရိုက်ခံခဲ့ရပါတယ်။
တီဇီလို့ လူသိများတဲ့ အစားအသောက်ဘလော့ဂါက အရှည် ၆ ပေရှိတဲ့ ငါးမန်းကို ဝယ်ယူပြီး ချက်ပြုတ်စားသောက်ပြတဲ့ ဗီဒီယိုကို တရုတ်လူမှုကွန်ယက် Douyin မှာ တင်ခဲ့တာပါ။ ဗီဒီယိုထဲမှာ ငါးမန်းဟာ ကြမ်းတမ်းပုံပေါ်ပေမဲ့ အသားက တကယ်နူးညံ့တယ်လို့လည်း ပြောခဲ့ပါသေးတယ်။

နန်ချွန်မြို့က ရဲတွေဟာ တီဇီက ငါးမန်းဖြူကို တရားမဝင် ဝယ်ယူချက်ပြုတ်စားသောက်နေတာဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေခဲ့တာပါ။ ရဲတွေက ဒီငါးမန်းက မျိုးသုဉ်းလုနီးပါးဖြစ်နေတဲ့ ငါးမန်းဖြူတစ်ကောင်ဖြစ်ပြီး တီဇီ ယူဆထားတဲ့ hooktooth ငါးမန်းတစ်ကောင်မဟုတ်ဘူးလို့ အခိုင်အမာယုံကြည်ထားခဲ့တာပါ။ အာဏာပိုင်တွေက တစ်သျူးအပိုင်းအစတွေကို DNA ခွဲခြမ်းစိတ်ဖြာမှု ပြုလုပ်ကြည့်တော့ တီဇီ ဝယ်ယူခဲ့တဲ့ ငါးမန်းက ငါးမန်းဖြူတစ်ကောင်ဖြစ်တာကို အတည်ပြုခဲ့ပြီးတဲ့နောက်မှာ တီဇီက တရုတ်ရဲ့တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးဥပဒေကို ချိုးဖောက်ခဲ့တာ တွေ့ရှိခဲ့တယ်လို့ ဇန်နဝါရီ ၂၈ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နာမည်အရင်း ကျင်မူမူ လို့သိရတဲ့ အစားအသောက်ဘလော့ဂါက ယွမ် ၁၂၅၀၀၀ (ဒေါ်လာ ၁၈၅၀၀ခန့်) ဒဏ်ရိုက်ခံခဲ့ရတယ်။ သူ့ကို ငါးမန်းရောင်းချခဲ့တဲ့ ငါးဖမ်းသမားနဲ့ငါးဒိုင်သမားကိုလည်း ဖမ်းဆီးထားတယ်လို့ ထုန်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အရင်ကလည်း တီဇီဟာ ဖော်လိုဝါ ၇.၈ သန်းရှိတဲ့ သူ့ရဲ့ Douyin အကောင့်မှာ မိကျောင်းနဲ့ ငှက်ကုလားအုတ်အပါအဝင် ထူးဆန်းတဲ့ တိရစ္ဆာန်တွေစားသုံးတဲ့ ဗီဒီယိုတွေကိုလည်း တင်ခဲ့ဖူးပါတယ်။

ဒီသတင်းနဲ့ဆက်စပ်တဲ့သတင်းကို ဖတ်ရှုရန်-

ငါးမန်းဖြူကို တရားမဝင်ဝယ်ယူချက်ပြုတ်စားသုံးခဲ့လို့ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရနိုင်ဖွယ်ရှိတဲ့ Food Blogger

Ref: Food blogger who cooked and ate great white shark is fined $18,500

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top