ဆီးချိုရောဂါပညာပေးကုသရေးဌာနတွေကို ဆေးရုံကြီး ၃ ရုံမှာ တိုးချဲ့ဖွင့်လှစ်သွားမည်

local_05.jpg

Myanmar Diabetes Care Program ဖြင့် ဆောင်ရွက်လျက်ရှိသော ဆီးချိုရောဂါပညာပေးကုသရေးဌာန (Centers of Excellence in Diabetes)များကို မကွေးဆေးရုံကြီး၊ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးနှင့် မော်လမြိုင် ပြည်သူ့ဆေးရုံကြီးတို့တွင် တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း Novo Nordisk ၏ Country Manager Mr. Michael Chan က ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး HE.Mr.John Nielsen တို့ စက်တင်ဘာ ၁၇ ရက်က ဝန်ကြီးဌာန၏ ဧည့်ခန်းမတွင် တွေ့ဆုံစဉ် သံအမတ်ကြီးနှင့်အတူ လိုက်ပါလာခဲ့သော Novo Nordisk ၏ Country Manager က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ MDCP အစီအစဉ်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ဒိန်းမတ်နိုင်ငံမှ Novo Nordisk တို့မှ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး ဆီးချိုရောဂါပညာပေးကုသရေးဌာနများကို ရန်ကုန်ဆေးရုံကြီး၊ မန္တလေး ဆေးရုံကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီးနှင့် နေပြည်တော် ခုတင်(၁၀၀၀)ဆံ့ ဆေးရုံကြီးတို့တွင် ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်သည်။

ယခုကဲ့သို့ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးကလည်း ဖွင့်လှစ်ပြီးစီးသော ဆီးချိုရောဂါပညာပေးကုသရေး ဌာနများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို ပြန်လည်ဆန်းစစ်သုံးသပ်စေလိုကြောင်း၊ Novo Nordisk မှ ပံ့ပိုးမှုဖြင့် ပြုလုပ်ခဲ့သော ဆီးချိုလမ်းညွှန် Diabetes App သည် အသုံးဝင်အကျိုးရှိပြီး သွေးတိုးရောဂါအတွက် လည်း အလားတူ App များ ပြုလုပ်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top