ထိုင်းလူငယ် ဘောလုံးသမားလေးတွေ ပိတ်မိနေခဲ့တဲ့ လိုဏ်ဂူကို ပြတိုက်အဖြစ် ပြောင်းလဲ ဖန်တီးမယ်

Rescue_equipment_in_Tham_Luang_entrance_chamber_cropped.jpg

ထိုင်းလူငယ် ဘောလုံးအသင်းမှ လူငယ် ၁၂ ဦးနဲ့နည်းပြတို့ သီတင်းပတ် နှစ်ပတ်ကြာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းက လိုဏ်ဂူကို ပြတိုက် အဖြစ် ဖန်တီးသွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။ အဲဒီ ပြတိုက်အတွင်းမှာ ကလေးငယ်တွေကို ကယ်ဆယ်မှုလုပ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။

အခုလိုမျိုးပြတိုက် လုပ်ရတာဟာ ထိုင်းနိုင်ငံကို လာရောက်ကြဖို့အတွက် အဓိက ဆွဲဆောင်မှုတွေဖြစ်လာစေဖို့ ရည်ရွယ်တာလို့ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ ဒါအပြင် ကုမ္ပဏီနှစ်ခုကလည်း ကလေးတွေကို ဂူအတွင်းက ကယ်တင်တဲ့အခြေနေကို ဇာတ်လမ်း ရေးဖွဲ့ကာ ရုပ်ရှင်ရိုက်ဖို့ စုံစမ်းနေတယ်လို့သိရပါတယ်။ လက်ရှိမှာတော့ ကလေးတွေ နဲ့ နည်းပြတို့ဟာ ကျန်းမာရေးကောင်းမွန်တဲ့အခြေနေမျိုးမှာ ရှိနေပါတယ်။

ထမ့်လုံလိုဏ်ဂူဟာ ထိုင်းနိုင်ငံက လိုဏ်ဂူတွေထဲမှာ အကြီးမားဆုံး လိုဏ်ဂူတစ်ခုဖြစ်ပြီး မယ်ဆိုင်မြို့ ပတ်ဝန်းကျင်က တောင်တွေအောက်မှာ ရှိနေပါတယ်။ အဆိုပါ ဧရိယာဟာ ခရီးသွားတွေအတွက် ကန့်သတ်နယ်မြေလည်း ဖြစ်နေပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် နာရွန် ဆက် အိုဆောတက်နာခရွန်က အဆိုပါ လိုဏ်ဂူ ဧရိယာကို ပြတိုက်အဖြစ် ထားမှာဖြစ်ပြီး ဂူအတွင်းပိတ်မိနေတဲ့ ကလေးတွေကို ဘယ်လို ကယ်တင်ခဲ့တယ်ဆိုတာကို ဖော်ပြထားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးနဲ့ ပတ်သက်တဲ့ အချက်လက်တွေကို တည်ဆောက် ဖန်တီးမှာဖြစ်ပြီး ထိုင်းနိုင်ငံကို လာဖို့ ဆွဲဆောင်မှုတွေရှိလာစေမယ်လို့ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

Ref: “BBC” Thailand cave: Museum and movie in the works for Tham Luang”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top