တွဲတဲ့ရည်းစားရဲ့ အသက်ဘယ်လောက်မှာ လီယိုနာဒို (Leonardo DiCaprio) က လက်တွဲဖြုတ်လေ့ရှိသလဲ

5c892fa394a8df244b446403-1536-768.jpg

ရည်းစားထားတိုင်း အသက် (၂၅) နှစ်အောက်မိန်းကလေးတွေကိုသာ အမြဲရွေးချယ်လေ့ရှိသူ လီယိုနာဒို ရဲ့ ပိုပြီးထူးခြားတဲ့အချက်က သူနဲ့တွဲခုတ်နေတုန်းမှာ အသက် (၂၅) နှစ်ပြည့်သွားတဲ့ ရည်းစားတိုင်းကို ဆက်မတွဲတော့ဘဲ ဖြတ်ပစ်လိုက်တာပါပဲ။ ဒီအကြောင်းက မှတ်တမ်းမှတ်ရာနဲ့ကို အဆင်သင့်ထွက်ပေါ်လာခဲ့တာပါ။

ထူးခြားတဲ့အချက်က သူနဲ့တွဲခုတ်နေတုန်းမှာ အသက် (၂၅) နှစ်ပြည့်သွားတဲ့ ရည်းစားတိုင်းကို ဆက်မတွဲတော့ဘဲ ဖြတ်ပစ်လိုက်တာပါပဲ

နွားအိုမြက်နုကြိုက်လို့ အသက် (၄၄) နှစ်အရွယ် လီယိုနာဒိုကို စကားနာဝိုင်းထိုးစရာဖြစ်နေပေမဲ့ လီယိုကတော့ အခုချိန်ထိ လူပျိုကြီးဘဝကို မက်မက်မောမောခုံမင်နေဆဲပါပဲ။ သူ့ရဲ့ချစ်သူစာရင်းကိုကြည့်လိုက်ရင် ဖက်ရှင်ရှိုးနဲ့ ကိုယ်ဟန်ပြမော်ဒယ် အချောအလှလေးတွေကိုမှ ရွေးချယ်တွဲခုတ်ခဲ့တာကိုတွေ့ရမှာဖြစ်ပြီး သူ့ရဲ့ချစ်သူရွေးတဲ့ပုံစံအရ မော်ဒယ်ဖြစ်ရုံသာမက အသက်(၂၅) နှစ်ထက်ငယ်ရွယ်တဲ့သူကိုမှ စွဲလန်းတတ်သူမင်းသားကြီးပါ။

လီယိုနာဒိုဆိုရင်ကို မဆွတ်ခင်ကညွှတ်ချင်ကြသူချည်းပဲမို့ မင်းသားကြီးကတော့ ချစ်သူထည်လဲတွဲရင်း ပန်းပန်လျက်ပါပဲ

ဘာပဲဖြစ်ဖြစ် လီယိုနာဒိုဆိုရင်ကို မဆွတ်ခင်ကညွှတ်ချင်ကြသူချည်းပဲမို့ မင်းသားကြီးကတော့ ချစ်သူထည်လဲတွဲရင်း ပန်းပန်လျက်ပါပဲ။ ၁၉၉၉ မှာ သူစတွဲခဲ့တဲ့ချစ်သူ ဘန်ချန် (Bundchen) ဟာ (၁၈) နှစ်အရွယ်သာရှိခဲ့တာပါ။ ငါးနှစ်အကြာမှာ ခွာပြဲသွားခဲ့ပြီး အသက် (၂၀) အရွယ် ဘား ရေဖယ်လီ (Bar Refaeli) နဲ့ ၂၀၀၅ မှာထပ်တွဲပါတယ်။ နောက်ငါးနှစ်အထိသာမြဲပြီး အသက် (၂၅) ပြည့်သွားတဲ့ ချစ်သူ ရေဖယ်လီနဲ့ ပြတ်စဲခဲ့တယ်။

မင်းသမီး ဘလိတ်နဲ့ ၂၀၁၁ မှာ ခဏတဖြုတ် တွဲခဲ့ပြီး (၂၃) အရွယ်မင်းသမီးဟာ မော်ဒယ်မဟုတ်ခဲ့တဲ့ ချွင်းချက်တော့ရှိခဲ့တယ်။ ၂၀၁၂ မှာ ဗစ်တိုးရီယားမော်ဒယ် အီရင်နဲ့ အပျော်ဆက်တွဲခဲ့တယ်။ သူလည်း (၂၂) နှစ်အရွယ်ပါ။

လီယို အသက် (၄၀) ကျော်လာချိန်မှာ ရေကူးဝတ်စုံမော်ဒယ်ဖြစ်သူ ကယ်လီ (Kelly) ကိုချစ်ကြိုက်ခဲ့တယ်။ ထုံးစံအတိုင်းပဲ ကယ်လီက အသက် (၂၅) နှစ်ဝန်းကျင်ဖြစ်နေတော့ The Revenant ရုပ်ရှင်ကိုအကြောင်းပြချက်ပေးပြီး ချက်ချင်းဖြတ်လိုက်ပြန်ပါတယ်။ နာမည်ကျော်သွားခဲ့တဲ့ နီနာနဲ့ အချစ်ရေးကလည်း လူပျိုကြီးဘဝကနေကျွတ်တော့မလိုလိုနဲ့ နီနာ (၂၅) ပြည့်တော့ပြတ်ပြန်တာပါပဲ။

(၂၁) နှစ်အရွယ် အာဂျင်တို်င်းမော်ဒယ် ကာမယ်လာ (Camila)

အခုလက်ရှိမှာတော့ (၂၁) နှစ်အရွယ် အာဂျင်တို်င်းမော်ဒယ် ကာမယ်လာ (Camila) နဲ့ငြိနေပြီး ကာမယ်လာရဲ့အမေက လီယိုထက် (၂) နှစ်ငယ်နေပြန်တာကလည်း ပြောစမှတ်ကျန်စေခဲ့ပါတယ်။ အခုတော့ သူနဲ့မှပဲ ဘဝအခြေကျတော့မလို ပုံစံမျိုးတွေကို လီယိုက ခင်းနေတာမြင်ရမှာဖြစ်ပြီး ချစ်သူကိုအချိန်တွေပေး၊ ဂရုစိုက်မှုတွေထားနေတာ တွေ့ကြရမှာပါ။

ဒါလည်း ကာမယ်လာတစ်ယောက် အသက် (၂၅) မပြည့်ခင်အထိပဲ အဆင်ပြေကြမဲ့အဖြစ်လား၊ လီယို အတည်တကျဖြစ်လို့ တကယ်အိမ်ထောင်ကျသွားမလား တွေးပူနေကြတဲ့ ပရိသတ်တွေဘက်က လီယိုတစ်ယောက် ပျော်သလိုသာနေပါစေတော့လို့သာ လွှတ်ထားလိုက်ရုံမှတစ်ပါး အခြားမရှိနိုင်တော့ပါဘူး။

Ref: 22words “Leonardo DiCaprio Has Never Dated a Woman Over 25 Years Old”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top