အမွှေးရှည်မြွေပါတွေကို လူအသုံးအဆောင်အဖြစ် အသုံးပြုခံရမယ့် ရန်ကနေ အများကြီးကယ်တင်ဖို့ လိုအပ်နေ

yyl-038-8.jpg

တိရစ္ဆာန်တစ်ကောင်ကို ကယ်တင်လိုက်လို့ ဖြစ်လာတဲ့ ခံစားချက်ကို သင်တို့ခံစားဖူးကြလား။ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာက ခွေးတစ်ကောင်ကို မွေးစားလိုက်တာ (ဒါမှမဟုတ်) ဒုက္ခရောက်နေတဲ့ တိရစ္ဆာန်တစ်ကောင်ကို ကယ်တင်တာတို့တွေပေါ့။ ကယ်ဆယ်ရေးအဖွဲ့အစည်းတော်တော်များများကတော့ တိရစ္ဆာန်တွေကို ကယ်တင်ရတဲ့ခံစားချက်ကို သိကြမှာပါ။ Open Cages ဆိုတဲ့ အဖွဲ့အစည်းကတော့ အသတ်ခံရတော့မယ့် အမွှေးရှည်မြွေပါတစ်ကောင်ကို ကယ်တယ်ပေးခဲ့ပါတယ်။ အဲဒီမြွေပါလေးကို Cranberry လို့တောင်အမည်ပေးခဲ့ပြီး သူ့အတွက် နေစရာအိမ်လေးလည်း ဖန်တီးပေးထားပါတယ်။

Cranberry ဆိုတဲ့မြွေပါလေးကို အဲဒီအဖွဲ့အစည်းက သူ့ရဲ့ခြံဝင်းအသစ်ဆီ လွှတ်ပေးနိုင်ခဲ့ပါတယ်။ Open Cages က အဲဒီတိရစ္ဆာန်လေးရဲ့ ရေကူးတာ၊ ရေကန်တဲ့ ခုန်ချတာတွေကို အနီးကပ်မြင်တွေ့ခဲ့ရပါတယ်။ Cranberry က အဖွဲ့အစည်းက လူတွေနဲ့ ရင်းနှီးလာပြီး အတူကစားဖို့တောင်ကြိုးစားပါတယ်။ အရင်တုန်းကတော့ သူဟာ လူတွေရဲ့အကြင်နာတရားကို မကြုံတွေ့ခဲ့ရဖူးတဲ့ပုံပါပဲ။

Cranberry ရဲ့မျက်နှာလေးကို ကြည့်လိုက်ရင် သူ့လိုအခြားတိရစ္ဆာန်လေးတွေကိုလည်း မြင်ယောင်လာစေမဲ့အပြင် သူ့ရဲ့မျက်လုံးထဲမှာလည်း မျှော်လင့်တကြီးနဲ့ အားကိုးနေတဲ့အရိပ်ယောင်တွေမြင်ရပါတယ်။ Open Cages အဖွဲ့အစည်းက Cranberry လေးကို ကယ်တင်နိုင်ခဲ့လို့ ပျော်ရွှင်ခဲ့ရပေမဲ့ နောက်ထပ်အန္တရာယ်ရှိနေတဲ့ အမွှေးရှည်မြွေပါလေးတွေ အများကြီးကျန်နေပါသေးတယ်။

လစ်သူယေးနီးယား သမ္မတနိုင်ငံက အမွှေးရှည်မြွေပါတွေအားလုံးက ကြောက်မက်ဖွယ်အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ သူတို့ကို ဝဖြိုးလာအောင် အစာတွေအများကြီးကျွေးကြပါတယ်။ ဒါမှ သူတို့ရဲ့ခန္ဓာကိုယ်မှာ အမွှေးတွေပိုများလာမှာဖြစ်ပါတယ်။ နှစ်ဝက်လောက်အကြာမှာ သူတို့တွေကို ဂတ်စ်ဖြည့်ထားတဲ့သေတ္တာထဲထည့်ပြီး မွန်းကျပ်အောင်လုပ်ကြပါတယ်။ ပြီးရင် သူတို့ရဲ့အမွှေးတွေကိုယူပြီး လူအသုံးအဆောင်ပစ္စည်းတွေ ပြုလုပ်ပစ်ကြပါတယ်။

မြွေပါသန်းပေါင်းများစွာကို ကယ်တင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်တဲ့အတွက် အားလုံးဝိုင်းဝန်းကူညီရမှာဖြစ်ပါတယ်။ Open Cages က တိရစ္ဆာန်ညှင်းပန်းမှုကို ရပ်တန့်အောင်၊ တိရစ္ဆာန်တွေအတွက် ရပ်တည်ပေးနေတဲ့ အကျိုးမမြတ်မယူတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက် တိရစ္ဆာန်အခွင့်အရေးအတွက် ရှေ့ကနေရပ်တည်ပေးနေသလို လှူဒါန်းမှုတွေ၊ ရန်ပုံငွေလည်း ရှာဖွေနေကြပါတယ်။

Ref: We Saved One Mink From Death But We Still Need To Save A Million More

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top