လယ်ကွင်းထဲက ဖားနှစ်ကောင်

blue-moor-frog-in-breeding-habitat-P8QWE67.jpg

တစ်ခါက လယ်သမားတစ်ဦးဟာ ညစဉ်ညတိုင်း ဖားအော်သံတွေကြောင့် အိပ်ရေးပျက်လို့နေပါတယ်။ တစ်နေ့တခြားပိုပြီးဆိုးရွားလာတာကြောင့် လယ်သမားကြီးဟာ အခုလိုပဲအကြံဉာဏ်ထုတ်လိုက်ပါတယ်။ ” ဒီဖားတွေကြောင့် ငါအိပ်ရေးပျက်ရပေါင်းများပီ။ ဒီဖားတွေကိုဖမ်းပြီး လမ်းထိပ်က စားသောက်ဆိုင်ကိုသွားရောင်းမယ်ဆိုရင်တော့ အိပ်ရေးဝဝလည်းအိပ်လို့ရမယ်။ အပိုဝင်ငွေလည်း ရနိင်တယ်ဆိုပြီး ဆုံးဖြတ်ချက်ချကာ လမ်းထိပ်မှာရှိတဲ့ စားသောက်ဆိုင်ကိုထွက်သွားခဲ့ပါတယ်။

စားသောက်ဆိုင်ကိုရောက်ပြီး ဆိုင်ပိုင်ရှင်ကိုတွေ့တဲ့အခါမှာတော့ “မိတ်ဆွေတို့ဆိုင်မှာ အမြည်းဟင်းလျာကောင်းကောင်းရောင်းချနိင်ဖို့အတွက် ကျွန်တော်ဖားတွေကို ဖမ်းပေးနိင်ပါတယ်။ အလိုရှိရင် ကျွန်တော့်ကိုပြောပါ “လို့ပြောလိုက်တဲ့အခါ ဆိုင်ရှင်ဖြစ်သူက ” ဖားဘယ်လောက်များများရှိလို့လဲ။ နေ့စဉ်ပုံမှန်ဖမ်းပေးနိင်ပါ့မလား ” လို့ပြန်မေးလိုက်တဲ့အခါ ” သိပ်ရှိတာပေါ့ဗျာ။ ကျွန်တော့်အိမ်ခေါင်းရင်းက လယ်ကွင်းထဲမှာ ဖားတွေအများကြီးရှိနေတယ်။ သူတို့အော်သံတွေကြောင့် ကျွန်တော် အိပ်မပျော်တာ ရက်ပေါင်းအတော်ကြာနေပြီ “လို့ပြန်ပြောလိုက်ပါတယ်။ “ကဲ ဒါဆိုရင်တော့ မနက်ဖြန်ကစပီးတော့ တစ်နေ့ကို ဖား (၁၀) ကောင်လောက် ဖမ်းလာခဲ့ပေးပါ” လို့ ပြောလိုက်ပါတယ်။

ညရောက်တဲ့အခါမှာတော့ လယ်သမားကြီးဟာ ခေါင်းရင်းမှာရှိတဲ့ လယ်ကွင်းထဲကိုဆင်းပီး အော်နေတဲ့ ဖားတွေကို ရှာဖွေပါတော့တယ်။ ဒီလိုနဲ့ နာရီအတော်ကြာရှာဖွေပီးနောက်မှာတော့ ဖားနှစ်ကောင်သာ ဖမ်းနိင်ခဲ့ပါတယ်။ ထပ်မံရှာဖွေပေမဲ့လည်း ရှာမတွေ့တော့တာကြောင့် မနက်မိုးလင်းတဲ့အခါ ဖမ်းမိတဲ့ဖားနှစ်ကောင်ကိုပဲ လမ်းထိပ်ရှိစားသောက်ဆိုင်ကို သွားပို့လိုက်ပါတယ်။

အဲ့ဒီအခါ ဆိုင်ရှင်ဖြစ်သူက “ဘယ်လိုဖြစ်ရတာတုန်း လယ်သမားကြီးရဲ့…မနေ့ကပြောတော့ အိပ်လို့မရအောင် အော်ဟစ်နေတဲ့ဖားတွေအများကြီးရှိတယ်ဆို။ အခုဖမ်းမိတော့ နှစ်ကောင်တည်းပဲလား ” လို့မေးလိုက်ပါတယ်။ အဲ့ဒီအခါ လယ်သမားကြီးက “ဟုတ်တယ်ဗျာ။ ကျွန်တော်ကြိုးစား ရှာဖွေပေမဲ့လည်း ဒီဖားနှစ်ကောင်ကလွဲပြီး ဘာမှထပ်မတွေ့တော့ဘူး။ ဒီဖားနှစ်ကောင်ကပဲ ကျွန်တော့်ကို အိပ်ရေးပျက်အောင် အော်နေကြတာပဲ။ အဲ့ဒါကို ကျွန်တော်က ဖားတွေအများကြီး အော်နေတယ်လို့ယူဆမိလိုက်တာ”ဟုဆိုကာ လက်ထဲမှာကိုင်ထားတဲ့ဖားနှစ်ကောင်ကိုပေးကာ ရှက်ရှက်နဲ့လာရာလမ်းအတိုင်းပြန်လှည့်လာခဲ့ပါတယ်။

ဒီအကြောင်းအရာလေးကနေပေးချင်တဲ့ အသိလေးတစ်ခုကတော့ ဘယ်ကိစ္စမဆို ထင်မြင်ချက်တစ်ခုတည်းနဲ့ အလွယ်တကူမဆုံးဖြတ်သင့်ဘဲ အကြောင်းအရာရဲ့ဖြစ်စဉ်ဇစ်မြစ်ကို ရှင်းရှင်းလင်းလင်းသိအောင် လေ့လာပြီးမှသာ ဆုံးဖြတ်သင့်ပါတယ်။ အဲ့ဒီလိုမှမဟုတ်ရင်တော့ မှန်းချက်နဲ့နှမ်းထွက်မကိုက်ဆိုသလို ထင်မှတ်ထားတာနဲ့လွဲပြီး အရှက်ရစရာတွေဖြစ်စေနိင်ပါတယ်။ ဖားနှစ်ကောင်ရဲ့အော်ဟစ်သံက လယ်သမားကြီးကိုအိပ်ရေးပျက်စေသလို ကျွန်တော်တို့အပြင်လောကမှာလည်း ပတ်ဝန်းကျင်ရဲ့ ပုတ်ခတ်မှုတွေ ဘေးစကားတွေက စိတ်ထိခိုက်စေနိင်တဲ့အခါများလည်းရှိပါတယ်။ အဲဒီလိုမျိုးကြုံတွေ့လာပြီဆိုရင် တတ်နိင်သလောက်လျစ်လျုရှုပြီးတော့ ကိုယ်လုပ်စရာရှိတာကိုပဲ အကောင်းဆုံးဆက်လက်လုပ်ဆောင်သင့်ပါတယ်။

Ref: “Noisy Frogs”

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top